အရသာရှိပြီး အာဟာရဓာတ်များစွာပါဝင်တဲ့ ငှက်ပျောသီးဟာ မနက်စာအတွက်
ဖြစ်စေ၊ မုန့်စားချိန်မှာပဲဖြစ်ဖြစ်၊ နေ့လည်စာစားပြီးချိန်မှာပဲဖြစ်ဖြစ် စားသုံးလို့
အကောင်းဆုံးအရာပါပဲ။ ကျန်းမာရေးနဲ့အညီဆုံး အသီးအနှံ့လို့ သတ်မှတ်ထားတာနဲ့
အညီ ငှက်ပျောသီးမှာ ဗီတာမင်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ် ၊ ဇင့်၊ အိုင်ရင်းနဲ့
အိုင်အိုဒင်းဓာတ်တွေပါဝင်ပါတယ်။ ကျန်းမာရေးအတွက် ငှက်ပျောသီးဟာ
ဘာကြောင့် အသုံးဝင်လဲဆိုတာမျှဝေပေးလိုက်ပါတယ်။
ကျန်းမာရေးအတွက် အကျိုးပြုနိုင်ရုံတင်မက ငှက်ပျောသီးမှာ အခြားအရာတွေ
ဖြစ်တဲ့ အရေပြားတွန့်ခြင်း၊ ပိုးမွှားတွေကိုက်ခြင်း နဲ့ ဖြုတ်စိမ်းကိုက်ခြင်းကိုတောင်သက်သာစေပါတယ်။
အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်
အရေပြားတွန့်ခြင်းမှ ကာကွယ်ဖို့အတွက် ငှက်ပျောသီးကိုအသုံးပြုနိုင်ပါတယ်။
– ငှက်ပျောသီးတစ်လုံး
– ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း
– ဂျုံမှုန့်
– ရေတစ်ခွက်
ဖော်ပြပါ ပစ္စည်းတွေအားလုံးကိုရောစပ်ပြီး တစ်ပတ်ကို သုံးခါလောက်လုပ်ပေးမယ်ဆို အရေပြားတွန့်ခြင်းတွေ လျော့ကျလာပါလိမ့်မယ်။
သွားတွေဖြူဖွေးစေနိုင်
ဖြူစင်တဲ့သွားလေးတွေနဲ့ ပြုံးပြချင်လား?ငှက်ပျောသီးခွံနဲ့ သွားတွေကို နှစ်မိနစ်
လောက် သွားတိုက်တိုင်းပွတ်ပေးပါက ပုလဲရောင်သွားလေးတွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။
ဆံသားတွေကို အာဟာရဖြည့်ပေးနိုင်
ငှက်ပျောသီးက သင့်ရဲ့ခြောက်သွေ့ပျက်စီိးနေတဲ့ ဆံသားတွေကို အာဟာရပြန်လည်
ဖြည့်ဆည်းပေးနိုင်ပါတယ်။
– ငှက်ပျော့သီး အရင့် နှစ်လုံး(သို့) သုံလုံးကို ကြိတ်စက်ထဲ ရေအနည်းငယ်လောက်
ရောပြီးမှ ကြိတ်ပေးပါ။ ရလာတဲ့အနှစ်ကို ဆံပင်ပေါ်သုတ်လိမ်းပေးပြီး
နာရီဝက်လောက်ပေါင်းပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ဆေးချပေးပြီး
ကြိုက်နှစ်သက်ရာ ခေါင်းလျှော်ရည်သုံးပေးနိုင်ပါတယ်။
ဒဏ်ရာတွေကို သက်သာစေနိုင်
ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်က ဓားရှရာ၊ ခြစ်ရာနဲ့ အတွင်းကြေတွေကို
တောင် သက်သာပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ်။
ပိုးမွှားကိုက်ရာတွေကိုလည်း ကုသပေးနိုင်
ပိုးမွှားကိုက်ရာကနေ ယားနာတွေဖြစ်ရင်လည်း ငှက်ပျောသီးခွံက သက်သာအောင်
ပြုလုပ်ပေးနိုင်ပါတယ်။
ငှက်လေးတွေ..လိပ်ပြာလေးတွေကိုဆွဲဆောင်နိုင်
ငှက်လေးတွေ၊ လိပ်ပြာလေးတွေကလည်း လူတွေလိုပါပဲ.. ငှက်ပျောသီးကို
ကြိုက်နှစ်သက်ကြပါတယ်။ ငှက်ပျောသီးနဲ့ ဒီတိရစ္ဆာန်လေးတွေကို ဆွဲဆောင်နိုင်ပါတယ်။