လှပတဲ့ တင်ပါးတစ်စုံကိုရရှိနိုင်ဖို့ လိုက်နာရမယ့်အချက်များ

ကိုယ်စားနေတဲ့ အစားစာတွေကို သတိထားဖို့လိုသလို၊ လှပပြီး လုံးဝန်းတဲ့ တင်ပါးကို ရရှိနိုင်ဖို့အတွက်ဆို မှန်ကန်တဲ့အစားစားနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ အမြဲတမ်းလိုချင်နေခဲ့တဲ့ တင်ပါးတစ်စုံကိုရရှိနိုင်ဖို့အတွက် တကယ်ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အခြေခံနည်းလမ်းများ
လေ့ကျင့်ခန်းမပါဘဲ သင့်ရဲ့တင်ပါးပိုကြီးလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လိုချင်တဲ့
တင်ပါးရနိုင်ဖို့အတွက် အောက်ပါ အချက်နှစ်ချက်ကိုလိုက်နာဖို့လိုပါတယ်။
– ကြွက်သားသန်မာစေမယ့် လေ့ကျင့်ခန်း
– ပြည်လည်အားဖြည့်ပေးနိုင်မယ့် အစားစာ

လေ့ကျင့်ခန်းပြီးနောက်မှာ သင့်ရဲ့တင်ပါးကို ထက်ပြီးအားဖြည့်ဖို့အတွက် မှန်ကန်တဲ့
အစားစာနဲ့ သင့်တင့်တဲ့ပမာဏကို ရွေးချယ်နိုင်ဖို့လိုပါတယ်။

သင့်စိတ်ထဲမှာ ဒါဟာရိုးရှင်းတဲ့ နည်းလမ်းလို့သတ်မှတ်ထားရမယ် : သင်ဟာ
ဝိတ်တက်ချင်တယ်ဆို များများစားပေးပါ။ တင်ပါးပဲကြီးချင်တာဆို ပုံမှန်လောက်ပဲစားဖို့လိုပါတယ်။

တစ်ရက်ကို ကြိုက်နှစ်သက်ရာ အသီးအနှံ့တစ်လုံးစားပေးသင့်ပါတယ်။
ဖော်ပြပါအစားစာတွေက သင့်ရဲ့တင်ပါးကိုကြီးထွားစေပြီး လေ့ကျင့်ခန်းကိုလည်း ပိုထိရောက်စေပါတယ်။

ပရိုတိန်း


သင်ဟာ ပုံမှန်လေ့ကျင့်ခန်းကို ကောင်းကောင်းလုပ်ဆောင်နေသူဆိုရင် ပရိုတိန်း
ဓာတ်ပါဝင်တဲ့ အစားစာတွေကို သုံးဆောင်ဖို့အကြံပေးလိုက်ပါတယ်။

ပရိုတိန်းဓာတ်အပြည့်အဝပါဝင်တဲ့ အစားစာတွေက- တူနာ၊ ကြက်ဆင်၊ ကြက်သား၊
tilapia ၊ ပဲတောင့်ရှည်၊ ချိစ်၊ အမဲသား၊ ငါး( အကြော်မဟုတ် ) တို့ဖြစ်ပါတယ်။

အဆီဓာတ်


မကောင်းတဲ့ အဆီတွေကိုရှောင်ပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီတွေကို
စားသုံးပေးရပါမယ်။ ထိုအဆီဓာတ်တွေက သင့်ကိုဝိတ်ကျစေတဲ့အပြင် အိပ်မက်ထဲက
တင်ပါးလေးကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးပြုတဲ့
အဆီတွေက ငါးကြီးဆီ၊ သံလွင်ဆီ၊ မက်မွန်သီး၊ သစ်ကြားသီး နဲ့ မြေပဲထောပတ်
ဖြစ်ပါတယ်။

အသီးအရွက်


antioxidant များတဲ့ အသီးအရွက်တွေကို သေချာစားပေးပါ။ ပန်းမုန်လာ၊ ဟင်းနု
နွယ်၊ ကိုက်လန် နဲ့ အစိမ်းရောင်ပါတဲ့ အသီးအရွက်တွေစားပေးပါ။

လေ့ကျင့်ခန်း
Lunges

Squats

Butt bridges

371 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.