သေးငယ်လှပပြီး စတိုလ်ကျတဲ့အိမ်အသေးလေးတွေကို သဘောကျသူတွေနဲ့
ဒီအိမ်ပန်းရောင်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီအိမ်သေးလေးတွေကိုတွေ့ရင် သင်တို့အနေနဲ့ မေးခွန်းတွေအများကြီးမေးစရာ
ရှိလာမယ်။ ဒီအိမ်အသေးလေးထဲမှာ ဘယ်လိုနေရမှာလဲ? ဒီအိမ်ကျဉ်းလေးထဲ
သာမန်အိမ်တစ်ခုရဲ့ ရှိသင့်ရှိထိုက်တဲ့ ပရိဘောဂတွေရှိပါ့မလားလို့ မေးစရာဖြစ်လာပါလိမ့်မယ်။
အိမ်အတွင်းပိုင်းကိုကြည့်ပြီးရင်တော့ သင်တစ်နေ့လုံး ဒီအိမ်ကျဉ်းလေးထဲမှာပဲ
နေချင်သွားပါလိမ့်မယ်။ ကြည့်ရအောင်…!
အပြင်ကကြည့်တာတော့ တကယ်ကိုချစ်စရာလေးပါ။
အိမ်အကျယ်အဝန်းက စတုရန်းပေ(၁၆ဝ)သာရှိပါတယ်။
အတွင်းပိုင်းကတော့ တကယ့်ကိုအကျယ်ကြီးပဲ..
ကြီးမားတဲ့ ပြတင်းပေါက်နဲ့ မြင့်မားတဲ့မျက်နှာကျက်တွေက အိမ်ကိုအလင်းရောင်
များများဝင်စေပြီး လေဝင်လေထွက်ကောင်းစေပါတယ်။
အိမ်လေးမှာဘီးပါတာကြောင့် သင်သွားချင်တဲ့နေရာတိုင်းကို သယ်ဆောင်
သွားလို့ရပါတယ်။
နှစ်ယောက်စာ ညစာစားပွဲလေး
ခေတ်မှီတဲ့မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပစ္စည်းထည့်စရာနေရာတွေလည်း
အများကြီးရှိပါတယ်။
မီးဖိုချောင်နဲ့ကပ်ရပ်မှာပဲ ခေတ်မှီရေချိုးခန်းနဲ့ အိမ်သာရှိပါတယ်။
လှေကားလေးကနေတက်သွားရင်တော့ အိပ်ချင်စဖွယ် အိပ်ရာလေးတစ်ခုရှိပါ
တယ်။
တစ်ယောက်တည်း အေးဆေးနေချင်သူတွေအတွက်တော့ အကြိုက်တွေ့စေ
မယ့် အိမ်လေးပါပဲ။သက်တောင့်သက်သာလည်းရှိသလို …ကိုယ်သွားရာနေရာ
ကိုလည်း သယ်ဆောင်သွားလို့ရပါတယ်။