ကမ္ဘာကျော် rock ဂီတအဖွဲ့ Rolling Stones ရဲ့ဂစ်တာသမား Keith Richards ဟာ ‘Pirates of the Caribbean” ဇာတ်လမ်းတွဲမှာ ကပ္ပတိန် Jack Sparrow ရဲ့အဖေအဖြစ် တတိယအကြိမ်မြောက် ပါဝင်သရုပ်ဆောင်ဦးမယ်လို့ဆိုပါတယ်။ ဒီတစ်ခါမှာတော့ Keith Richards ကြီးက ဇာတ်ကားရဲ့အရေးကြီးတဲ့ အခန်းတွေမှာပါဝင်ရမှာဖြစ်ပါတယ်။
Daily Mail ရဲ့အဆိုအရတော့ Johnny Depp က Jack Sparrow အဖြစ်ပါဝင်ဦးမှာဖြစ်ပါတယ်။ ၂၀၁၄ အောက်တိုဘာမှာ စတင်ရိုက်ကူးမှာဖြစ်ပြီး နောက်တစ်နှစ်မှာတော့ ရုပ်ရှင်ကိုဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။
Pirates of the Caribbean ရဲ့ပဉ္စမကြိမ်မြောက် ဇာတ်လမ်းတွဲဖြစ်တဲ့ ‘Dead Men Tell No Tales” ဟာ လျှိုဝှက်လက်နှက်တစ်ခုရှာဖွေတဲ့ခရီးစဉ်အပေါ်အခြေခံထားတာဖြစ်ပြီး Richards ရဲ့ဇာတ်ကောင် Teague ကအဲဒီ့လက်နှက်အကြောင်း ကိုသိထားတဲ့သူဖြစ်ပါတယ်။
Richards ဟာ ၂၀၀၇ခုနှစ်မှာ ‘At World End’ နဲ့ ၂၀၁၁ခုနှစ် ‘On Stranger Tides’ ဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၃ခုနှစ် “The Curse of the Black Pearl” ကစပြီး သူမတူတဲ့ဇာတ်ကောင်အဖြစ် ပရိတ်သတ်တွေမြင်တွေ့ခဲ့ရတဲ့ Jack Sparrow ဟာ ဂစ်တာသမားကြီး Keith Richards ဆီကစိတ်ကူးရပြီးဖြစ်လာတာလို့ Johnny Depp က၀န်ခံထားတာဖြစ်ပါတယ်။
“ဒါဟာပျော်စရာကောင်းပြီးအပြောင်းအလဲတစ်ခုလဲဖြစ်ပါတယ်။ ထူးခြားဆန်းပြားတဲ့အခြားကမ္ဘာတစ်ခုပေါ့” လို့ Keith Richards ကသူ့ရဲ့ဇာတ်ကောင်နဲ့ပါတ်သတ်ပြီးပြောပြပါတယ်။
Ref:ultimateclassicrock