ဟယ်ရီပေါ်တာဇာတ်လမ်းထဲက တံမြက်စည်းပျံနဲ့ ရွှေဘောလုံးလိုက်ဖမ်းရတဲ့အခန်းကို ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်။အခု ဇာတ်လမ်းထဲကရွှေ့ဘောလုံးပျံနဲ့တစ်ပုံစံတည်းကို နယူးဇီလန်က Freeman Design ကုမ္ပဏီမှ ဒီဇိုင်နာတစ်ယောက်က အသေးစိတ်ပြင်ဆင်ပြီး ဆွဲကြိုးပုံစံ ထုတ်လုပ်ခဲ့တယ်လို့သိရပါတယ်။
ရွှေဘောလုံးနဲ့ဆွဲကြိုးကိုစံချိန်မီငွေရည်သတ္တုနဲ့လုပ်ထားတာဖြစ်ပါတယ်။ရွှေဘောလုံးပုံလော့ကတ်ထဲမှာတော့ စေ့စပ်လက်စွပ်၊လက်ထပ်လက်စွပ်ထည့်ဖို့အတွက် လက်စွပ်နေရာလေးလုပ်ထားတာ ကိုမြင်တွေ့ရပါတယ်။ရွှေဘောလုံးကိုဖွင့်ဖို့အတွက်ရွှေရောင်တုတ်တံလေးလည်းပါဝင်ပါတယ်။ဘောလုံးမှာ “I open at the Close” ဆိုတဲ့စာတန်းလေးပါ ထိုးထားတာကိုမြင်တွေ့ရပါတယ်။
ကိုယ့်ရဲ့ချစ်သူကို ဆန်းဆန်းပြားပြား လက်ထပ်ခွင့်တောင်းချင်တဲ့သူတွေအတွက် ထုတ်ထားတာဖြစ်ပြီး အမိုက်စားဒီဇိုင်းပါပဲ။ ပရိသတ်တွေမြင်တွေ့ရအောင် ဗီဒီယိုလေးပါဖော်ပြပေးလိုက်ပါတယ်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။