ကလေးဘ၀တည်းက သင်သိထားတဲ့အရာတွေထဲမှာ မှန်တာရှိသလိုမှားယွင်းနေတာတွေ လည်းရှိပါတယ်။အဲ့ဒါတွေက တစ်ခါတစ်လေမသိသာပေမဲ့ အချိန်တွေကြာလာတဲ့အခါ ကျန်းမာရေးကိုတောင်ထိခိုက်လာနိုင်ပါတယ်။ဘာတွေလဲဆိုတော့
၁။လူကြားထဲမှာ ပါးစပ်မပိတ်ပဲနှာချေခြင်း
နေမကောင်းဖြစ်နေရင်အိမ်မှာနားနေသင့်ပါတယ်။အပြင်ထွက်တဲ့အခါမှာလည်း လက်ကိုင်ပုဝါလေးဆောင်ထားသင့်ပါတယ်။သင်က လူကြားထဲမှာပါးစပ်မပိတ်ပဲချေမိတဲ့အခါ ရောဂါပိုးမွှားတွေကလေထုထဲကိုပျံ့နှံ့သွားပြီးတခြားသူတွေကိုကူးစက်နိုင်ပါတယ်။
၂။အိမ်သာသွားပြီးလက်မဆေးခြင်း
အိမ်သာအသုံးပြုပြီးတဲ့အခါမှာသင့်ရဲ့လက်ကိုစင်ကြယ်စွာဆေးကြောသင့်ပါတယ်။လက်မဆေးပဲ အစားအစာတွေကိုင်မိ၊စားမိတဲ့အခါမှာဘတ်တီးရီးယားပိုးမွှားတွေက ပါးစပ်ထဲကိုအလွယ်တကူဝင်ရောက်သွားပြီးနေမကောင်းဖြစ်စေပါတယ်။
၃။သွားတိုက်တံကိုပြီးစလွယ်ထားခြင်း
သွားတိုက်ပြီးသွားတိုက်တံကိုဒီအတိုင်းထားခဲ့ရင် သွားတိုက်တံမှာဘတ်တီးရီးယားပိုးတွေ အလွယ်တကူပေါက်ဖွားနိုင်ပါတယ်။နောက်တစ်ကြိမ်ပြန်တိုက်တဲ့အခါသင့်ရဲ့ ပါးစပ်ထဲကိုဝင်ရောက်သွားနိုင်ပါတယ်။အဲ့ဒါကြောင့်အဖုံးပါတဲ့သွာတိုက်တံဖြစ်စေ၀ယ်ပြီးအသုံးပြုသင့်ပါတယ်။သွားမတိုက်ခင်မှာလည်းသွားတိုက်တံကိုနေပူထဲခဏထုတ်ပေးသင့်ပါတယ်။
၎။လေ့ကျင့်ခန်းလုပ်ပြီး တော်တော်ကြာမှရေချိုးခြင်း
အိမ်မှာဖြစ်စေ၊လေ့ကျင့်ခန်းရုံမှာဖြစ်စေ လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်လောက် ကြာရင်ရေတန်းချိုးပေးပါ။တော်တော်ကြာမှရေချိုးမယ်ဆိုရင်ထွက်ထားတဲ့ချွေးတွေ၊ချွေးနံ့တွေကြောင့် ဘတ်တီးရီးယားပိုးတွေပေါက်ဖွားလာနိုင်ပါတယ်။ တကယ်လို့ရေချိုးဖို့အဆင်မပြေရင် အကျီတော့လဲဝတ်ထားသင့်ပါတယ်။
၅။ခဏခဏရေချိုးခြင်း၊လက်ဆေးခြင်း
အသန့်ကြိုက်တဲ့သူတွေဟာ ရေခဏခဏချိုးကြသလို လက်ကိုလည်းသန့်အောင် ဆိုပြီးခဏခဏဆေးလေ့ရှိပါတယ်။တကယ်တော့အဲ့ဒါဟာမှားယွင်းနေပါတယ်။ရေခဏခဏချိုးခြင်း၊လက်ခဏခဏဆေးခြင်းဟာ အသားအရည်ကိုခြောက်သွေ့စေပြီးဘတ်တီးရီးယားတွေ ပိုပြီးတောင်ဝင်ရောက်နိုင်ပါတယ်။
၆။ကိုယ်သုံးနေကျပစ္စည်းတွေကိုမသန့်ရှင်းခြင်း
အိမ်မှာအမြဲတမ်းသုံးနေကျပစ္စည်းတွေ၊ကိုင်နေကျပစ္စည်းတွေကိုလည်း သန့်ရှင်းအောင်လုပ်သင့်ပါတယ်။ဖုန်း၊ကွန်ပျူတာ၊ရီမု၊တံခါးလက်ကိုင်၊မျက်နှာသုတ်ပုဝါစတဲ့ပစ္စည်းတွေကို သန့်ရှင်းပေးရပါမယ်။၂၀၁၃တုန်းကလေ့လာတွေ့ရှိချက်အရ မိုဘိုင်းဖုန်းတွေဟာ ဘတ်တီးရီးယားတွေပေါက်ဖွားဖို့ကောင်းတဲ့နေရာတစ်ခုပဲလို့သိခဲ့ရပါတယ်။အဲ့ဒါကြောင့် ပစ္စည်းတွေကိုလက်ကိုသေချာသန့်စင်အောင်ဆေးပါ။ပစ္စည်းတွေကိုလည်းသန့်ရှင်းပေးပါ။
၇။မကြာခဏအသားအရည်ကိုချေးချွတ်ခြင်း
အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပစ်ဖို့ ချေးချွတ်ပေးရပါမယ်။ဒါပေမဲ့ ခဏခဏလုပ်နေရင် မကောင်းတော့ပါဘူး။ခဏခဏလုပ်နေမယ်ဆိုရင်အသားအရည်ပျက်စီးလာစေပါတယ်။အရေးအကြောင်းတွေလည်းပိုပြီးဖြစ်လာစေပါတယ်။တစ်ပတ်ကို ၂ခါလောက်ပဲချေးချွတ်ပေးသင့်ပါတယ်။ ချေးချွတ်ပြီးရင်လည်းလိမ်းနေကျကရင်မ်တစ်ခုခုလိမ်းထားပေးပါ။