ဂျပန်လူမျိုးတွေဟာ အသားအရည်လှပပြီးအရွယ်တင်နုပျိုကြပါတယ်။ ခန္ဓာကိုယ်ကလည်းသွယ်လျပြီးချစ်စရာကောင်းကြပါတယ်။ဂျပန်လူမျိုးတွေဟာ ဘာဖြစ်လို့ကျန်းမာပြီးကျစ်လစ်လှပတဲ့ခန္ဓာကိုယ်ရှိတာလဲဆိုတာသိချင်ကြတဲ့သူတွေအတွက်သူတို့ရဲ့ နည်းလမ်းတွေကိုမျှဝေပေးလိုက်ပါတယ်။
၁။လက်ဖက်စိမ်း(Green Tea)
ဂျပန်လူမျိုးတွေက လက်ဖက်စိမ်းလက်ဖက်ရည်ကိုသောက်ရတာနှစ်သက်ကြပါတယ်။ ကျန်းမာရေးအတွက်လည်းကောင်းပြီးတစ်နေကုန်လန်းဆန်းစေလို့ သူတို့ဟာ တစ်နေ့ကို ပုံမှန် လက်ဖက်စိမ်းလက်ဖက်ရည်၅ခွက်သောက်သုံးကြပါတယ်လို့သိရပါတယ်။

၂။အချဉ်အစပ်အရသာရှိတဲ့အစားအစာ
ဂျပန်လူမျိုးတွေဟာ အချဉ်အစပ်အရသာရှိတဲ့အစားအစာတွေကို မကြာခဏစားလေ့ရှိပါတယ်။ အချဉ်အစပ်တွေဟာ ဗီတာမင်၊အိုမီဂါသရီးအက်စစ်နဲ့ တခြားကောင်းမွန်တဲ့ဓာတ်တွေ ပါဝင်တာကြောင့် မကြာခဏစားပေးကြပါတယ်။ အစာခြေစနစ်ကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။အဆိပ်အတောက်တွေလည်းပြေစေလို့အချဉ်အစပ်အရသာရှိတဲ့အစားအစာတွေကသူတို့ရဲ့အကြိုက်ဆုံးအစားအစာတွေပါပဲ။
၃။ပင်လယ်စာ
ဂျပန်လူမျိုးတွေဆီမှာ နာမည်အကြီးဆုံးကတော့ပင်လယ်စာပါပဲ။သူတို့ဆီမှာအသားအစိမ်းတွေကို အရည်တစ်မျိုးမျိုးနဲ့တို့စားကြပါတယ်။အဲ့ဒီအရည်ဟာအသားနှစ်လိုက်တာနဲ့တစ်ခါတည်းကျက်သွားတဲ့အတွက်လတ်လတ်ဆတ်ဆတ်စားရပါတယ်။အဲ့ဒါကြောင့်ကျန်းမာရေးအတွက်လည်းကောင်းမွန်ပြီး အသားအရည်လှပနုပျိုနေရတာပဲဖြစ်ပါတယ်။
၎။ပန်းကန်လုံးအသေးလေးတွေနဲ့စားတယ်
ဂျပန်လူမျိုးတွေဟာ ထမင်းစားတဲ့အခါမှာ ပန်းကန်လုံးအသေးလေးတွေ၊ပန်းကန်ပြား အသေးလေးတွေနဲ့စားလေ့ရှိပါတယ်။အဲ့ဒါဟာ ထမင်းကိုနည်းနည်းပဲစားဖြစ်စေသလို ခန္ဓာကိုယ်အလေးချိန်လည်းထိန်းပြီးသားဖြစ်စေပါတယ်။
၅။လမ်းလျှောက်ကြတယ်
ဂျပန်အမျိုးသားတွေရော၊အမျိုးသမီးတွေပါ ကားစီးတာထက်လမ်းပိုလျှောက်ကြပါတယ်။ လမ်းလျှောက်တာဟာကိုယ်အလေးချိန်ကျဆင်းစေသလို သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ စွမ်းအားတွေကိုလည်းမြှင့်တင်ပေးပြီးစိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။
၆။သန့်ရှင်းသပ်ရပ်စွာချက်ပြုတ်တယ်
ဂျပန်လူမျိုးတွေဟ သန့်ရှင်းမှုကိုအဓိကထားပြီး ထမင်းဟင်းချက်ရာမှာလည်း သေချာသန့်စင်စွာ ဆေးကြောပြီးချက်ပြုတ်ကြပါတယ်။သူတို့ရဲ့ အစားအစာတွေဟာ အမြဲတမ်းလတ်ဆတ်ပြီးကျန်းမာရေးနဲ့ညီညွတ်စေတဲ့အစားအစာတွေပဲဖြစ်ပါတယ်။
၇။အားကစားလုပ်တယ်
ကရာတေး၊ဂျူဒို၊အာခီဒိုနဲ့တခြားကိုယ်လက်လှုပ်ရှားနည်းတွေဟာ ဂျပန်နိုင်ငံမှာ အရမ်းကိုနာမည်ကြီးပါတယ်။အမျိုးသားရော၊အမျိုးသမီးပါ လေ့ကျင့် ကစားလေ့ရှိပါတယ်။အဲ့ဒီအားကစားနည်းတွေဟာ ကြွက်သားတွေ ကိုပျော့ပြောင်း စေပါတယ်။ကိုယ်အလေးချိန်ကိုလည်းလျှော့ချပေးလို့ အမျိုးသမီးငယ်လေးတွေကလည်း အမြဲတမ်းကစားလေ့ရှိတယ်လို့သိရပါတယ်။