လူတစ်ယောက်ရဲ့ဆံပင်ပုံစံက မျက်နှာကိုအများကြီးပြောင်းလဲစေပါတယ်။
ဒီလိုပါပဲ.. မိန်းမတစ်ယောက်ရဲ့ဆံပင်ပုံစံဟာလည်း ယောက်ျားများစွာရဲ့
အမြင်ထဲ ဆွဲဆောင်မှုရှိနေဖို့လိုပါတယ်။ ဆံပင်ပုံစံစမတ်ကျနေရင်
မိန်းကလေးတစ်ယောက်ဟာ စိတ်ကျေနပ်မယ်၊ ယုံကြည်မှုပိုရှိလာစေတယ်။
တစ်ခါတစ်လေ ဘယ်လိုဆံပင်ပုံစံမျိုးရွေးရမှန်းမသိဘဲ အခက်တွေ့နေကြတာရှိပါတယ်။
ဒါကြောင့် ဆံပင်ဒီဇိုင်းနာ Larry Sims နဲ့ Matt Fugate တို့က
မိန်းကလေးတွေအကြိုက်တွေ့စေပြီး လိုက်ဖက်မယ့်ဆံပင်ပုံစံလေးတွေကို
စုစည်းဖော်ပြပေးထားပါတယ်။
တစ်ချို့က ဆံပင်အတို သိပ်မညှပ်ရဲကြပါဘူး။ မလိုက်ဖက်မှာကို စိုးရိမ်ကြ
ပါတယ်။ မျက်နှာသေးသွယ်တဲ့လူတွေအနေနဲ့ ညှပ်မယ်ဆိုရင်တော့
မျက်နှာပိုပေါ်လွင်စေပြီး ရဲရင်တဲ့အသွင်ကိုလည်းဆောင်စေပါတယ်။
ဒီလိုဂုတ်ဝဲဆံပင်ပုံစံလေးတွေကိုတော့ မိန်းကလေးတိုင်းသဘောကျသလို၊
လိုက်လည်းညှပ်လာကြတာတွေ့ရပါတယ်။ မိန်းကလေးတိုင်းလိုလိုနဲ့ လိုက်
ဖက်ပါတယ်။ ဆံပင်အတိုက လူကိုနုပျိုသွားစေသလို ခေါင်းလျှော်၊ ခေါင်း
ခြောက်အောင်လုပ်တဲ့အခါလည်း အချိန်သိပ်ပေးစရာမလိုတော့ဘူးပေါ့။ ဆံပင်အတို
ကိုမှ ကိုယ်ကြိုက်နှစ်သက်ရာအရောင်ထပ်တင်လိုက်ရင် ပိုကောင်းပါတယ်။
ဒီပုံစံလည်း အထက်ပါပုံနဲ့သိပ်မခြားပါဘူး။ အခုဒီဇိုင်းက step ပုံစံဖြစ်ပြီး
ဆံပင်က ဂုတ်နဲ့နည်းနည်းကျော်ပါတယ်။ သူလည်း မျက်နှာသွယ်တဲ့လူနဲ့
သာ လိုက်ဖက်မှုရှိပါတယ်။ တစ်ချို့ဆိုဆံပင်တစ်ပြေးတည်းနဲ့သာလိုက်ပြီး
step ညှပ်လိုက်ရင် မျက်နှာကျပုံနဲ့မလိုက်တော့တာတွေလည်းရှိပါတယ်။
ဒါကြောင့် သေချာစဉ်းစားပြီးမှ ညှပ်သင့်ပါတယ်။
ရေလှိုင်းပုံစံ ဆံပင်အကောက်ကတော့ မိန်းကလေးတိုင်းအသည်းစွဲပေါ့။
အဖြောင့်ထက်စာရင် ပြေပြေလေးကောက်နေတဲ့ဆံပင်ပုံစံဟာ
ပိုပြီးဆွဲဆောင်မှုရှိတာကြောင့် နေရောင်ထဲမှာဆို သိပ်လှပါတယ်။
ကိုရီးယား မင်းသမီးတွေအတော်များများ စမိတ်ပုံစံဆံပင်လေးတွေထားကြ
ပါတယ်။ ကြည့်လို့လည်းကောင်းသလို၊ ပိုနုသွားသလို ခံစားရပါတယ်။
စမိတ်ပုံစံဆံပင်ကလည်း မျက်နှာရွေးတာကြောင့် ညှပ်ချင်တယ်ဆိုရင်
ဆံပင်ကျွမ်းကျင်သူနဲ့ တိုင်ပင်တာဖြစ်ဖြစ် (သို့) ဆံပင်အတုဝယ်ပြီး ခေါင်းမှာ
စမ်းစွပ်ကြည့်ပါ။ လိုက်ဖက်မှုရှိတယ်ဆိုမှ ညှပ်ပါ။
တစ်ခါတစ်လေတော့လည်း ရှုပ်ပွနေတဲ့ ဆံပင်စတိုင်လ်လေးတွေဟာ
တစ်မျိုးဆွဲဆောင်မှုရှိနေပြန်ပါတယ်။ ပွယောင်းယောင်း အမြင့်ဆံပင်အထုံး
လေးတွေ၊ ကျစ်ဆံမြှီးလေးတွေက သင့်ကိုပုံမှန်ထက် ဆန်းသစ်တဲ့အသွင်ကို
ဆောင်စေပါတယ်။ လည်ပင်းအပြဲနဲ့ ဆံပင်စုစည်းထားခြင်းဟာ မိန်းကလေး
တိုင်းရဲ့အဓိက ဆွဲဆောင်မှုပုံစံတစ်မျိုးဆိုလည်း မမှားပါဘူး။
ဒါကတော့ ဆံပင်ကိုသိမ်းပြီိး ရိုးရိုးစုထုံးထားခြင်းသာဖြစ်ပါတယ်။
ဆံပင်အရှည်ဆို ပိုကောင်းပါတယ်။ ဒီလိုဆံပင်ကို အနိမ့်ပုံစံလေး စုစည်း
ထားခြင်းဟာလည်း တစ်မျိုးဆွဲဆောင်မှုရှိစေပါတယ်။