လက်မထပ်ခင် သေချာစဉ်းစားသုံးသပ်သင့်တဲ့အချက်များ

ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်ချင်တယ်ဆိုရင်
တော့ တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိဖို့တော့
လိုတာပေါ့။ လက်မထပ်ခင် သေချာစဉ်းစားသုံးသပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဝါဿနာပါရာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်


လက်မထပ်ခင် စဉ်းစားရမှာတစ်ခုက ကိုယ်ချစ်တဲ့သူရဲ့ဝါဿနာကို
ကိုယ်,ကိုယ်တိုင်ရော စိတ်ဝင်စားမှုရှိရဲ့လားဆိုတာပါပဲ။ သူဝါဿနာပါတာ
က သင့်အတွက် ရူးကြောင်ကြောင်ဖြစ်နေပါစေ..သင်ဒါကို ကြည်ကြည်
ဖြူဖြူလက်ခံနိုင်လားဆိုတာ စဉ်းစားဖို့လိုပါတယ်။ သင်တို့ဟာ စိတ်ချင်းနီး
စပ်မှ နှစ်ယောက်ကြားသံယောဇဉ်ဟာ ပိုအမြစ်တွယ်နိုင်ပါမယ်။ နောက်ပြီး
ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာလည်း ပေးထားဖို့လိုပါတယ်။ အိမ်ထောင်ကျ
ပြီဆိုတော့ အရင်လို လူလွတ်တိုင်းနေထိုင်လို့မရတော့ပေမယ့်
နှစ်ယောက်ကြားနားလည်မှုရှိရင် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာကို
အတိုင်းတာတစ်ခုအနေနဲ့ ပေးသင့်ပါတယ်။

အားသာချက် နဲ့ အားနည်းချက်


ချစ်သူရဲ့အားနည်းချက်ကို သိနိုင်ဖို့ဆိုတာ နှစ်တွေအများကြီးကြာချင်လည်း
ကြာတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ဆို စတွဲတည်းက တစ်ယောက်
အားနည်းချက် တစ်ယောက်သိပြီး လက်ခံချစ်လာကြတာတွေလည်း ရှိပါ
တယ်။ ဒီလိုဆို အကောင်းဆုံးပဲပေါ့။ အိမ်ထောင်ကျပြီဆိုတာနဲ့
ဒါတွေကို သင်အနေနဲ့တစ်သက်လုံးလက်ခံရတော့မှာမို့ သေချာစဉ်းစားဖို့လိုပါတယ်။

ကလေးယူဖို့


ဒါကတော့ အဓိကမေးခွန်းပါပဲ။ သင်က ကလေးဘယ်နယောက်လိုချင်တာ
လဲ? ဘယ်အချိန်မှာ ကလေးယူဖို့အသင့်တော်ဆုံးလဲ? သင်ဟာ မိဘတွေနဲ့
အတူနေထိုင်သူလား (သို့) အိမ်ခွဲနေသူလား ? သင်က ကလေးတစ်ယောက်
ပဲလိုချင်တာလား (သို့) အများကြီးလား? နောက်ဆုံးမေးခွန်းကတော့
ဖြေဖို့လွယ်မယ်လို့ ထင်ပါတယ်။ ကလေးယူပြီဆိုတာနဲ့ အသုံးစရိတ်တွေ
က အရင်ထက်မြင့်တက်လာမယ်။ ပိုပြီးလည်း အလုပ်ရှုပ်လာမယ်။
စီမံခန့်ခွဲမှုပိုင်းတွေလည်း ပိုပြီးစနစ်ကျသေသပ်ဖို့လိုလာပါလိမ့်မယ်။

ပိုက်ဆံ


တွဲနေတုန်းအချိန်မှာတော့ ငွေရေးကြေးရေးပိုင်းတွေကို သေချာစိစစ်ခြင်း
မရှိဘဲ မျှဝေသုံးစွဲကြတာပါပဲ။ ဒါပေမယ့် အိမ်ထောင်ကျတဲ့အခါ မတူတော့
ပါဘူး။ ခုခေတ်မှာ ဝင်ငွေပမဏာက ကွဲပြားလာပြီမို့ သေချာစီမံနိုင်ဖို့လိုပါ
တယ်။ ဒီခေတ်မှာ မိန်းကလေးတွေပါ အပြင်ထွက်ပိုက်ဆံရှာနေပြီဆိုတော့
နှစ်ယောက်လုံးအတွက် အဆင်ပြေစေမယ့် ဝင်ငွေ ၊ထွက်ငွေ ပမာဏကို
စိစစ် စီမံသင့်ပါတယ်။

ယုံကြည်မှုနဲ့ သဝန်တိုမှု


ယုံကြည်မှုဆိုတာလည်း ရှိသင့်သလောက်ရှိမှဖြစ်ပါမယ်။ ခုခေတ်မှာ
ဖောက်ပြန်တဲ့ကိစ္စတွေက များလာတော့ လင်မယားတွေကြား သံသယ
ဝင်မှုတွေရှိလာနိုင်ပါတယ်။ ယုံကြည်ပါ..ရှိသင့်ရှိထိုက်တဲ့ ယုံကြည်မှုမပေးနိုင်
ရင်လည်း ကိုယ်ပဲစိတ်ဆင်းရဲရမယ်တဲ့။ ကိုယ်မရှိတဲ့အချိန်တောင် စိတ်မချ
ရတဲ့လူတစ်ယောက်ကို တစ်ဘဝလုံးစာလက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင်
ပြန်စဉ်းစားဖို့လိုနေပြီနော်။ ကိုယ့်ချစ်သူက ကိုယ်ယုံကြည်ရတဲ့သူ
တစ်ယောက်ဖြစ်ပါစေ။

အနာဂတ်


သင်တို့နှစ်ယောက်ရဲ့အနာဂတ်ကို ဘယ်လိုဖြစ်စေချင်လဲ?
ပျော်ရွှင်စရာကောင်းတဲ့ ပန်းချီကားတစ်ချပ်လို ပြန်ကြည့်လိုက်တိုင်း
ကြည်နူးနေရတာမျိုးပဲလိုချင်မယ်ထင်ပါတယ်။ သင်တို့နှစ်ယောက်အနာဂတ်
မှာ အတူတူလုပ်ချင်တဲ့အရာတွေကို စာရွက်မှာချရေးပြီး စာရင်းပြုစုပါ။
ဘာမဆိုရေးနိုင်ပါတယ်။ သင့်ရဲ့မင်္ဂလာပုံစံ၊ သင့်ရဲ့အိမ်..ကလေး..နဲ့
ခရီးသွားခြင်း စသဖြင့်ပေါ့။ သင့်ရဲ့အနာဂတ်အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ပါစေ။

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.