ဘောလုံးသမားလီဒေါင်ဂွတ်ရဲ့ကလေးသုံးယောက်နဲ့အတူဆော့ကစားပေးခဲ့တဲ့SHINee အဖွဲ့ဝင်မင်ဟို

SHINee အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ မင်ဟိုဟာ မကြာသေးခင်က ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့လီဒေါင်ဂွတ်ရဲ့ ကလေးသုံးယောက်နဲ့အတူ ခရီးတိုတစ်ခုထွက်ခဲ့တယ်လို့သိရပါတယ်။ကလေးတွေနဲ့အတူခရီးတိုလေးထွက်ဖို့ကို ဧပြီလတုန်းက မင်ဟိုရဲ့အေဂျင်စီနဲ့လီဒေါင်ဂွတ်ရဲ့ကလေးတွေက ပူးပေါင်းပြီးစီစဉ်ခဲ့ကြတာပဲဖြစ်ပါတယ်။

လီဒေါင်ဂွတ်ဟာ နာမည်ကျော်ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်တဲ့အပြင် “The Return of Superman Variety” ရှိုးပွဲကိုလည်းကလေးငါးယောက်နဲ့အတူစီစဉ်ကျင်းပတဲ့သူ လည်းဖြစ်ပါတယ်။အဖေတွေက သားသမီးတွေကို အမေ မပါပဲ ၄၈နာရီ ပြုစုစောင့်ရှောက်ပေး ရတဲ့အစီအစဉ်တစ်ခုဖြစ်ပြီး ဘောလုံးသမားလီဒေါင်ဂွတ်က ကလေးတွေကို အမေမပါပဲ ဘယ်လိုစောင့်ရှောက်လဲဆိုတာ ပထမဆုံးပြသပေးခဲ့ရတဲ့ရှိုးပွဲတစ်ခုဖြစ်ပါတယ်။ တောင်ကိုရီးယားမှာနာမည်ကျော်ကြားတဲ့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာလည်းမင်ဟိုက သူတို့ရဲ့ အေဂျင်စီကို ကလေးတွေကိုဖိတ်ခေါ်ခဲ့ပြီး ကလေးတွေနဲ့အတူဆော့ကစားပျော်ရွှင်ခဲ့ကြပါတယ်။ပြီးတော့နာမည်ကျော်တစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့အခြေခံတွေကိုသင်ကြားပေးခဲ့တယ်လို့သိရပါတယ်။စက်တင်ဘာလအစောပိုင်းမှာတော့ ကလေးတွေဆီကိုရောက်လာခဲ့ပြီးခရီးတိုလေးတစ်ခုထွက်ခဲ့တာပဲဖြစ်ပါတယ်။

စက်တင်ဘာ၁၂ရက်နေ့တုန်းက လီဒေါင်ဂွတ်ရဲ့ အမျိုးသမီးဖြစ်သူဟာ ကလေးတွေနဲ့မင်ဟိုရဲ့ ဓာတ်ပုံကိုအင်စတာဂရမ်မှာတင်ခဲ့ပြီး SHINee အဖွဲ့ဝင်မင်ဟိုဟာ ရုပ်ရည်လည်းချောမောပြီး နွေးထွေးကြင်နာတတ်တဲ့အမျိုးသားတစ်ယောက်ပါပဲ။သူက ကလေးတွေနဲ့အတူဆော့ကစားနေတာ ကိုကြည့်ရတာ တကယ့်ကိုကြည်နူးစရာကောင်းပါတယ်။မင်ဟိုကလည်း ကလေးတွေကို သတိရနေခဲ့တယ်လို့ပြောပြလို့ ၀မ်းသာရပါတယ်။သူမရဲ့ကလေးတွေကလည်း သူတို့နှစ်သက်ကြတဲ့အဆိုတော်ကိုမြင်လိုက်ရလို့ အရမ်းကိုဝမ်းသာပျော်ရွှင်ခဲ့ပါတယ် လို့ရေးသားထားခဲ့ပါတယ်။

224 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.