မိန်းကလေးတွေရဲ့စိတ်နေစိတ်ထားကို နားလည်အောင်လုပ်ခြင်းဟာ
အလွန်ပင်ခက်ခဲပါတယ်။ မိန်းမတစ်ယောက်ရဲ့နှလုံးသားကို အရယူနိုင်တဲ့
ယောက်ျားတစ်ယောက်ရဲ့ပြည့်စုံမှုဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက်အမြင်ပေါ်မှာပဲ မူတည်ပါတယ်။
ဒီတော့ မိန်းကလေးအများစု နှစ်သက်သဘောကျရတဲ့ ယောက်ျားလေးတွေ
ရဲ့ဆွဲဆောင်မှုကို ဖော်ပြပေးလိုက်ပါတယ်။
ယောက်ျားပီသခြင်း
ခံနိုင်ရည်ရှိမှု၊ သဘောထားကြီးမှု ၊ သတ္တိနဲ့ မြင့်မြတ်ခြင်းတွေနဲ့ပြည့်စုံတဲ့
ယောက်ျားတစ်ယောက်ကို ယောကျာ်းပီသတယ်လို့ သတ်မှတ်ထားကြပါ
တယ်။ ဒီလိုစရိုက်လက္ခဏာနဲ့ ပြည့်စုံတဲ့ယောက်ျားလေးတစ်ယောက်ကို
ဘယ်မိန်းကလေးမှ မလွန်ဆန်နိုင်ပါဘူး။
ဟာသဥာဏ်ရွှင်ခြင်း
ပျော်စရာကောင်းတဲ့ ဟာသတွေပြောတတ်တဲ့လူကို ဘယ်သူမဆိုချစ်ခင်
ကြပါတယ်။ ဟာသလုပ်တတ်တဲ့လူတစ်ယောက်ဟာ အထင်ကြီးခံရတတ်
ပါတယ်။ အကယ်၍သင်ဟာ ဟာသဥာဏ်ရွှင်တဲ့လူတစ်ယောက်ဆို
မိန်းကလေးတွေရဲ့နှလုံးသားကိုအနိုင်ယူနိုင်တဲ့ အားသာချက်တစ်ခုပါပဲ။
ဂရုစိုက်တတ်ခြင်းနဲ့ အာရုံစူးစိုက်မှုရှိခြင်း
ဂရုတစိုက်လုပ်ပေးတတ်တဲ့လူတစ်ယောက်ကို လူတိုင်းသဘောကျကြပါ
တယ်။ ဒီလိုယောက်ျားမျိုးဟာ အနာဂတ်မှာ သူမကလေးတွေအတွက်
ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်လို့ မိန်းကလေးတွေက သတ်မှတ်ထားပါတယ်။
ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ အားအင်အပြည့်ရှိသူ
ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ အားအင်အပြည့်ရှိတဲ့ ယောက်ျားလေးတွေကို
တစ်ချို့မိန်းကလေးတွေက သဘောကျပါတယ်။ ဆုံးဖြတ်ပြီးသားကိစ္စတစ်ခု
အတွက် တာဝန်မယူချင်တဲ့ယောက်ျားမျိုးကို မိန်းကလေးတွေက မနှစ်သက်
ဘူး။ သင်ဟာ မိန်းကလေးတစ်ယောက်ရဲ့အာရုံစိုက်မှုကို လိုချင်တယ်ဆိုရင်
တော့ သင်ဟာရည်မှန်းချက်ကြီးမားပြီး စိတ်ဓာတ်ပြတ်သားနိုင်ဖို့လိုပါတယ်။
သဘောထားကြီးခြင်း
သဘောထားကြီုးတဲ့ယောက်ျားတစ်ယောက်ကို မိန်းကလေးတွေသဘော
ကျပါတယ်။ တစ်ခုခုဆို စိတ်မဆိုးတတ်ဘဲ နားလည်ပေးနိုင်တဲ့ ယောက်ျား
လေးမျိုးကို မိန်းကလေးတွေပိုချစ်ခင်ပါတယ်။
ရိုမန်တစ်ဆန်ခြင်း
ရိုမန်တစ်ဆန်တဲ့ ယောက်ျားတစ်ယောက်ကိုတော့ ဘယ်မိန်းကလေးမှမငြင်း
နိုင်ပါဘူး။ သူဟာ မိန်းမတစ်ယောက်ကို အံ့သြစရာတွေအပြည့်သာပေးနေ
တတ်တဲ့လူတစ်ယောက်မို့ အချစ်လျော့သွားမှာကိုတော့ စိတ်ပူစရာမလိုဘူးပေါ့။