ခုနောက်ပိုင်း Steel Structure တွေကို ဦးစားပေးဆောက်လုပ်လာကြပြီလို့ ဆိုတဲ့ KMB Construction ကိုထိန်လင်းဦး

20131123_1000451.jpg

အခုနောက်ပိုင်းမှာ လူတွေဟာ အိမ်ဆောက်လုပ်တဲ့အခါ၊ ရုံးခန်း၊ ဆိုင်ခန်း၊ တွေဆောက်လုပ် တဲ့အခါ တစ်နေရာကနေတစ်နေရာ ရွေ့ပြောင်းရတာမျိုးတွေကြုံလာရမယ်ဆိုရင် အရင်ကထက် ပိုပြီးငွေကြေးဆုံးရှုံးမှုလည်းနည်း အပျက်အဆီးမရှိ လေလွင့်ဆုံးရှုံးမှုနည်းပြီး ပြောင်းရွေ့တဲ့အခါ မှာလည်းအချိန်ကုန်သက်သာမြန်ဆန်မှုရှိမယ့် အရာတွေကိုသာ ဦးစားပေးလာကြပါတယ်။ အဲ့ဒီအချက်နဲ့ပတ်သက်ပြီး KMB Construction ကုမ္မဏီကို မေးမြန်း ဖြစ်တာတွေကတော့

KMB ရဲ့တာဝန်ယူ ပေးရတဲ့အပိုင်းနဲ့ပတ်သက်ပြီးသိပါရစေ။

Construction  ပိုင်း၊ Decoration ပိုင်းနဲ့ ပတ်သက်သမျှ လုပ်ငန်းတွေ အကုန်လုံးကို ကျွန်တော် တို့ လုပ်ကိုင်ပါတယ်။

ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီးလုပ်ရတဲ့အခါမှာ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် လုပ်ကိုင်တာလား။ ဒါမှမဟုတ် တခြားချိတ်ဆက်ပြီး လုပ်ကိုင်တာလားဆိုတာ သိပါရစေ။

ကိုယ့်ရဲ့အဖွဲ့အစည်းနဲ့ပဲ ကိုယ်တိုင်လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။

Steel Structure ကို ဦးစားပေးပြီး ဘာကြောင့် ဆောက်လုပ်လာကြသလဲဆိုတာ သိပါရစေ။                                                                                                           

Steel Structure နဲ့ဆောက်လုပ်မယ်ဆိုရင် အချိန်ကုန်သက်သာစေတယ်။ ဈေးလဲသက်သာတယ်။ မြန်မြန်ဆန်ဆန် ပြီးတယ်ပေါ့နော်။ တစ်နေရာကနေ တစ်နေရာပြောင်းရွေ့ရမယ်ဆိုရင်လဲ အလွယ် တကူ ဖြုတ်သိမ်းနိုင်ပြီးတော့ တခြားနေရာမှာ အလွယ်တကူ ပြန်ဆင်နိုင်တဲ့အတွက် ဆုံးရှုံးမှု နည်းစေတာကြောင့် အခုနောက်ပိုင်းမှာSteel Structure ကိုဦးစားပေးပြီး ဆောက်လုပ်လာကြပါတယ်။

Steel Structure ကိုအသုံးပြုလာကြတာ ဘယ် ခုနှစ်လောက် ကတည်းက စပြီးတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသလဲဆိုတာ သိပါရစေ။

မြန်မာနိုင်ငံမှာဆိုရင် ၁၉၉၅ခုနှစ် လောက်ကတည်းကSteel Structure တွေကိုဆောက်လုပ်နေ ကြပါပြီ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပြောရမယ် ဆိုရင် ၁၉၉၉၊ ၂၀၀၀ ခုနှစ်လောက်မှာပိုပြီးတော့ လူသိပြီး အသုံးများလာကြတယ်လို့ ထင်ပါတယ်။ Steel Structure ကို စတာကတော့ စက်မှုဇုန်တွေ က စတင်တာဖြစ်ပါတယ်။

Steel Structure ဆောက်လုပ်မှုနဲ့ပတ်သက်ပြီးပြောပြပေးပါ။

Steel Structure ဆောက်တဲ့ အခါမှာ အုတ်နဲ့ ညှပ်ပြီး ဆောက်တာရှိသလို၊ စတီးဖရိန်တွေ နဲ့အသုံးပြု ပြီး ဆောက်လုပ်တာလဲရှိပါတယ်။ Steel Structure ဆောက်တဲ့ အခါမှာ ဖောင်ဒေးရှင်းလုပ်ပြီး ဆောက်ရတာဖြစ်ပါတယ်။

Decoration ပိုင်းနဲ့ ပတ်သက်ပြီး ဒီဇိုင်းရေးဆွဲပေးရတာသိပါရစေ။

Customer တွေကို ဒီဇိုင်းခ မယူပဲဆွဲပေးပါတယ်။ 2D ဒီဇိုင်းရေးဆွဲပေးတာပါ။ 3Dဒီဇိုင်း ရေးဆွဲဖန်တီးရတာကျတော့ အလုပ်အရမ်းရှုပ်ပြီး အချိန်များများပေးပြီးဆွဲရတာဖြစ်လို့ 3D ဒီဇိုင်းရေးဆွဲခယူပါတယ်။ 3D ဒီဇိုင်းကိုတော့ သိပ်ပြီးမဆွဲပေးဖြစ်ပါဘူး။ မဖြစ်မနေဆွဲပေးရတော့ မယ်ဆိုရင် တော့ဆွဲပေးလိုက်ပါတယ်။

Service အနေနဲ့ ဘယ်လိုလုပ် ဆောင်ပေးမှုတွေရှိပါသလဲ။

အစ်ကိုတို့ ကုမ္မဏီကService ကုမ္မဏီ ဖြစ်တဲ့အတွက် Service ကိုကောင်းကောင်းပေးတယ်။ ပစ္စည်းယိုယွင်းပျက်စီးမှုရှိခဲ့ရင် အစ်ကိုတို့ဘက်က ပြန်ပြီးဆောင်ရွက်ပေးပါတယ်။ တအား ကြီးကြီးမားမား ဖြစ်သွားခဲ့မယ်ဆိုရင်တော့ တစ်နေရာကနေတစ်နေရာ ကုန်ပစ္စည်း သယ်ယူရတာ ခက်ခဲတာကြောင့် ပစ္စည်းသယ်ယူခတော့ ယူပါတယ်။

ဒီဇိုင်းပညာနဲ့ပတ်သက်ပြီး လေ့လာဖြစ်တာလေးတွေ ရှိရင်ပြောပြပေးပါ။

ဒီဇိုင်းပညာကတော့ အစ်ကိုတို့လုပ်လာခဲ့တဲ့ အတွေ့အကြုံအရ အခုဆိုရင် ၁၀နှစ်နီးပါးကျော်လာခဲ့ ပြီဆိုတော့ သိပ်ပြီးအထူးတလည်ကြီးဖြစ်တာမျိုးတော့မရှိတော့ပါဘူး။

Steel Structure ဆောက်လုပ်တာကရော ဘယ်လိုလူတန်းစားတွေ အသုံးပြုလို့ ရနိုင်ပါသလဲ။

Steel Structure က အခုဆိုရင် ရပ်ကွက်တွေမှာတောင် အိမ်အဖြစ်ဆောက် လုပ်ပြီးအသုံးပြုနေ ကြတာတွေ့ရပါတယ်။ သူလည်းလူလတ်တန်းစားမရွေးအသုံးပြု လို့ရနိုင်ပါတယ်။

KMB အနေနဲ့ ပြောချင်တဲ့ စကားရှိရင် ပြောပြပေးပါ ။

အစ်ကိုတို့ KMB ကိုအလုပ်အပ်ပြီဆိုရင် အရည်အသွေးမှီမှီနဲ့ နည်းပညာပိုင်း၊ ဒီဇိုင်းရော၊ လုပ်ငန်းခွင်မှာပါ ကျွမ်းကျင်တဲ့ သူတွေနဲ့ အသုံးပြုပြီးလုပ်ကိုင်တဲ့ဆိုတဲ့ အကြောင်းပြောချင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.