အလှပရေးရာနဲ့ပတ်သတ်ပြီး သိထားသင့်သော လွယ်ကူရိုးရှင်းသောနည်းလမ်းများ

မိန်းကလေးတိုင်းလှချင်ပါတယ်။ လှချင်ရင် ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့တော့
လိုတာပေါ့။ တစ်ချို့အရည်သွေးကောင်း အလှကုန်ပစ္စည်းတွေဟာ
သာမန်မိန်းကလေးတွေအတွက် လက်လှမ်းမှီလို့မရတဲ့အရာဖြစ်နေပါတယ်။
ဒါကြောင့် လွယ်ကူရိုးရှင်းပြီး တကယ်လည်းထိရောက်တဲ့ အလှပရေးရာ
နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါ။

လှပတဲ့ဆံကေသာအတွက်


သင့်ဆံပင်ဟာ အဆီပြန်တတ်တယ်ဆိုရင် အိမ်သုံးဆား(သို့)
(ပင်လယ်ဆား) ဆိုပိုကောင်းပါတယ်။ ဆားပမာဏာအနည်းငယ်ကို
နှစ်သက်ရာ ခေါင်းလျှော်ရည်ထဲထည့်လျှော်ခြင်းက သင့်ရဲ့ဆံပင်အရင်းမြစ်
တွေကို ခိုင်မာစေပြီး ဆံသားအဆီပြန်ခြင်းကိုလည်းထိန်းပေးနိုင်ပါတယ်။

ထူပြီးရှည်လျားတဲ့ မျက်တောင်မွှေး


မျက်တောင်ကော့ဆေးဗူးအဟောင်းတွေကို မလွှင့်ပစ်ပါနဲ့။ သေချာဆေးကြော
ပြီး ကြက်ဆူဆီ၊ ဗီတာမင် အီးနဲ့ ရှားစောင်းဂျယ်ကို ရောစပ်ထားတာကို
အသုံးပြုပေးပါ။ မျက်တောင်မွှေးနဲ့ မျက်ခုံးမွှေးနှစ်မျိုးလုံးအတွက် အသုံးပြု
နိုင်ပါတယ်။ တစ်လလောက် ညအိပ်ရာဝင်တိုင်း လိမ်းပေးပါက ထူးခြားလာ
တာကိုတွေ့ရပါလိမ့်မယ်။

မျက်ကွင်းညိုရင်


ကော်ဖီကြိုက်တယ်ဆို သောက်ပြီးသား ကော်ဖီအနှစ်တွေကို မလွှင့်ပစ်ပါနဲ့။
ကော်ဖီက သင့်မျက်လုံးကိုလန်းဆန်းစေပါတယ်။ အုန်းဆီနဲ့ကော်ဖီကို
ဆတူရောစပ်ပြီး မျက်လုံးတစ်ဝှိက်မှာ (၁၅)မိနစ်လောက်လိမ်းပေးထားပါ။
တစ်ပတ်ကို ၃-၄ကြိမ်လောက်လုပ်ပေးနိုင်ပါတယ်။

ချောမွေ့စိုပြေတဲ့ ခြေထောက်တစ်စုံ


သကြားက အသားရေချောမွေ့စေတဲ့ အကောင်းဆုံးပစ္စည်းတစ်ခုဖြစ်ပါတယ်။
အသားရေကို ဆိုးကျိုးလုံးဝမရှိစေဘဲ အမွှေးထွက်နှုန်းကိုလည်းလျော့နည်း
စေပါတယ်။ လီမွန်ရည်၊ သကြားနဲ့ ရေအနည်းငယ်ကိုရောစပ်ပြီး အသုံးပြုနိုင်
ပါတယ်။ အဝါရောင်ပြောင်းသည်အထိ ရောစပ်ပြီးသားအနှစ်ကိုအပူပေးပါ။
(၁၅)မိနစ်လောက် အရေပြားပေါ်လိမ်းပြီး
နောက်ရေဆေးချလိုက်ရင် ချောမွေ့တဲ့အသားရေကို ပိုင်ဆိုင်နိုင်ပါပြီ။

ဆားဝက်ခြံ


နှာခေါင်းနဲ့ မေးစေ့မှာရှိတဲ့ ဆားဝက်ခြံတွေအတွက် စိတ်ညစ်စရာမလိုတော့
ပါဘူး။ ရေနွေး၊ ဂျုံမှုန့်နဲ့ ပျားရည်အနည်းငယ်ရောစပ်ပြီးသားကို
ဂွမ်းနဲ့ယူကာ နှာခေါင်းနဲ့မေးစေ့တစ်ဝှိက် ၁ဝ-၁၅မိနစ်ထိထားပေးပါ။
တစ်ပတ်အတွင်း သိသာလာပါလိမ့်မယ်။

ဖြူဖွေးတဲ့ ဂျိုင်းအသားရေ


ဂျိုင်းအသားရေအတွက် အာလူးကအကောင်းဆုံးပါပဲ။ အာလူးကိုပါးပါးလေး
လှီးပြီး ပွတ်ပေးတာဖြစ်ဖြစ်၊ အာလူးရည်ပျစ်ပျစ်လေးနဲ့ ဂျိုင်းကိုသုတ်လိမ်းပေး
လို့ရပါတယ်။ တစ်နာရီခွဲလောက် ထားပေးဖို့လိုပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.