ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေရဲ့ မင်းသားအဖြစ်တင်တဲ့ သရုပ်ဆောင်ဒေါင်းကို သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုနဲ့အတူ အနုပညာပေါ်မှာထားတဲ့ သူ့ရဲ့ စိတ်ခံစားချက်၊ သဘောထား၊ အမြင်လေးတွေကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ကျွန်တော်လတ်တလောမှာတော့ ဗီဒီယိုဇာတ်ကားရိုက်ဖို့ရှိပါတယ်။ ပြီးတော့ ရှိုးပွဲတွေ လျှောက်ဖို့ ရှိပါတယ်။ MTV သီချင်းတစ်ပုဒ်ရိုက်ထားတာရှိပါတယ်။’လို့ သူ့ရဲ့လှုပ်ရှားမှုကို ဖွင့်ဟပထမဆုံး ဖွင့်ဟပါတယ်။
အဲ့ဒီနောက်မှာတော့ သရုပ်ဆာင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတဲ့ မေးခွန်းကို သူက ‘သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ဆိုတာ အနုပညာနဲ့ ပတ်သက်ရင် ပျင်းပျင်း ပြပြ ခံစားတတ်တဲ့ စိတ်ရှိဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ငါလုပ်ကို လုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုစိတ်အပြည့်ရှိလို့ ဒီသရုပ်ဆောင်အလုပ်ကို အားကြိုးမာန်တက်နဲ့ ကျွန်တော်လုပ်ခဲ့တာပါ။ အနုပညာနဲ့ပတ်သက်ရင် ကဗျာရေးတာ၊ သီချင်းဆိုတာ၊ သီချင်းရေးတာအပြင် သရုပ်ဆောင်တာကို ငယ်ငယ်ကတည်းက ၀ါဿနာပါခဲ့တာပါ။ မင်းဒီအလုပ်ကို မလုပ်ရဘူးလို့ တားလို့ရရင်ရမယ်။ ကျွန်တော်ရဲ့ ရင်ထဲမှာဖက်တွယ်နေတဲ့ အနုပညာကိုတော့ ဘယ်သူမှလာပြီးတော့ တားလို့မရ နိုင်ပါဘူး’တဲ့။
ဒေါင်းရဲ့အနုပညာခံယူချက်နဲ့ ခံစားမှုတွေကတော့ ‘ကျွန်တော့် ခံစားမှုအလိုက် ဖြစ်ပေါ်လာတဲ့ အရာတွေကို ပရိသတ်ကိုကြည့်စေချင်ပါတယ်။ ကျွန်တော်အနုပညာကို အပြည့်အ၀ ဖန်တီးမယ်။ ကာရိုက်တာအများကြီးသရုပ်ဆောင်နိုင်ဖို့ ကျွန်တော် အများကြီးကြိုးစားသွားမယ်။ ဒီလောကမှာ ရောက်လာကြတဲ့ အနုပညာတစ်ချို့က၀င်လာပြီး ခဏလေးနဲ့ ပြန်ပျောက်သွားတတ်ကြတဲ့ သူမျိုးတွေရှိပေမဲ့ ကျွန်တော်ကတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ ဒီလောကကြီးမှာ အမြဲတမ်းရှိသွားမှာပါ။’လို့ သူက ပြောသလို အောင်မြင် တဲ့အနုပညာရှင် တစ်ယောက်ဖြစ် ဖို့ဆိုတာ အဓိကကကံနဲ့ ဆိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိဖို့လည်း လိုမယ် ထင်ပါတယ်။ ပြီးတော့ အနုပညာနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် နည်းစနစ်ကျကျ နဲ့သေသေချာချာလေ့လာ အားထုတ်မယ်။ ပရိသတ်တွေရဲ့ဝေဖန်သံကိုလဲ အမြဲတမ်းနားထောင် နေရမယ်။ နားထောင်နိုင် တဲ့သူမျိုးလည်းဖြစ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ရှေ့ဆက်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ သရုပ်ဆောင်အပြင် သီချင်းရေးတာနဲ့ သီချင်းဆိုတာကိုပါ လုပ်နိုင်အောင် ကြိုးစားသွားမှာလို့ ဆိုသွားတာကြောင့် ဒေါင်းရဲ့အနုပညာခံယူချက် မြင့်မားမှုကို ပရိသတ်တွေ သိနိုင်ပါပြီနော်။