အားလုံးစောင့်မျှော်နေတဲ့ MTV ကို ၁လပိုင်းမှာ ပရိသတ်ရှေ့အရောက်ပို့ပေးမယ့် Super Models အဖွဲ့

super_models.jpg

အီလက်ထရိုသီချင်းပုံစံဆန်းဆန်းလေးတွေနဲ့ ပါဖောင်းမန့်စ်အမိုက်စားလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ Super Models အဖွဲ့ကို အားလုံးသိပြီးဖြစ်မှာပါ။ ဆုနန္ဒာအောင်၊ ခေမာ နဲ့ ပန်းအိတိုပ သုံးယောက်ပေါင်း ဖွဲ့စည်းထားတဲ့ Super Models ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့အတူ ပရိသတ်အပေါ်မှာ ထားတဲ့စိတ်ခံစားချက်၊ သဘောထား ၊အမြင်လေးတွေကို ခုလိုမေးမြန်း ဖြစ်ခဲ့တဲ့အခါ

‘လတ်တလောမှာတော့  Super Models MTV အပြီးသတ်ဖို့ ကျန်တာလေးတွေ ရိုက်နေပါတယ်။ ရန်ကုန်နဲ့ နယ်ရှိုးပွဲတွေဆိုဖြစ် နေပါတယ်။ အခုလာမယ့် New Yearရှိုးမှာ ဖျော်ဖြေပေးဖို့ရှိပါတယ်။ Super Models MTV ကို ချစ်စရာကောင်းတဲ့ပုံစံမျိုး၊ ဟာသပုံစံနဲ့ နည်းနည်းဆန်းတဲ့ပုံစံမျိုးလေးတွေ ဆိုပြီး အမျိုးမျိုးရိုက်ကူးထားပါတယ်။ Super Models MTV ကို ၁လပိုင်းမှာ ထွက်ဖြစ်နိုင်မယ် လို့မှန်းထားပါတယ်။ MTV ထွက်ဖြစ်သွားရင်တော့ နောက်စီးရီးအတွက် ပြင်ဆင်ရမှာပေါ့။’လို့ သူတို့က ပြောပါတယ်။

နောက်ထပ် စီးရီးမှာ ဘယ် လိုမျိုးမြူးဇစ် ပုံစံတွေ ပါဝင်မယ်ဆိုတာကိုလည်း သူတို့က‘အခု Super Modelsမှာ ပရိသတ်က ဘယ်သီချင်းကိုပိုစိတ်ဝင်စား ၊အားပေးတယ်ဆိုတာကိုကြည့်ပြီးမှ ဆုံးဖြတ်ရမှာပါ။ ရှိုးတွေ ဆိုရတဲ့ အခါမှာ နောက်ဆုံးသော၊ Super Models ၊ အဆုံးအဖြတ် ဆိုတဲ့ သီချင်းသုံးပုဒ်ကတော့ ပရိသတ် အတောင်းဆိုခံရဆုံး သီချင်းတွေပါပဲ။ ရှိုးဆိုရတာ ဒီရန်ကုန်မှာထက် နယ်တွေမှာ ဖျော်ဖြေရတာ ပိုအားရတယ်။ နယ်ကလူတွေက ကိုယ့်ရဲ့ သီချင်းတွေ တော်များများကို သိပြီးလိုက် ဆိုနိုင်တယ်ဆိုတော့ ဆိုရတာပိုပြီးအားရှိစေတယ်လေ။ နယ်ကပရိသတ်တွေက ပိုပြီးအားပေးတယ် လို့ထင်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ပရိသတ်တွေကလည်း အားပေးကြပါတယ်။ အ၀တ်အစားပိုင်း ၊ပါဖော့မန့်စ် ပိုင်းနဲ့ပတ်သက်ပြီး ညီမတို့ သုံးယောက် အမြဲတိုင်ပင်ပြီးမှလုပ်တယ်။ ကိုယ့်ရဲ့ အ၀တ်အစား ၀တ်ဆင်ပုံနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အထူးတလည် ဝေဖန်တာ မျိုးတော့ မကြုံဘူးသေးပါဘူး ။ပရိသတ် ဝေဖန်မှာစိုးတဲ့အတွက်လည်း ညီမတို့ သုံးယောက်က အမြဲတမ်း ပွဲတစ်ပွဲမှာ ဖျော်ဖြေရတော့မယ်ဆိုရင် ကိုယ်ဆိုရမဲ့ နေရာနဲ့ ပရိသတ်တွေ ရဲ့အနေအထားက ဘယ်လိုပုံစံမျိုးတွေ ရှိနိုင်တယ်ဆိုတာ စဉ်းစားဆုံး ဖြတ်ပြီးမှ ၀တ်လေ့ရှိပါတယ်။ နယ်တွေမှာ သွားဆိုရမယ်ဆိုရင် ပရိသတ် အမြင်မရိုင်းစေတဲ့ လုံလုံခြုံခြုံရှိတဲ့ အ၀တ်အစား ၀တ်ဖြစ်ပြီး ရန်ကုန်မှာဆိုရင်တော့ ထူးခြားတဲ့ ပုံစံမျိုးလေးတွေ ဖြစ်အောင် တိုင်ပင်ပြီး မှဝတ်ဆင်ဖြစ်ပါ တယ်။ အဲဒါကြောင့် ပရိသတ်တွေရဲ့အားပေးမှု ခံရတယ်လို့ ထင်ပါတယ်။ ညီမတို့ Super Models MTV ထွက်လာရင် ပရိသတ်ကြီးအားပေးကြပါ။ ဝေဖန်ပေးကြပါဦး’လို့ ပြောပြသွားခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.