တောင်ကိုရီးယားနိုင်ငံမှ နာမည်ကျော်အဆိုတော်သီချင်းရေးဆရာတစ်ယောက်ဖြစ်တဲ့Park Jin Young ခေါင်းဆောင်ကျင်းပတဲ့ မြူးဇစ်တော့ခ်ရှိုးမှာ ဧည့်သည်အဖြစ်လာရောက်ဖို့ EXOအဖွဲ့ကိုဖိတ်ကြားခဲ့တယ်လို့သိရပါတယ်။EXOအဖွဲ့ကလည်းလက်ခံကြောင်းအတည်ပြုခဲ့ပါတယ်။
EXOအဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့SMအင်တာတိန်းမန့်က “EXOအဖွဲ့ဟာ Park Jin Youngရဲ့  “Party People” တော့ခ်ရှိုးမှာ ပူးပေါင်းဆင်နွှဲမှာဖြစ်ပြီး သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Power” သီချင်းနဲ့ဖျော်ဖြေတင်ဆက်ဦးမှာဖြစ်ပါတယ်”လို့ကြေညာခဲ့ပါတယ်။
EXO ဟာ ယောက်ျားလေး၁၂ယောက်နဲ့ဖွဲ့စည်းထားတဲ့ကိုရီးယား-တရုတ်မြူးဇစ်အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။သူတို့အဖွဲ့က ၂၀၁၁တုန်းကစတင်ဖွဲ့စည်းထားတာဖြစ်ပြီး အခုချိန်မှာတော့ လူငယ်ပရိသတ်ရဲ့ အားပေးမှုကို အထူးရရှိထားတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ကြိုးစားမှုကြောင့် ဆုတွေလည်းအများကြီးရရှိထားတယ်လို့သိရပါတယ်။
ဂျေဝိုင်ပီက စီစဉ်တင်ဆက်တဲ့“Party People” အစီအစဉ်ကိုစက်တင်ဘာလ တနင်္ဂနွေနေ့တိုင်း ကိုရီးယားရုပ်သံဌာနမှထုတ်လွှင့်ပြသပါတယ်။ EXOအဖွဲ့ရဲ့ အစီအစဉ်ကတော့ စက်တင်ဘာ၁၁ရက်နေ့မှာစတင်ပြသမှာပဲဖြစ်ပါတယ်။