ယောက်ျားလေးနဲ့ မိန်းကလေးဟာ အမြဲတမ်းစကားများ၊ ရန်ဖြစ်နေတဲ့ ကြောင်နဲ့ကြွက်လိုပါပဲ။ သူတို့နှစ်ယောက်မှာ ကွဲပြားနေတဲ့ ဦးတည်ချက်နှစ်ခုရှိနေတယ်။ တစ်ယောက်က တောင်ဆို၊ တစ်ယောက်က မြောက်ပေါ့။ ဘယ်သူအမှန်ဆုံး
လဲဆိုတာကို အမြဲတမ်းအဖြေရှာဆန်းစစ်ကြည့်နေမယ်။ မိန်းမတွေဟာ ရူးနေတာ၊ အမြဲတမ်းအတွေးများတယ်လို့ ယောက်ျားလေးတွေက ထင်တတ်ပါတယ်။
ဘယ်လောက်ပဲ ခိုက်ရန်ဖြစ်နေပါစေ… နောက်ဆုံးအချိန်ကြရင်တော့ တစ်ယောက်နဲ့ တစ်ယောက်လိုအပ်လာတာပါပဲ။ ယောက်ျားလေးနဲ့မိန်းကလေးကြား ကွာခြားချက်တွေကတော့ အများကြီးပါပဲ။ ယောက်ျားလေးဘက်ကနေပဲ အသားပေးပြီး မိန်းကလေးတွေအနေနဲ့ သိထားသင့်တဲ့အချက်လေးတွေကို အရင်မျှဝေပေးသွားပါမယ်။ မိန်းကလေးတွေကတော့ ရေရှည်ကိုတွေးပြီး လိုချင်တဲ့ပုံစံကို ကိုယ့်ချစ်သူအား ပုံသွင်းချင်ကြပေမယ့် ယောက်ျားလေးတွေအနေနဲ့ကြတော့ သူတို့လိုချင်တာကို
ပြောဖို့ ရှက်ကြပါတယ်။ ဒါဆို သူတို့ဖွင့်မပြောပြချင်တဲ့ လျှို့ဝှက်ချက်လေးတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။
၁။ စက်ရုပ်တစ်ရုပ်လို မနေပါနဲ့..
ယောက်ျားလေးတွေကတော့ ဟန်ဆောင်ခြင်းပညာရပ်ကို သိပ်မကျွမ်းကျင်ကြဘူး။
အတွင်းစိတ်ရှင်းတဲ့ မိန်းကလေးတွေ၊ တစ်ခုခုဆိုပွင့်လင်းမှုရှိတဲ့ မိန်းကလေးမျိုးကို
သဘောကျကြပါတယ်။ ကိုယ့်ချစ်သူကောင်လေးရှေ့မှာ ကိုယ့်ရဲ့နဂိုမူလပုံစံကိုပြဖို့ မကြောက်ရွံ့ပါနဲ့။
၂။ အားကစား
ဒါကတော့ ယောက်ျားတိုင်း ကိုယ့်ချစ်သူဆီကလိုချင်တဲ့အရာတစ်ခုပါ။ ဘေးနားကနေ
ဘာမှမပြောဘဲ သူနဲ့အတူအားကစားထိုင်ကြည့်ပေးမယ့် မိန်းကလေးမျိုးကို
ပိုသဘောကျပါတယ်။ ယောက်ျားလေးတွေက အားကစားကိုကြိုက်တယ်…
အားကစားကိုကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေကိုလည်း သဘေားကျပါတယ်။
၃။ စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံတတ်သူ
စိတ်ခံစားချက်ကို မဖုံးကွယ်တတ်တဲ့မိန်းကလေးမျိုးကို သူတို့ပိုသဘောကျပါတယ်။
သင်ခံစားရတဲ့အတိုင်းပြောပါ။ သင့်ခံစားချက်နဲ့ပတ်သတ်ပြီး ပြောပြဖို့ကိုမရှက်ပါနဲ့။
၎။ သဘာဝဆန်မှု
ယောက်ျားလေးတွေက မိန်းမတစ်ယောက်ရဲ့သဘာဝအလှကို ပိုမက်မောပါတယ်။
သဘာဝအလှသည်သာ ထာဝရကိုယ်နဲ့အတူတည်မြဲနေမှာမလား…။ ဟန်မဆောင်
တတ်တဲ့ မိန်းကလေးတွေနဲ့တွေ့ရင် ယောက်ျားလေးတွေ အားနည်းသွားတတ်ပါတယ်။
၅။ ဗီဒီယိုဂိမ်း
ဗီဒီယိုဂိမ်း ကစားရင်အနားမှာ အတူထိုင်ကြည့်ပေးတဲ့ မိန်းကလေးမျိုးကို ပိုသဘော
ကျပါတယ်။ ဒီလိုမိန်းကလေးကို သူတို့လိုချင်တာကလည်း ယောက်ျားတစ်ယောက်ရဲ့
သဘာဝဖြစ်နေလို့ပါ။ ဂိမ်းဟာ စုံတွဲတွေရဲ့အဓိကပြဿနာပေါ့။ ဒီပြဿနာက
သင်တို့နှစ်ယောက်ကြားက အားနည်းချက်တစ်ခုဆို ကောင်းကောင်းဖြေရှင်းတတ်
ဖို့လိုပါတယ်။
၆။ ဖုန်းအလွန်ပြောခြင်း
ဖုန်းအလွန်အကျွံ့အသုံးပြုခြင်းဟာ စုံတွဲတော်တော်များများရဲ့ပြဿနာတစ်ခု
ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ သူတို့နဲ့အတူရှိနေချိန် ဖုန်းတွေအကြာကြီး
ပြောခြင်းကို သူတို့သိပ်မုန်းပါတယ်။ သူတို့ဘာမှမပြောပေမယ့် စိတ်ထဲမှာတော့
ခံပြင်းနေကြပါတယ်။
၇။ စွန့်စားခြင်း
စွန့်စားရတာကို သဘောမကျတဲ့သူရှိပါ့မလား? ယောက်ျားလေးတွေဟာ သူတို့နဲ့
အတူ စွန့်စားမယ့်မိန်းကလေးမျိုးကို သဘောကျပါတယ်။ စွန့်စားရင်း ပျော်ရွှင်စရာ
အမှတ်တရတွေ ဖန်တီးရတာ ဘယ်လောက်တောင်ကောင်းလိုက်လဲ?
၈။ မထိ တထိစနောက်ခြင်း
မထိ တထိစနောက်တတ်တဲ့ မိန်းကလေးလောက် ဘယ်အရာကဆွဲဆောင်မှုရှိဦးမှာ
လဲ? သူတို့က အတူရှိနေရတာ စိတ်သက်တောင့်ဖြစ်တဲ့ မိန်းကလေးမျိုးကိုပဲ
သဘောကျပါတယ်။ ဟာသဥာဏ်ရွှင်တဲ့ မိန်းကလေးဆို သူတို့အတွက် အတိုင်းထက်
အလွန်ပေါ့။ ရယ်စရာလေးတွေပြောပြတတ်တဲ့ မိန်းကလေးမျိုးကို ပိုသဘောကျပါတယ်။