ကော်ဖီသောက်ပြီးကျန်နေသေးတဲ့ အနှပ်မှုန့်တွေရဲ့ အသုံးဝင်ပုံများ

တော်တော်များများက ကော်ဖီကို မနက်ပိုင်းမှာသောက်ကြပြီး ကျန်ရှိတဲ့
အနည်ထိုင် အနှပ်မှုန့်တွေကိုလွှင့်ပစ်လိုက်ကြတာများပါတယ်။
ကော်ဖီက သင့်ကိုခေါင်းကြည်စေရုံသာမက အခြားနေရာတွေမှာလည်း အသုံး
ဝင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ချေးချွတ်ဆေးအဖြစ် အသုံးပြုနိုင်


ကော်ဖီက သင့်အရေပြားမှာရှိတဲ့ အညစ်ကြေးတွေကိုဖယ်ရှားပေးရုံသာမက
အသားရေကိုလည်း ပြန်လည်စိုပြေဝင်းပစေပါတယ်။ သုံးပြီးတာနဲ့အသားရေ
လေး ချောမွတ်နေတာကိုခံစားရပါလိမ့်မယ်။ ကော်ဖီမှုန့် ဆားအကြမ်းနဲ့
ရောပြီး လိုအပ်တဲ့နေရာကို သံလွင်ဆီလေးနဲ့ရောပြီ ပွတ်ပေးမယ်ဆို
ပိုပြီး အကျိုးသက်ရောက်မှုကောင်းပါတယ်။

သင်းရနံ့ဘောလုံးအဖြစ်အသုံးပြုနိုင်


သင်းရနံ့ဘောလုံးလေး လုပ်ဖို့အတွက် အသားကပ်ဘောင်းဘီနဲ့ ကော်ဖီမှုန့်ပဲ
လိုပါတယ်။ အသားကပ်ဘောင်းဘီထဲ ကော်ဖီမှုန့်တွေထည့်ပြီး တင်းကျပ်စွာ
ချည်ကာ အိမ်(သို့) ကားထဲမှာဖြစ်ဖြစ် ချိတ်ဆွဲထားနိုင်ပါတယ်။

ပတ်ကျိများကို ဖယ်ရှားနိုင်


ခြံဝန်းထဲ ပတ်ကျိတွေတက်လို့ စိတ်ညစ်နေရင် ကော်ဖီမှုန့်သာဖြူးထားလိုက်ပါ။
ကော်ဖီမှုန့်တွေရှိနေရင် ပတ်ကျိတွေမလာရဲပါဘူး။ ထိုအနံ့ကို သူတို့မုန်းပါ
တယ်။

တီကောင်တွေကို ဆွဲဆောင်နိုင်


တီကောင်တွေက သင့်ဥယျာဉ်အတွက် အကျိုးပြုစေတဲ့အကောင်လေးတွေ
ဖြစ်ပါတယ်။ သူတို့က ကော်ဖီသင်းရနံ့ကိုကြိုက်တဲ့အတွက် သင့်ဥယျာဉ်မှာ
လိုအပ်တဲ့ ဓာတ်ငွေ့တွေကို သူတို့ဖြည့်ပေးနိုင်ပါတယ်။

သစ်ရွက်ဆေးမြေသြဇာ


သစ်ရွက်ဆေးမြေသြဇာဟာ နိုက်ထရိုဂျင်ဓာတ်များစွာဖြည့်ဆည်းပေးလိုက်ရင်
ပိုပြီး အလုပ်လုပ်ပါတယ်။ သစ်ရွက်ဆေးမြေသြဇာထဲကို ကော်ဖီတွေထည့်ဖြည့်
ထည့်ပေးလိုက်ရုံနဲ့ ပိုမိုကောင်းမွန်တဲ့ မြေသြဇာကိုရရှိမှာဖြစ်ပါတယ်။

လက်မှာကြက်သွန်နံ့စွဲခြင်းကို ဖျောက်ပေးနိုင်


ဟင်းချက်ပြီးလို့ လက်မှာ ငါးနံ့၊ကြက်သွန်နံ့တွေ စွဲနေတဲ့အခါ ရိုးရိုးဆပ်ပြာနဲ့
ဆေးလည်း အနံ့ကရှိနေတုန်းဆို ကော်ဖီမှုန့်လက်ကို သေချာပွတ်တိုက်ပေးပြီး
ရေဆေးကြည့်ပါ။ အနံ့တွေပြောင်သွားမှာကို တွေ့ရပါလိမ့်မယ်။

ကြောင်တွေကြောက်တဲ့ ကော်ဖီ


သင့်ဥယျာဉ်ထဲမှာ အခြားကြောင်တွေ သေးလာလာပန်းလို့ စိတ်ညစ်နေပါ
သလား? ကော်ဖီမှုန့်နဲ့ လိမ္မော်သီးခွံကို တွဲထားလိုက်ရင် ကြောင်တွေ ဝေးဝေး
ပြေးသွားပါလိမ့်မယ်။ သင်လည်း စိတ်တိုစရာမလိုတော့ဘူးပေါ့။

မျက်ကွင်းညိုခြင်းကို ပျောက်စေနိုင်


မျက်ကွင်းညိုကြီးကို မိတ်ကပ်နဲ့ဘယ်လိုဖုံးပါစေ..အဆင်မပြေတဲ့ ပျိုမေတွေ
အတွက် ကော်ဖီက သင့်ရဲ့ပန်ဒါမျက်ဝန်းတွေကို ပြန်လည်ဝင်းပလာစေပါ
တယ်။ ဘယ်လိုအသုံးပြုရမလဲဆိုတာ အောက်ကဗီဒီယိုမှာဖော်ပြထားပါတယ်။

 

239 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.