ည ဇာတ်ကားရိုက်တုန်းကအတွေ့အကြုံတွေကို ပြောပြတဲ့ သရုပ်ဆောင် နန်းထရေစီ
သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲကိုသွားရင်း မထင်မှတ်ပဲ စိုင်းစိုးင်းရဲ့ကမ်းလှမ်းမှုကြောင့် ချာတိတ် သီချင်းအတွက် MTV ရိုက်ဖြစ်ပြီး ပရိသတ်သိခဲ့တဲ့ သူကတော့ သရုပ်ဆောင် နန်းထရေစီပဲဖြစ်ပါတယ်။ အခုဆိုရင်သူမရဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ ည ဇာတ်ကားကလည်း ပရိသတ်တော်တော်အားပေး တာကိုတွေ့ရပါတယ်။ သူမနဲ့တွေ့တုန်း ည ဇာတ်ကားရိုက်တုန်းက အတွေ့အကြုံလေးတွေကို အခုလိုမေးဖြစ်ခဲ့ပါတယ်။
Q.ပထမဆုံး ည ဇာတ်ကားမှာပါာင်ရိုက်ကူးဖြစ်ပုံကို ပြောပြပေးပါလား။
ညီမအသိအမတစ်ယောက်က ညဇာတ်ကားအတွက်လူတစ်ယောက်လို့နေတယ်။ ထရေစီ စိတ်ဝင်စားလားဆိုပြီး လာပြောတယ်။ အဲဒီလိုကနေပြီး ဒါရိုက်တာကလာခေါ်ပြီး ပါဖြစ်သွားတာပါ။
Q. ည ဇာတ်ကားရိုက်ဖို့အတွက် ဘယ်လိုကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖြစ်လဲ။
အဲအချိန်တုန်းက ညီမက ၁၀တန်းဆိုတော့ Training တောင်အချိန်ပြည့်မသွားနိုင်ဘူး။ သူများတွေက ၄ရက်သွားရင် ညီမက ၃ရက်ပဲသွားနိုင်တယ်။ အများကြီးလည်း မပြင်ဆင်နိုင်ခဲ့ပါဘူး။
Q.ရိုက်ကွင်းအတွေ့အကြုံလေးတွေကို ပြောပြပေးပါလား။
အတွေ့အကြုံတွေကတော့ အများကြီးပဲရတယ်။အခက်အခဲကတော့ သိပ်မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မရိုက်ခင်ကတည်းက ၂လ ၃လလောက်ကတည်းက ဇာတ်ညွှန်းကိုသေချာဖတ်တယ်။ရိုက်မယ့် location နေရာတွေကိုကိုယ်တိုင်သွားပြီး လေ့ကျင့်ခဲ့တာဆိုတော့ တစ်ကယ်ရိုက်တော့အခက်အခဲ သိပ်မရှိဘူး။
ရထားလမ်းမှာရိုက်တုန်းကတော့ နည်းနည်းအခက်အခဲရှိခဲ့တယ်။ရထားက ၃၂စက္ကန့်ပဲလာတာကို တိုင်ပင်နဲ့လုပ်ရတာဆိုတော့ နည်းနည်းတော့ခက်ခဲတယ်။
Q.ည ဇာတ်ကားလေးရိုက်တုန်းက အမှတ်တရလေးတွေ ရှိခဲ့ရင်လည်း ပြောပြပေးပါလား။
ညီမအတွက်အမှတ်တရအနေနဲ့ကတော့ ညီမရဲ့အခန်းထဲမှာကိုယ်တိုင်သုံးတဲ့ ပန်းချီကားတွေကို သုံးခွင့်ရတဲ့အတွက် ညီမကျေနပ်ခဲ့တယ်။
Q. ကိုယ်ရဲ့ပထမဆုံးဇာတ်ကားမှာပဲ ပရိသတ်အားပေးမှုတွေရခဲ့အတွက် ညီမလေးရဲ့ ခံစားချက်ကိုပြောပြပေးပါလား။
အခုလိုပရိသတ်တွေအများကြီး အားပေးမယ်လို့ မထင်ခဲ့ဘူး။ညီမကအသစ်ဖြစ်တဲ့အတွက် အားပေးမှုဒီလောက်ရလိမ့်မယ်လို့ မတွေးထားခဲ့ဘူး။ အခုလိုပရိသတ်အားပေးမှုရခဲ့တဲ့အတွက် အရမ်းပျော်တယ်။အားလည်းတက်တယ်။ ဒီထပ်မကလည်း ကြိုးစားသွားဖို့ ခွန်အားတွေရခဲ့တယ်။
Q.အနုပညာနဲ့ပတ်သက်ပြီး ရှေ့ဆက်ဘာတွေလုပ်သွားဖို့ရှိလဲ။
အခုတော့ကြော်ငြာတွေလက်ခ့ထားတာရှိတယ်။ ပြက္ခိန်တွေလည်း ရိုက်ဖို့ရှိတယ်။ ညီမမှာအခုပြသနာဖြစ်နေတာက ညီမ ဂျပန်ကိုခဏပြန်ရမယ်။ဟိုရောက်ရင် ကျောင်းကို ၆လလောက်ခဏနားဖို့လုပ်ရမယ်။ ကျောင်းကို ၆လလောက်နားပြီး လက်ခံထားတာတွေကို လုပ်ဖို့တော့စီစဉ်နေတယ်။
Q.အနုပညာကိုရှေ့ဆက်ဘယ်လို သွားမယ်လို့စဉ်းစားထားလဲ။
ညီမအနေနဲ့ကသရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်။တခြားအချိန်မှာတစ်ခြားဘာမှ မစဉ်းစားဖြစ်သေးဘူး။
Q.ဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီး နောက်ထပ်ကမ်းလှမ်းလာမယ်ဆိုရင် ဘယ်လိုကာရိုက်တာတွေကို ရိုက်ချင်လဲ။
ညီမမှာဘယ်လိုမျိုးတော့ မရှိပါဘူး။ညီမကိုကမ်းလှမ်းလာတဲ့အပေါ် လက်ခံဖြစ်မှာပါ။ဘာပဲလာလာ ကြိုးစားပြီးလုပ်သွားမယ်လို့ တွေးထားပါတယ်။
Q.ညီမကိုအားပေးနေဲ့ ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။
ညီမဒီထပ်မကကြိုးစားသွားပါမယ်။ညီမကိုအားပေးပေးပါလို့ တောင်းဆိုပါတယ်။