အုန်းရည်ကတော့ နေရာတိုင်းမှာအလွယ်တကူရရှိနိုင်ပါတယ်။ ထိပ်တန်း
မော်ဒယ်၊ နာမည်ကြီး အားကစားသမားနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေကတောင်
အုန်းရည်ကို ကျန်းမာရေးအတွက် သောက်သုံးသင့်ကြောင်းထောက်ခံထားပါတယ်။ အုန်းရည်သောက်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်ဝနေမယ်
အုန်းရည်ဟာ စွမ်းအားတွေကိုပြန်လည်ဖြည့်ဆည်းပေးပြီး ခန္ဓာကိုယ်တွင်းရှိ
အရည်များကို ထိန်းသိမ်းပေးနိုင်ပါတယ်။ အားကစားသမားတွေကလည်း
လေ့ကျင့်ခန်းလုပ်ပြီး အုန်းရည်ကိုသောက်သုံးပေးဖို့ အကြံပေးထားပါတယ်။
လွယ်ကူမြန်ဆန်စွာနဲ့ ဝိတ်ကျသွားမယ်
သင်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဝိတ်ချနည်းကို ရှာနေတာဆိုရင် ဒီအုန်းရည်
ဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ အုန်းရည်က သင့်ကိုဝိတ်အမြန်ကျ
အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သဘာဝအတိုင်း ကယ်လိုရီနည်းတဲ့
ဖျော်ရည်မို့ စိတ်ချရပါတယ်။ ထမင်းမစားခင် ၁နာရီအလိုလောက် အုန်းရည်
သောက်ပေးမယ်ဆို သင့်ကိုအစားနည်းနည်းပဲစားအောင်ထိန်းပေးနိုင်ပါတယ်။
အစာမကြေမှာ စိုးရိမ်စရာမလိုတော့ဘူး
အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အုန်းရည်က အစာကြေစနစ်အတွက်
ကောင်းမွန်စေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကလေးတွေ
ဝမ်းလျောရင် အုန်းရည်တိုက်ဖို့အကြံပေးထားပါတယ်။
သွေးဖိအားတွေ ပုံမှန်ဖြစ်လာမယ်
အုန်းရည်မှာ သွေးဖိအားအတွက် အကျိုးသက်ရောက်မှုကောင်းတဲ့ ဓာတ်တွေ
ပါဝင်ပါတယ်။သွေးဖိအား အတက်ကျရှိသူတွေအတွက် သင့်တော်ပါတယ်။
ဝင်းပပြီး ချောမွေတဲ့အသားရည်
Antioxidants အပြည့်အဝပါတာမို့ အုန်းရည်က အသားရေမှာရှိတဲ့အညစ်
အကြေးတွေကိုပျောက်ကင်းစေရုံသာမက တစ်ချိန်တည်းမှာပဲ အသားရေကို
ဝင်းပချောမွတ်လာစေပါတယ်။ သောက်လို့လည်းရသလို၊ မျက်နှာပေါ်
လိမ်းပေးလည်းရပါတယ်။
စိတ်ဖိစီးမှုတွေ လျော့ချပေးနိုင်
အုန်းရည်မှာ များစွာသောဗီတာမင်တွေပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့
B-complex ဗီတာမင်ဟာ သင့်ကိုစိတ်အလိုမကျခြင်းနဲ့ စိတ်ဖိစီးမှုတွေကို
လျော့ချပေးနိုင်ပါတယ်။
အမူးပြေ ခေါင်းကိုက်ပြေ
သောက်တာများလို့ ခေါင်းတွေမကြည်မလင်ဖြစ်နေရင် အုန်းရည်အေးအေး
လေးကို သောက်ကြည့်လိုက်ပါ။ အာဟာရဓာတ်အပြည့်အဝပါဝင်တာမို့
သင့်ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ဗီတာမင်တွေကို ပြည်လည်ဖြည့်ဆည်းပေးနိုင်
ပါတယ်။ အုန်းရည်မှာက ၉၅% ရေပါဝင်တာကြောင့် ကျန်းမာရေးအတွက် တကယ်ညီညွတ်ပါတယ်။
အရွယ်တင်နုပျိုစေ
Cytokinins ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အံ့သြစရာကောင်းလောက်
အောင် အကျိုးပြုပေးနိုင်ပါတယ်။ အရေပြားဆဲလ်အသစ်တွေကို ပြန်လည်
ရှင်သန်စေရုံသာမက အရွယ်တင်နုပျိုစေပါတယ်။