ခွေးလေးတွေရဲ့အမူအရာကိုကြည့်ပြီး သူတို့ဘာကိုဆိုလိုနေလဲဆိုတာသိနိုင်မယ့် အချက်တွေ

ခွေးတွေဟာ လူတွေဘဝနဲ့အများကြီးနီးစပ်ပါတယ်။ လူတွေပြောစကားအားလုံး
နားလည်ပြီး သူတို့ပြန်မပြောတတ်တာတစ်ခုပဲရှိပါတယ်။ ဒါဆို ခွေးသခင်တွေအနေနဲ့
သင်တို့ရော သူတို့ပြောချင်တဲ့စကားတွေကို နားလည်နိုင်လား? ခွေးလေးတွေ
အမူအရာကိုကြည့်ပြီး သူတို့ဘာကိုဆိုလိုချင်တာလဲဆိုတာ အများကြီးလေ့လာဆန်းစစ်မှုတွေပြုလုပ်ထားပါတယ်။

စိုက်ကြည့်ခြင်း


ခွေးလေးတွေက သူတို့ချစ်ကြောင်းဖော်ပြချင်ရင် သင်နဲ့မျက်လုံးချင်းဆုံအောင်
ကြည့်ကြပါတယ်။

အရုပ်သယ်လာခြင်း


ခွေးလေးက သင့်ဆီအရုပ်သယ်လာပြီဆိုရင် သူနဲ့အတူနေပေးပါ။ သူနဲ့အတူတူ
ဆော့ပေးပါဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကိုယ်ကဆော့ပေးရင် သူတို့အရမ်းတက်
ကြွနေတာကိုတွေ့ရမှာဖြစ်ပါတယ်။

တံခါးအဝမှာ စောင့်နေခြင်း


သင့်ကို တံခါးအဝမှာထိုင်စောင့်နေပြီဆိုရင် သူတို့သင့်ကို သိပ်လွမ်းနေလို့ဖြစ်
ပါတယ်။ သင့်ကိုပဲ တံခါးဝမှာ တမျှော်မျှော်နဲ့ မလာမချင်းစောင့်နေပါလိမ့်မယ်။
သူ့ကို အိမ်မှာတစ်ကောင်တည်းထားခဲ့တော့မယ်ဆိုရင် သူတို့က တိတ်ဆိတ်စွာ
သင့်ကိုကြည့်နေတတ်ပါတယ်။ သူတို့အိမ်မှာတစ်ကောင်တည်းကျန်ခဲ့တဲ့အခါ
စိတ်အားငယ်ပြီး အထီးကျန်ဝေဒနာကိုခံစားရတတ်ပါတယ်။

နားလေးတွေ..မျက်ခုံးလေးတွေက တစ်ခုခုထူးဆန်း


ခွေးလေးတွေက သူတို့သင့်ကိုပြောပြချင်တာရှိရင် သူတို့ရဲ့ခန္ဓာကိုယ်အစိတ်
အပိုင်းလေးတွေနဲ့ အဓိပ္ပာယ်ကိုဖော်ပြလေ့ရှိပါတယ်။ လူစိမ်းတစ်ယောက်(သို့)
တစ်ခုခုထူးဆန်းတာတွေ့ရင် သူတို့ကထိုသို့ဖော်ပြလေ့ရှိပါတယ်။

တိုးဝှေ့ဖက်တွယ်ခြင်း


သင့်ကိုတိုးဝှေ့ဖက်တွယ်နေပြီဆိုရင်တော့ သင့်ဟာ သူ့အတွက်အကောင်းဆုံး
သူငယ်ချင်းလို့ဖော်ပြနေတာဖြစ်ပါတယ်။

ခြေထောက်နားမှာ လာထိုင်နေခြင်း


ခွေးလေးက သင့်ခြေထောက်နားမှာ လာထိုင်နေပြီဆိုရင် သူဟာ သင်နဲ့အတူ
ရှိနေတယ်..သင့်ကိုကာကွယ်ပေးသွားမယ်လို့ ပြောပြချင်နေတာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.