တစ်ချိန်ပြီး တစ်ချိန်ဝမ်းနည်းနေရခြင်းဟာ သာမာန်ဘဝရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်
ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျခြင်းကတော့ ကွဲပြားပါတယ်။ များစွာသော
အကြောင်းပြချက်ကြောင့်ဖြစ်နိုင်ပေမယ့် စိတ်နဲ့ ခန္ဓာကိုယ်က ဆက်စပ်နေတာမို့
စိတ်ကတစ်ခုခုဖြစ်ရင် ခန္ဓာကိုယ်ပေါ်ပါအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။
စိတ်ဓာတ်ကျခြင်းဟာလည်း ပုံမှန်နေမကောင်းခြင်းတစ်မျိုးဖြစ်ပါတယ်။
အမေရိကန်တွင် လူကြီး ၆.၇ရာခိုင်နှုန်းလောက်ဟာ စိတ်ဓာတ်ကျခြင်းကိုခံစားနေရ
တယ်လို့ စိတ်ကျန်းမာရေးအဖွဲ့အစည်းတစ်ခုမှ တင်ပြထားပါတယ်။
တစ်ကမ္ဘာလုံးနဲ့ယှဉ်ရင် လူပေါင်း၃၅ဝ မီလီလျံလောက်က စိတ်ဓာတ်ကျခြင်းရောဂါ
ကိုခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှပြောထားပါတယ်။
စိတ်ဓာတ်ကျနေတဲ့လူတွေမှာ ဝမ်းနည်းခြင်း၊မျှော်လင့်ချက်မဲ့ခြင်း ၊အထီးကျန်ခြင်း နဲ့
ပျော်ရွှင်စရာတွေ ကုန်ခမ်းသွားခြင်းစသည့် ခံစားမှုမျိုးစုံရှိနေပါတယ်။ ထိုခံစားမှုတွေ
က သင့်ရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ပြန်သက်ရောက်မှုရှိစေပါတယ်။
အလေးချိန်ကျလာခြင်း(သို့)တက်လာခြင်း
စိတ်ဓာတ်ကျရင် ပုံမှန်စားနေကျထက် ပိုစားချင်လာခြင်း(သို့) ပုံမှန်ထက်လျော့စား
ချင်လာစိတ်တွေ ဖြစ်ပေါ်စေပါတယ်။
ကိုက်ခဲနာကျင်လာခြင်း
တစ်ခါတစ်လေ ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲလာခြင်းဟာ
စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ စိတ်ခံစားချက်တွေကို ရင်ထဲမှာ
သိမ်းဆည်းထားတဲ့အခါ ထိုအရာတွေဟာ ခန္ဓာကိုယ်ကနေ ပြန်ကန်ထွက်လာတတ်
ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ နောက်ကျောတွေအောင့်လာခြင်းဖြစ်လာတတ်ပါတယ်။
အိပ်မပျော်ခြင်း
အိပ်မပျော်ခြင်းက စိတ်ဓာတ်ကျခြင်းနဲ့ဆက်နွယ်နေပါတယ်။ စိတ်ဓာတ်ကျခြင်းက
အားအင်တွေကိုကုန်ခမ်းစေပြီး မကြာခဏမောပန်းနွမ်းနယ်စေပါတယ်။ အံ့သြစရာက
ဘယ်လောက်ပဲပင်ပန်းနေပါစေ..သင့်ကိုအိပ်မပျော်အောင်လုပ်ပေးနိုင်ပါတယ်။