ဂရန်းကင်ညွန်ချောက်နက်ကြီးဟာ အမေရိကန်ပြည်ထောင်စု၊အရီဇိုးနားပြည်နယ် မှာတည်ရှိတဲ့ ကမ္ဘာ့မတ်အစောက်ဆုံးနဲ့ အရှည်လျားဆုံးချောက်နက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကော်လိုရာဒို မြစ်က ဖြတ်သန်းစီးဆင်းနေပြီး ဒီချောက်ကြီးနဲ့ ပတ်ဝန်းကျင်ကို ဂရန်းကင်ညွန်အမျိုးသားပန်းခြံ က ထိန်းသိမ်း စောင့်ရှောက်နေတာပါ။ ဂရန်းကင်ညွန်ဟာ အရှည် ၂၇၇ မိုင်၊ ချောက်အကျယ် ၁၈မိုင်၊ အနက် ပေ ၆၀၀၀ ကျော် ရှိပြီး ကမ္ဘာ့အံဖွယ်ခုနှစ်ခုမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
ဂရန်းကင်ညွန်ချောက်နက်ကြီးရဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ က မြူတွေဖုံးပြီး အပူချိန်ပြောင်းပြန်ဖြစ်မှု ဖြစ်စဉ်အတွင်း မှာ ရင်သပ်ရှုမောလှပတဲ့ မြင်ကွင်းတွေကို ဂရန်းကင်ညွန်အမျိုးသားပန်းခြံထိန်းသိမ်းရေးအဖွဲ့ ရဲ့ facebook page မှာ မနေ့ ကဖော်ပြခဲ့ပါတယ်။ အပူချိန်ပြောင်းပြန်ဖြစ်မှု ဖြစ်စဉ်ဆိုတာ အမြင့်ကိုတက်လေ အပူချိန်ကျလေ ဖြစ်တဲ့ သမားရိုးကျအပူချိန်နိယာမကနေ ပြောင်းပြန်ဖြစ်ပြီး အမြင့်တစ်နေရာမှာ ပူနွေးတဲ့လေထုက အေးမြတဲ့ လေထုကို အပေါ်ကဖုံးအုပ်ထားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီ့ထူးခြားတဲ့ မိုးလေ၀သဖြစ်စဉ်အတွင်း ချောက်ကြီးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဒီဇင်ဘာ ၂ ရက်နေ့ က ထုတ်ပြန်ပေးလိုက်ပါတယ်။
Grand Canyon on Nov. 29,
Grand Canyon on Nov. 29, 2013
Grand Canyon on Nov. 29, 2013
Ref: www.people.com