The Mountain Between Us ရုပ်ရှင်ဟာ ဘေးအန္တရာယ်ကြုံတွေ့ရပုံကို စိတ်လှုပ်
ရှားစရာအကောင်းဆုံးပုံစံအဖြစ်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ
Hany Abu-Assad နဲ့ ဇာတ်ညွန်း Chris Weitz ၊ J. Mills Goodloe တို့အတူ
တွဲဖက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Charles Martin ရဲ့ဝတ္တုကိုပြန်လည်ပုံဖော်ထား
တာဖြစ်ပါတယ်။ ၂ဝ၁၇ အောက်တိုဘာ (၆)ရက်နေ့ဆို ဇာတ်ကားထွက်ပါပြီ။
Idris Elba က ခွဲစိတ်ဆရာဝန်၊ Kate Winslet က ဂျာနယ်လစ်တစ်ယောက်အဖြစ်
ပါဝင်သရုပ်ဆောင်ထားပြီး နှစ်ယောက်အတူ ရဟတ်ယာဉ်စီးချိန်တွင် ဆိုးရွားတဲ့
ရာသီဥတုကြောင့် ဘာမှမရှိတဲ့ဟင်းလင်းပြင်နှင်းတောထဲ လေယာဉ်ပျက်ကျခဲ့ရ
ပါတယ်။ လေယာဉ်ပျက်ကျပြီးနောက် နှစ်ယောက်လုံးထိခိုက်ဒဏ်ရာတွေရကာ
ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပေမယ့် ဟင်းလင်းပြင်နှင်းတောကြီးမှာ
ဘာ..အကူညီမှမရှိတဲ့အတွက် သူတို့နှစ်ယောက်အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရပုံကို စိတ်လှုပ်ရှားစရာ အပြည့်နဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။