မျက်တောင်ကော့ကော့လှလှလေးတွေပိုင်ဆိုင်ချင်ကြတဲ့ ပျိုမေတို့အတွက်နည်းလမ်းကောင်းလေးတွေရှိနေပါပြီ။
သဘာဝအတိုင်းမျက်တောင်လေးတွေရှည်စေဖို့လုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေပြောပြသွားပါမယ်။ပုံမှန်လေးလုပ်သွားမယ်ဆိုရင် တစ်လအတွင်းမျက်တောင်လေးတွေသိသိသာသာရှည်လာတာကိုမြင်တွေ့ရမှာပါ။
၁။ဗီတာမင်အီး
မျက်တောင်ကော့တံအဟောင်းလေးနဲ့ဗီတာမင်အီးနည်းနည်းယူပြီးလိမ်းပေးပါ။၅မိနစ်လောက်ကြာတဲ့အထိလိမ်းပေးပါ။တစ်ရက်ကို ၂ကြိမ်လုပ်ပေးနိုင်ပါတယ်။
၂။ဆီ
အုန်းဆီ၊သံလွင်ဆီတွေမှာ Fatty အက်ဆစ်ပါဝင်လို့ မျက်တောင်တွေကို ရှည်လျားစေဖို့ကူညီအားဖြည့်ပေးပါတယ်။ သန့်ရှင်းတဲ့ဘရပ်ရှ်၊လက်ချောင်းပေါ်မှာ ဆီအစက်နည်းနည်းချပြီး ညအိပ်ရာမ၀င်ခင်မျက်တောင်ပေါ်ကိုလိမ်းပေးပါ။ နေ့တိုင်းပုံမှန်လုပ်ပေးနိုင်ပါတယ်။
၃။ပရိုတင်းနဲ့ဗီတာမင်များများပါတဲ့အစားအစာတွေစားပါ
ပရိုတင်းနဲ့ဗီတာမင်ပါတဲ့အစားအသောက်တွေကိုများများစားပေးပါ။မျက်တောင်နဲ့ဆံပင်တွေမြန်မြန်ရှည်စေဖို့ကူညီပေးပါတယ်။အစေ့အဆန်၊အသား၊ငါး၊ဥ၊အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေများများစားပါ။
၎။လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea)
Green Tea မှာ ဗီတာမင်တွေအများကြီးပါဝင်ပါတယ်။ အဲ့ဒါကြောင့်ဆံပင်တွေကျွတ်တာကို သက်သာစေဖို့ Green Teaပါဝင်တဲ့အလှကုန်ပစ္စည်းတွေအများကြီးတွေ့ရတာပါ။ Green Teaတစ်ခွက် ဖျော်ပြီးအေးအောင်ထားပါ။ပြီးရင်ဂွမ်းလေးနဲ့စွတ်ပြီး တစ်နေ့ကိုနှစ်ကြိမ်မျက်တောင် ကိုသုတ်လိမ်းပေးပါ။
၅။ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်အနည်းငယ်ကိုယူပြီးအရည်ပျော်အောင်ချေပါ။ပြီးရင်မျက်တောင်တွေအပေါ်လိမ်းပေးပါ။ညအိပ်ရာမ၀င်ခင်လိမ်းပေးပြီးမနက်နိုးရင်မျက်နှာသစ်ပေးပါ။ရှားစောင်းလက်ပက်နဲ့သံလွင်ဆီအနည်းငယ်ရောပြီးလိမ်းပေးရင်ပိုပြီးအကျိုးသက်ရောက်မှုရှိစေပါတယ်။
၆။မျက်နှာသစ်ပါ
ညအိပ်ရာမ၀င်ခင် မျက်နှာသစ်ပေးပါ။မိတ်ကပ်တွေကိုလည်းသေချာဖျက်ပါ။ မျက်လုံးကိုဂရုတစိုက်နဲ့မျက်တောင်ကော့ဆေးတွေမကျန်အောင်ဖျက်ပစ်ပါ။မျက်တောင်ကော့ဆေးတွေကျန်နေတဲ့အခါ အိပ်ရာဝင်ရင်မျက်တောင်တွေအလွယ်တကူကျွတ်သွားနိုင်ပါတယ်။