ကိုယ်က တွဲသာတွဲနေပေမယ့် ကိုယ့်မိန်းကလေးမှာ ဘယ်လိုအရည်ချင်းတွေပိုင်ဆိုင်
ထားလည်းဆိုတာ သိနိုင်မယ့်အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီလိုမိန်းက
လေးမျိုးကို ယောက်ျားလေးတိုင်း သဘောကျပြီး မခွဲချင်လောက်အောင်ပါပဲ။
အခုခတ်မှာတော့ သမီးရည်စားဆက်ဆံရေးတွေက ပြောင်းလဲလာ
တဲ့အတွက် ဘာမဆို သိပ်ရှက်စရာမလိုတော့ဘူးလို့ထင်တယ်။
အရှိကိုအရှိတိုင်း လက်ခံနိုင်တဲ့မိန်းကလေး
အချစ်ဆိုတာ တစ်စုံတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုပြောင်းလဲပေးရတာမျိုး
မဟုတ်ပါဘူး။ သင့်အား အရှိကိုအရှိတိုင်း ချစ်နိုင်မယ့်လူမျိုးမှသာ ဘဝရဲ့
လက်တွဲဖော်အစစ်မှန်ဖြစ်ပါတယ်။
ဘဝမှာအရေးကြီးတဲ့လူတွေအတွက် အချိန်ပေး
သူမက သင့်ရဲ့သူငယ်ချင်း၊ မိသားစု၊ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့အချိန်ပေးပါလိမ့်မယ်။
သင်လည်း သင်ကိုယ်ပိုင်ဘဝနဲ့ဆိုတာကို သူမလက်ခံပြီးသားဖြစ်ပါတယ်။
သင့်ရဲ့အတိတ်နဲ့ပတ်သတ်ပြီး စိတ်မဝင်စား
ပြီးခဲ့တဲ့ အတိတ်က သင်ဘာတွေလုပ်ခဲ့တယ်.. သင်ဘယ်မိန်းကလေးနဲ့ တွဲခဲ့တယ်ဆို
တာ သူမ ဘယ်တော့မှမေးမှာမဟုတ်ပါဘူး။
အတူတူဂိမ်းဆော့ခြင်း
သင့်နဲ့အတူ ကောင်မလေးကဂိမ်းဆော့ပေးတယ်ဆိုရင်တော့ တကယ်ကိုလက်လွှတ်
မခံသင့်တဲ့ မိန်းကလေးမျိုးကိုပိုင်ဆိုင်ထားရပြီဆိုတာပါပဲ။
ဘယ်တော့မှ မဝေဖန်မယ့်သူ
သင့်ကောင်မလေးဟာ သင်နေထိုင်မှု အကျင့်စရိုက်နဲ့ပတ်သတ်ပြီး ဘယ်တော့မှ
ပြဿနာမရှာဖူးဘူးဆိုရင် ဂုဏ်ယူလိုက်ပါတော့။ သင်ဟာ သဘောထားပြည့်ဝတဲ့
မိန်းကလေးကိုပိုင်ဆိုင်ထားရပါပြီ။
ဥာဏ်ရည်ထက်မြက်သူ
စကားပြောတဲ့အခါတိုင်း ဥာဏ်ရည်ထက်မြက်မှုကို ထင်းခနဲမြင်တွေ့စေနိုင်တဲ့
မိန်းကလေးမျိုးဟာ ပိုပြီးဆွဲဆောင်မှုရှိကြောင်းသိရပါတယ်။ ဒီလိုမိန်းကလေးကို
သင်ပိုင်ဆိုင်ထားရပြီဆိုရင်တော့ စမတ်ကျပြီပဲပေါ့။
သင့်ရဲ့သူငယ်ချင်းတွေနဲ့လည်း တည့်အောင်ပေါင်းနိုင်သူ
သင်ရဲ့သူငယ်ချင်းတွေနဲ့အတူတူ လိုက်ပြီးကဲရလည်း စိတ်မရှုပ်တတ်သူ၊ ပျော်ပျော်
နေသူဆို သင်ဟာ တစ်ပန်းသာသွားပါပြီ။
ကိုယ်ပိုင်အချိန်
လူတိုင်းမှာ ကိုယ်ပိုင်အချိန် ရှိသင့်မှန်း သူမအနေနဲ့နားလည်သဘောပေါက်
ပြီးသားဖြစ်ပါတယ်။
အစေခံတစ်ယောက်လို့ မဆက်ဆံခြင်း
ဈေးဝယ်ထွက်တဲ့အခါ သူမလိုချင်တာအတွက် သူမပိုက်ဆံနဲ့ပဲရှင်းပြီး အထုပ်တွေ
သယ်တဲ့အခါလည်း နှစ်ယောက်မျှပြီးသယ်ချင်စိတ်ရှိတဲ့ မိန်းကလေးဆိုရင်တော့
အတိုင်းထက်အလွန်ပေါ့။ တစ်ချို့မိန်းကလေးတွေဆို သူတို့လိုချင်တာအကုန်ဝယ်ပေး
၊ ပစ္စည်းလည်း ချစ်သူကိုပဲသယ်ခိုင်းသော… အလွန်ဘိုကျသော မိန်းကလေးတွေ
ရှိပါတယ်။
ဘယ်တော့မှ အပြစ်မပြောတတ်
သင်ဟာ သူမရှေ့မှာဟာသတစ်ခုခုပြောလိုက်ပြီးမှ စိတ်ကျဉ်းကျပ်သွားရတာမျိုး
မဖြစ်စေရပါဘူး။ သူမဟာ သင့်ရဲ့ပြက်လုံးတွေကို အပြစ်ပြောမယ့်မိန်းကလေး
မဟုတ်ပါဘူး။
သင်နဲ့အတူ တီဗီကြည့်ပေးသူ
သင်သိပ်ကြိုက်တဲ့ ဇာတ်ကားကို သင်နဲ့အတူလိုက်ကြည့်ပေးတဲ့မိန်းကလေးမျိုး
ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ပြည့်စုံတဲ့ မိန်းကလေးကိုပိုင်ဆိုင်ထားရပြီဆို
သင့်အနေနဲ့ လက်လွှတ်မခံသင့်တော့ဘူးနော်။