ဒီလက္ခဏာတွေရှိနေပြီဆိုရင် သူသင့်ကိုလှည့်စားနေတာသေချာပြီ

ချစ်သူနှစ်ဦးကြားဆက်ဆံရေးက ရှုပ်ထွေးပြီး အထိခိုက်လွယ်ပါတယ်။
ကိုယ်ထင်ထားသလို အေးချမ်းတဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းသွား
နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ စိတ်ချင်းမတူတဲ့ လူနှစ်ဦးရဲ့ပေါင်းဆုံမှု
ဖြစ်တာကြောင့် သဘောထားအမြင်ကွဲလွဲတာလေးတွေရှိတာပေါ့။
ခံစားချက်တွေ အေးခဲသွားရင်တော့ လူတိုင်းဟာ relationship တစ်ခုကို
အဆုံးသတ်ဖို့ သတ္တိအလုံလောက်မရှိကြဘူး။ လိမ်လည်ခြင်းတွေနဲ့
သူတို့စတင်ကြပါတယ်။ ချစ်သူက ကိုယ့်အပေါ်လှည့်စားနေပြီလားဆိုတာ
သိနေမယ့် လက္ခဏာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

သူ့ဖုန်းကို သင်ယူကြည့်မိမှာ စိုးရိမ်နေသူ


သူ့ဖုန်းကို သင်ယူကိုင်ကြည့်လိုက်လို့ မလုံမလဲတွေဖြစ်ပြီး စိုးရိမ်နေရင်
ထူးဆန်းနေပါပြီ။ သင်ကတော့ အမှုမဲ့ အမှတ်မဲ့ ယူကိုင်လိုက်တာဖြစ်ပေ
မယ့် သူ့ရဲ့အမူအရာတွေက ချက်ချင်းပြောင်းလဲပြီး သင့်ကို အော်လိုက်
တာတို့၊ စိတ်ဆိုးတာတို့ဆိုရင် သင့်ကိုသူတစ်ခုခုဖုံးကွယ်ထားတာသေချာနေပါပြီ။

အလုပ်နောက်ကျမယ်လို့ မကြာခဏပြောလာခြင်း


တကယ်အလုပ်မပြီးပြတ်သေးလို့ နောက်ကျတဲ့လူတွေရှိပါတယ်။
ဒါဟာ တစ်ခါတစ်လေလောက်ပါပဲ။ အမြဲတမ်းကြီး ဘယ်သူမှအလုပ်ကို
နောက်ကျတဲ့ထိ မလုပ်နိုင်ပါဘူး။ ရုံးအလုပ်အကြောင်းပြပြီး အခြား
နေရာမှာ သွားရောက်ပျော်ပါးနေတာတွေရှိပါတယ်။ ဘာကြောင့်
သူဒီလိုလုပ်ရတာလဲ? သင်အေးဆေးအဖြေရှာပြီး သူနဲ့ဆွေးနွေးကြည့်ပါ။

အကြောင်းပြချက်မရှိဘဲ သဝန်တိုနေမယ်


တစ်ခါတစ်လေ သဝန်တိုခြင်းခံရတာ စိတ်ကျေနပ်စရာတစ်မျိုးကောင်း
ပါတယ်။ ချစ်သူဖြစ်ကာစမှာတော့ ဒါဟာ သာယာဖို့ကောင်းပေမယ့်
နောက်ပိုင်းနှစ်ကြာတဲ့အခါ စိတ်ပျက်ဖို့ကောင်းလာမယ်။ အရင်လို
သာယာစရာမကောင်းတော့ဘဲ ကိုယ့်ကိုအပြစ်ပြောနေတယ်လို့သာ
မြင်လာပါတော့တယ်။ သူက သင့်ကိုအကြောင်းပြချက်မရှိဘဲ အလကား
နေရင်း သဝန်တိုပြနေတယ်ဆိုရင် သတိထားစရာပါပဲ။

ကိုယ့်ဘက်က ဂရုစိုက်မှုကို စိတ်အလိုမကျခြင်း


ကိုယ့်ချစ်သူကို ဂရုစိုက်ပြဖို့ မကြာခဏမေ့လျော့တတ်ကြပါတယ်။
သတိရတုန်း ကိုယ့်ဘက်က ဂရုစိုက်ပြလို့ သူ့ဘက်က စိတ်အလိုမကျသလို
၊ ကိုယ့်ကိုအနားအကပ်မခံသလိုဖြစ်နေပြီဆိုရင် ဒီလိုဖြစ်ရတဲ့အကြောင်း
ရင်းကို သိအောင်လုပ်ပါတော့… ။

အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုမရှိ


ချစ်ခင်ခါစမှာတော့ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်ရတာကို
သဘောကျကြတယ်။ ဘယ်မှာနေမလဲ..ဘယ်လိုနေထိုင်ကြမလဲဆိုတာ
တွေပေါ့။ ဘယ်ကိုခရီးသွားကြမလဲ? မော်ဒိုက်လား… ဘယ်ဂျီယမ်လား ?
ဘာအိမ်မွေးတိရစ္ဆာန်လေးတွေ မွေးကြမလဲဆိုပြီး တိုင်ပင်ကြတယ်။
ဒီလိုတိုင်ပင်တာကို သူ့ဘက်က စိတ်ဝင်စားမှုမရှိတော့ဘူးဆိုရင် သင့်အနေနဲ့ စဉ်းစားသင့်ပါပြီ။

လက်ဆောင်တွေအများကြီးပေးခြင်း


လူတိုင်းလက်ဆောင်ရတာကို သဘောကျပါတယ်။ အထူးသဖြင့်
မိန်းကလေးတွေ လက်ဆောင်ရရင် အတိုင်းမသိပျော်နေတတ်ပါတယ်။
သင့်ချစ်သူက သင့်ကိုမကြာခဏလက်ဆောင်တွေ ပေးနေပြီလား?
အစပိုင်းမှာတော့ သင်လည်းစိတ်လှုပ်ရှားနေမှာမှန်ပေမယ့်
သူဘာတွေ သင့်အပေါ်ဖုံးကွယ်ထားမှန်းမသိနိုင်တဲ့အတွက် အရမ်း
ကောင်းပြနေရင် သတိသာထားပါတော့။

စကားလမ်းကြောင်းလွဲခြင်း


အလုပ်ကပင်ပန်းလာတဲ့အချိန်နဲ့ အိပ်ယာမဝင်ခင်အချိန်တွေမှာ
အရေးကြီးတဲ့စကားတွေကို မပြောသင့်ပါဘူး။ အချိန်ကောင်းကိုရွေးပြီး
အရေးကြီးစကားပြောတာတောင် သင့်ချစ်သူက ငြင်းဆန်နေမယ်၊
စကားလမ်းကြောင်းလွှဲနေမယ်ဆိုရင် သင်တို့နှစ်ယောက်ရဲ့ အနာဂတ်
ဟာ စိတ်ပူစရာပါပဲ။

သင့်ကို သူ့မိဘ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့အဆင်သင့်မဖြစ်ခြင်း


သင်ဟာ သူနဲ့အချိန်အကြာကြီးတွဲလာပေမယ့် သူ့အသိုင်းဝိုင်းထဲကလူ
တွေနဲ့ သင့်ကိုမမိတ်ဆက်ပေးသေးဘူးဆိုရင် ကိုယ်က သူ့အတွက်
ဘယ်လိုလူမျိုးလဲဆိုတာ စဉ်းစားဖို့လိုပါပြီ။ သူသာအလေးနက်ထားရင်
အချိန်ဆွဲမနေပါဘူး။ သင်ကမိတ်ဆက်ပေးဖို့ပြောရင် သူက
အဆင်သင့်မဖြစ်သေးတာတို့၊ ဆင်ခြေတွေပေးနေပြီဆိုရင်
သင်ဟာ သူ့အတွက်အရေးကြီးတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာသေချာနေပါပြီ။

516 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.