ဂီတလောကမှာ(၇)နှစ်လောက်အနားယူခဲ့တဲ့ အဆိုတော် ရေဗက္ကာဝင်း ဟာဆိုရင် သူမရဲ့ပထမဆုံးတစ်ကိုယ်တော်ခွေကို ကချင်ဘာသာစကားနဲ့ထုတ်ဖို့ စီစဉ်နေပါတယ်။ သူမရဲ့အခွေကို အောက်တိုဘာလ မှာထွက်မှာဖြစ်တယ်လိုလည်း သိရပါတယ်။ သူမရဲ့ဂီတနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေကို အခုလိုမေးဖြစ်ခဲ့ပါတယ်။
Q.မင်္ဂလာပါ ရေဗက္ကာ မတွေ့တာကြာပီဆိုတော့ ဘာတွေလုပ်နေလဲ။
အခုလာမယ့် အောက်တိုဘာမှာ ရေဗက္ကာရဲ့ ပထမဦးဆုံးတစ်ကိုယ်တော်အနေနဲ့ ကချင်ဘာသာစကားနဲ့ သီဆိုထားတဲ့ အခွေလေးထွက်ဖို့ရှိပါတယ်။
Q.ဂီတလောကမှာ ခဏတာအဆက်အသွယ်ပျက်သွားတာ ဘာကြောင့်လဲ။
ရေဗက္ကာ ၂၀၁၀ ကနေစပြီးတော့ တခြားအလုပ်ကိုပြောင်းလိုက်တဲ့အခါမှာ ရေဗက္ကာ ရှိုးတွေလည်းမဆိုဖြစ် တော့ဘူး။ အတွဲခွေတွေမှာလည်း မပါဖြစ်တော့ဘူး။ အဲတော့ ပရိသတ်နဲ့ အဆက်အသွယ်ပျက်သွားတာပေါ့။
Q.ရေဗက္ကာကို မျှော်နေတဲ့ပရိသတ်တွေအတွက် ရှိုးတွေရော ပြန်ဆိုဖို့ရှိလား။
ရေဗက္ကာ စင်ပေါ်တက်ပြီး သီချင်းမဆိုတာ ၇နှစ်လောက်ရှိသွားတော့ အခုချိန်မှာစင်ပေါ်တက်ပြီး သီချင်းဆိုဖို့ပြန်ကြောက် နေတယ်။ဘာဖြစ်လို့လည်းဆိုတော့ စင်ပေါ်တက်တယ်ဆိုတာကလည်း တော်တော်လေးအားမွေးပြီး တက်ခဲ့ရတာဆိုတော့ အမြဲတမ်းစင်ပေါ်တက်နေကျဆိုရင် ဘာမှမဖြစ်ပေမယ့် မတက်တာကြာတော့ စိတ်ပြန်လှုပ်ရှားရပါတယ်။ သီချင်းတွေကတော့ဆိုနေချင်တုန်းပါပဲ။ ရေဗက္ကာရဲ့ အသွေးအသားထဲကကိုယ် ဝါသနာပါတဲ့အရာတစ်ခုဖြစ်တယ်။ ဆိုခွင့်ရှိရင်တော့ ဆိုဖြစ်မှာပါ။
Q.မြန်မာလိုသီချင်းခွေရော ထုတ်ဖို့အစီအစဉ်ရှိလား။
လုပ်ချင်ပါတယ်။ အခုကဈေးကွက်သိပ်မကောင်းတော့ အဆင်ပြေတဲ့အချိန်တတ်နိုင်တဲ့အချိန်တော့ ရေဗက္ကာရဲ့ပရိသတ်တွေအတွက် ခွေထုတ်ချင်ပါတယ်။
Q.အခုခေတ်မှာက Online ကနေ့သီချင်းတွေ ရောင်းလိုရတော့ အဲလိုရောမလုပ်ချင်ဘူးလား။
အခွင့်အခါသင့်ရင်တော့ လုပ်ဖြစ်ချင်လုပ်ဖြစ်မှာပါ။ လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။
Q.ခုနကပြောတယ်လေ အခြားစီပွားရေးတစ်ခုလုပ်နေလို့ ဂီတကိုမလုပ်ဖြစ်တာဆိုတော့ ဘာတွေလုပ်နေတာလဲ။
အမျိုးသားရဲ့အလုပ်မှာပဲ အတူတူလုပ်ဖြစ်နေတာပါ။
Q.အရင်တုန်းကလို ပြိုင်ပွဲတွေမှာရောဒိုင်လုပ်ဖို့အစီအစဉ်ရှိလား။
အခုနောက်ပိုင်းတော့ မလုပ်ဖြစ်ဘူး။ရေဗက္ကာ အလုပ်တွေနဲ့သိပ်မအားတော့လေ။ ကမ်းလှမ်းလာခဲ့ရင်တော့ ကိုယ်လည်းအားမယ်ဆိုရင် တော့လုပ်ဖြစ်မှာပါ။
Q.ကိုယ်ဒိုင်လုပ်တုန်းက ဆုံးဖြတ်ရခက်တဲ့အချိန်ရော ကြုံခဲ့ဖူးလား။
အဲလိုတော့မရှိပါဘူး။ ရေဗက္ကာ ဆုံးဖြတ်ပေးခဲ့သမျှတော့ သိသလောက်တတ်သလောက် ကိုပြောပြပြီး အကောင်းဆုံးဆွဲခေါ်ခဲ့ပါတယ်။
Q.အခုနောက်ပိုင်း သီချင်းဆိုပြိုင်ပွဲတွေများလာတဲ့အပေါ် ရေဗက္ကာ အမြင်ကိုပြောပြပေးပါလား။
အခွင့်လမ်းတွေများလာတယ်လို ရေဗက္ကာ မြင်ပါတယ်။ အရင်တုန်းကဆို အဆိုပြိုင်ပွဲတွေတစ်ခုနှစ်ခုလောက် ပဲရှိတယ်။ ပြိုင်ဖို့အတွက်ကိုလည်း ဒီတစ်ခုနှစ်ခုမှာပဲဝင်တိုးရတယ်။အခုဆိုရင် ပြည်တွင်းပြိုင်ပွဲတွေသာမကပဲ ပြည်ပပြိုင်ပွဲတွေပါ ရှိလာတယ်။အဲဒီအတွက် အခွင့်အလမ်းတွေများပြားလာတယ်လို့ မြင်ပါတယ်။
Q.သီချင်းဆိုပြိုင်ပွဲတွေကနေ ဆုတွေရသွားတယ်။ဒါပေမယ်ထင်သလောက် မဖြေစ်လာကျဘူး။ အဲဒါဘာကြောင့်လို ထင်လဲ။
ပြိုင်ပွဲတစ်ခုမှာဆုရတယ်ဆိုတာက သူရဲ့အရည်အချင်းနဲ့ ဒိုင်တွေရဲ့အဆုံးအဖြတ် ပရိသတ်ရဲ့လက်မတလောအားပေးမှုပေါ့နော် အဲဒီပေးမှာမူတည်ပြီးတော့ ဆုရသွားတယ်။ ဒါပေမယ့် ရေရှည်သူရဲ့ဘဝမှာ ရပ်တည်နိုင်ဖို့အောင်မြင်ဖို့ဆိုတာက ပရိသတ်ရဲ့ချစ်ခင်အားပေးမှုလည်း အများကြီးလို တယ်။ နောက်ပြီးတော့ပြိုင်ပွဲတစ်ခုလို မဟုတ်တော့ပဲနဲ့သူရဲ့သက်ရှင်နေထိုင်မှုမှာလည်း အောင်မြင်မှုကိုတက် လှမ်းနိုင်တဲ့အနေထားမျိုးတွေ ရှိဖို့လိုတယ်။ပြိုင်ပွဲမှာကျတော့ ဒီသီချင်းကိုကောင်းအောင်ဆိုမယ် ဒီပြိုင်ပွဲမှာ ဆုရဖို့အတွက်ပဲ စဉ်းစားရတယ်။ တကယ်အပြင်မှာကျတော့ အဲထပ်ပိုတဲ့အရာတွေကို ဖြည့်စွတ်လိုက်မယ်ဆိုရင် အောင်မြင်မှုကိုရရှိမှာပါ။
Q.ရေဗက္ကာ ကိုဂီတနဲ့ပတ်သက်ပြီး ကမ်းလှမ်းလာမယ်ဆိုရင် အချိန်ပေးပြီးပြန်လုပ်ဖြစ်မလား။
ရေဗက္ကာ ရှိုးဆိုဖို့တော့သိပ်အဆင်မပြေသေးပါဘူး။ ဒါပေမယ့် အခွေနဲ့ပရိသတ်တွေနဲ့ ပြန်ဆုံချင်ပါတယ်။