အိမ်အတွင်းပိုင်းပုံစံပြောင်းချင်ပေမယ့် ဘယ်လိုပုံစံပြောင်းရမှန်းမသိတဲ့လူတွေ
အတွက် ကျွမ်းကျင်တဲ့ ဒီဇိုင်းပညာရှင်တွေက ပြောင်းလဲပုံနည်းလမ်းလေးတွေကို
ဖော်ပြပေးထားပါတယ်။
ထင်ရှားပေါ်လွင်တဲ့ နံရံ
သင့်ရဲ့နံရံကို အရောင်သွေးစုံစုံနဲ့ ကြည့်ကောင်းအောင်လုပ်ချင်ရင် နံရံတိုင်းကို
လိုက်ပြီးဆေးသုတ်နေစရာမလိုပါဘူး။ ရိုးရိုးဆေးသုတ်ထားတဲ့နံရံမှာပဲ
သစ်သားဘောင်ကွက်လေးတွေလိုက်ပြီး အလှဆင်လို့ရပါတယ်။
လှပတဲ့ ပရိဘောဂပစ္စည်းတွေ
အကြည်ရောင် ထိုင်ခုံနဲ့ ရိုးရှင်းတဲ့စားပွဲက အမြင်တော့ရိုးပေမယ့် တစ်မျိုးလေး
ဆွဲဆောင်မှုရှိပါတယ်။ အလင်းရောင်များပြီး လေဝင်လေထွက်ကောင်းတဲ့
နေရာလေးမှာထားပါက ပိုပြီးလှပါတယ်။
ကိုယ်တိုင်လုပ် စားပွဲ
ရိုးရှင်းတဲ့ထိုင်ခုံတစ်လုံးကို သစ်သားအနည်းငယ်နဲ့ ဒီဇိုင်းအသစ်ထွင်လို့ရပါ
တယ်။ ပုံထဲက ဒီဇိုင်းဆိုအမြင်ဆန်းစေပါတယ်။
ပြတင်းပေါက်ပုံစံ မှန်တံခါးဘောင်
နေရာကျယ်ကျယ်ရှိတယ်ဆိုရင် ပြတင်းပေါက်ပုံစံ မှန်းတံခါးဘောင်ကို
သင်နှစ်ကြိုက်သလို ဒီဇိုင်းထွင်နိုင်ပါတယ်။ အခန်းကိုပိုပြီးကြည့်ကောင်းအောင်
လုပ်ပေးသလို၊ မသိရင် တကယ့်ပြတင်းပေါက်နဲ့တူပါတယ်။
အပင်
အိမ်ထဲမှာ အပင်လေးတွေထားပေးခြင်းကလည်း အိမ်ခန်းကိုပိုပြီး ကျက်ကရေ
တိုးစေပါတယ်။ စိမ်းလန်းစိုပြေမှုရှိပြီး အိမ်ကိုကျက်သရေတိုးစေပါတယ်။
တစ်မူထူးခြားတဲ့ မီးကြိုးလေးတွေ
ကိုယ့်အိပ်ရာဘေးနားက နံရံမှာ မီးကြိုးလေးတွေ စီသွယ်ပြီး ကိုယ်ချစ်တဲ့သူတွေ
ရဲ့ ဓာတ်ပုံလေးတွေ တွယ်ချိတ်ထားနိုင်ပါတယ်။ ဒါကလည်း တစ်မျိုးအမြင်
ဆန်းတဲ့ ဒီဇိုင်းတစ်ခုပါပဲ။
အခန်းခြားခြင်း
ကိုယ့်အခန်းက ကျယ်တယ်ဆိုရင် အခန်းခြားတဲ့ပုံစံကလည်း သင့်ရဲ့အခန်းကို
ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ခြားဖို့အတွက် ဗီရိုတစ်လုံး ဒါမှမဟုတ် နည်းနည်း
ကြီးတဲ့ စာအုပ်စင်နဲ့ပဲဖြစ်ဖြစ် ခြားလို့အဆင်ပြေပါတယ်။