ခါးနာတာကို အမြန်ဆုံးသက်သာပျောက်ကင်းသွားစေဖို့ လုပ်ဆောင်ရမယ့်အချက် ၅ချက်

ခါးနာရောဂါခံစားနေရတဲ့အခါ သွားရလာရတာမလွယ်ကူသလို ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ဆေးပူတွေလိမ်းရင်လည်းခဏပဲသက်သာပြီး ပြန်နာလာနိုင်ပါတယ်။ခါးနာတာကိုသက်သာပျောက်ကင်းစေမယ့်သဘာဝဆေးနည်းလေးတွေကိုပြောပြပေးချင်ပါတယ်။

၁။သွားလာနေထိုင်တဲ့ပုံစံကိုပြောင်းလဲပါ

ခါးနာရတဲ့အကြောင်းရင်းတွေထဲမှာထိုင်တဲ့ပုံစံမမှန်တာကြောင့်ဖြစ်ကြတာက အများဆုံးပါ။ အဲ့ဒါကြောင့်သင်ထိုင်နေတဲ့ပုံစံကို ခပ်မတ်မတ် အနေအထားအတိုင်းခဏပြောင်းလဲလိုက်ပါ။ လမ်းလျှောက်တဲ့အခါမှာလည်း ခါးကိုဖြောင့်ဖြောင့်ထားပြီးလျှောက်ပေးပါ။

၂။အနားယူပါ

ခါးနာနေတဲ့အခါမှာ ဘယ်ကိုမှမသွားပဲတစ်ရက်နှစ်ရက်အနားယူပေးတာက ပိုပြီးသက်သာကောင်းမွန်စေပါတယ်။အနားယူတာက သင့်ရဲ့ ကျောရိုး၊ခါးနဲ့လည်ပင်းကြွက်သားတွေကို အနားပေးပြီးပြန်ကောင်းမွန်စေတဲ့ဆေးနည်းတစ်လက်ပါပဲ။

၃။ရေခဲ

အပြင်သွားစရာလည်းရှိတယ်၊အရေးကြီးတယ်ဆိုရင် မြန်မြန်သက်သာသွားမယ့်နည်းလမ်းတစ်ခုတော့ရှိပါတယ်။ အဲ့ဒါကတော့ ရေခဲကပ်ပေးတာပါ။၁၅မိနစ်လောက် ရေခဲကိုအ၀တ်စနဲ့ထည့်ပြီး ကပ်ပေးတာက နာကျင်နေတာကိုသက်သာစေပြီးရောင်ရမ်းတာကို လျှော့ချပေးပါတယ်။ ရေခဲကိုဒီအတိုင်းကြီးမကပ်မိဖို့တော့သတိထားပေးပါ။

၎။ရေနွေး

ခါးနာနေတာ တစ်ရက်လောက်ဖြစ်နေပြီဆိုရင်တော့ ရေနွေးနဲ့ကပ်ပေးပါ။ရေနွေးကိုအ၀တ်စနဲ့စွတ်ပြီး ခါးနားတစ်ဝိုက်ကိုဖြည်းဖြည်းချင်းကပ်ပေးပါ။အပူက ခါးနာတာကိုသက်သာစေပြီးသက်တောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။အကြောကြောင့်ဖြစ်တဲ့ရောဂါတော်တော်များများကို ရေနွေးအိတ်ကပ်ပြီး ပြန်လည်ကောင်းမွန်အောင်လုပ်လို့ရပါတယ်။

၅။ဆားခါး

နာကျင်နေတဲ့အကြောတွေကိုဖြေလျှော့ဖို့အတွက် ဆားခါးကလည်းအသုံးဝင်ပါတယ်။ဆားခါးဟာ ခန္ဓာကိုယ်ထဲကနာကျင်မှုတွေ၊ဝေဒနာတွေကို လျင်မြန်စွာနဲ့စုပ်ယူပေးပါတယ်။                   ဆားခါးနဲ့ရေနွေးစိမ်ပြီးချိုးပေးတာက အကြောတွေကိုပြေစေပါတယ်။ဆားခါးကိုခွက်တစ်လုံးစာယူပါ။ပြီးရင်           ရေချိုးကန်ထဲကိုရေနွေးဖြည့်ပြီးဆားခါးကိုထည့်ပါ။ခဏနေရင် ရေချိုးကန်မှာ နာရီဝက်လောက်စိမ်ပေးပါ။               တစ်ပတ်ကို ၂ခါလောက်လုပ်ပေးမယ်ဆိုရင် ခါးနာသက်သာစေပြီးအကြောတွေနာကျင်တာကိုပျောက်ကင်းစေပါတယ်။

 

881 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.