လူအများစုဟာ တစ်ခုခုစိတ်လှုပ်ရှားစရာနဲ့ကြုံတွေ့လာရပြီဆိုရင် ကြောက်စိတ်မွှန်ပြီး
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ကြပါတယ်။ ဒီရောဂါလက္ခဏာဟာ ငြိမ်ငြိမ်လေးနဲ့ ကြမ်းပါတယ်။ ဒါပေမယ့် ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
အဓိက ရောဂါလက္ခဏာတွေက ဘာဖြစ်မလဲ?
ကြောက်စိတ်မွှန်ရောဂါကို အခြေခံအားဖြင့် အောက်ပါလက္ခဏာတွေနဲ့ခွဲခြမ်းစိတ်ဖြာထားပါတယ်။
– ထိုရောဂါဝင်လာပြီဆိုရင် စက္ကန့်ပိုင်းလောက်ပဲကြာတတ်သလို၊ (၅)မိနစ်မှ (၁ဝ)မိနစ်ထိ ကြာချင် လည်း ကြာသွားနိုင်ပါတယ်။
– ကြောက်စိတ်မွှန်လာပြီဆို သင့်ခန္ဓာကိုယ်ဟာ မောပန်းလာသလို ခံစားရပြီး
ငြီးငွေ့လာမယ်။ ဒီအခြေအနေဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်များပြီး စွမ်းအားတွေ
ပြန်လည်ဖြည့်စွမ်းပေးဖို့လိုပါမယ်။
– ကြောက်စိတ်မွှန်ခြင်းကို ခံစားရတဲ့လူတွေဟာ တစ်ခါတစ်လေ ခန္ဓာကိုယ်က
နာကျင်တာကိုခံစားရတဲ့အတွက် မကြာခဏဆရာဝန်သွားပြရပါတယ်။ သူတို့စိတ်ထဲမှာ
ဒီလက္ခဏာဟာ သူတို့ဘဝကိုခြိမ်းခြောက်နေတဲ့ အရာတစ်ခုလို့ထင်နေမိလို့ပါပဲ။
– ထိုရောဂါဖြစ်ပေါ်နေချိန်တွင် သင်အနေနဲ့ကြည့်ရင် လက်တွေ့မဆန်မှုတွေကို ခံစားရ လိမ့်မယ်။ နေရာတွေမမှတ်မိတာမျိုးတွေဖြစ်တတ်ပါတယ်။
ကြောက်စိတ်မွှန်ရောဂါဆိုတာ ဘာလဲ ?
ကြောက်စိတ်မွှန်ရောဂါဟာ မျိုးရိုးစဉ်ဆက်နဲ့လည်းသက်ဆိုင်ပါတယ်။ အန္တရာယ်ရှိတဲ့
အခြေအနေ (သို့) အသက်နဲ့ရင်းပြီး တွေ့ကြုံခံရတဲ့ အခြေအနေမျိုးတွေမှာဆို လူခန္ဓာကိုယ်ဟာ ပြန်လည်တိုက်ခိုက်ဖို့(သို့) ထွက်ပြေးဖို့ကို အလိုလျောက်တုံ့ပြန်ပါတယ်။
အသက်ရှုနှုန်းတွေ မြန်လာမယ်။ ချွေးတွေ မတရားထွက်လာပါတယ်။
ယခုခေတ်မှာတော့ ဘဝနဲ့ရင်းပြီးကြုံတွေ့ရတဲ့အခြေအနေမျိုးမဟုတ်လည်း ဒီလိုတူညီတဲ့
လက္ခဏာကို ခံစားလာရတာတွေ့ရပါတယ်။
ဘာလုပ်သင့်လဲ?
စိတ်မပူပါနဲ့။ သင့်တစ်ဘဝလုံးအတွက် အရမ်းတော့မစိုးရိမ်ရပါဘူး။ သင့်ရဲ့ကြောက်စိတ်
မွှန်ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ ရုတ်တရက်ကြောက်စိတ်မွှန်လာရင် ပြုလုပ်ရမယ့်
နည်းလမ်းလေးတွေကို စိတ်ပညာရှင်တွေက အောက်ပါအတိုင်းအကြံပြုထားပါတယ်။
– တိတ်ဆိတ်တဲ့ နေရာကိုသွားပါ။
– အသက်ကိုဝအောင်ရှုပြီး စိတ်ငြိမ်အောင်ထားပါ။
– စိတ်လှုပ်ရှားစရာအခြေအနေတွေကို ရှောင်ရှားပါ။
– အိပ်ရေးဝအောင် အိပ်ပါ။ ပုံမှန်စား ပုံမှန်အနားယူ။
– ကြောက်စိတ်မွှန်ရခြင်းရဲ့ အကြောင်းရင်းကိုရှာပြီး ကျိုးကြောင်းဆက်စပ်မှုကို လေ့လာပါ။