လမ်းခွဲလိုက်ကြပြီဆိုတဲ့ မင်းသား Lee Joon Gi နဲ့ မင်းသမီး Jeon Hye Bin

မင်းသား Lee Joon Gi နဲ့မင်းသမီး Jeon Hye Bin တို့ဟာ လမ်းခွဲ လိုက်ကြပြီဖြစ်ကြောင်း သြဂုတ်လ ၂၅ရက်နေ့က အတည်ပြုခဲ့ကြပါတယ်။”သူတို့နှစ်ယောက်လမ်းခွဲရတဲ့ အကြောင်းကတော့ အလုပ်တွေအရမ်းများပြီး တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့တောင် အချိန်မရှိတာကြောင့်ပါတဲ့။လမ်းခွဲလိုက်ပြီဆိုပေမဲ့ သူတို့နှစ်ယောက်ဟာ အချင်းချင်း ကူညီစောင့်ရှောက်အားပေးသွားကြမှာပါ”လို့ သူတို့ရဲ့ အေဂျင်စီက လမ်းခွဲကြောင်း အတည်ပြုပြီးအကြောင်းရင်းကိုပြောပြသွားခဲ့ပါတယ်။

 

မင်းသား Lee Joon Gi နဲ့မင်းသမီး Jeon Hye Binတို့ဟာ ၂၀၁၄ခုနှစ်တုန်းကရိုက်ကူးခဲ့တဲ့ “Gunman in Joseon” ဇာတ်ကားမှာအတူတွဲဖက်ရိုက်ကူးရင်းမေတ္တာမျှခဲ့ကြတာပါ။ ၂၀၁၇ဧပြီလမှာတော့ သူတို့တွဲလာတာ၂နှစ်နီးပါးရှိပြီဖြစ်ကြောင်း ကြေညာခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ များလွန်းလှတဲ့ရုပ်ရှင်ရိုက်ကူးရေးအချိန်တွေကြောင့် တစ်ယောက်ကိုတစ်ယောက်အချိန်မပေးနိုင်ခဲ့ပါဘူး။

သူတို့ရဲ့ပရိသတ်တွေကလည်းစိတ်မကောင်းစရာသတင်းကြောင့် ၀မ်းနည်းနေကြပါတယ်။မင်းသား Lee Joon Giဟာ “Criminal Minds”ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ရိုက်ကူးနေပြီး မင်းသမီး Jeon Hye Bin ကတော့ ဇာတ်လမ်းတွဲ “Distorted ’’ ကိုရိုက်ကူးနေတယ် လို့သိရပါတယ်။

171 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.