ကော်ဖီသောက်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

 

ဦးနှောက်စွမ်းရည်ကို ပိုမိုတိုးတက်လာစေနိုင်


ကော်ဖီဟာ ဦးနှောက်စွမ်းရည်ကိုတိုးတက်စေပြီး နိုးကြားစေခြင်းနဲ့ အာရုံစူးစိုက်
မှုကို ကောင်းစေပါတယ်။ ဒါတင်မကသေးပါဘူး။ ကော်ဖီမှာ သကြားဓာတ်ပါတဲ့
အတွက် သင့်ကိုဥာဏ်ရည်ထက်မြက်သူအဖြစ်ပြောင်းလဲစေပါတယ်။ ဘာလို့ဆို
ကဖိန်းဓာတ်နဲ့ ဂလူးကို့စ်လည်း ပေါင်းစပ်ပါဝင်နေတာမို့ သင့်ရဲ့ဦးနှောက်
အခန်းကဏ္ဍတွေကို တက်ကြွအောင်အမြဲစွမ်းဆောင်ပေးနိုင်ပါတယ်။

သွေးဖိအား ပိုကောင်းလာ


သေးငယ်တဲ့ပမာဏလောက်ရှိတဲ့ ကော်ဖီတစ်ခွက်ဟာ သင်သွေးဖိအားကျနေချိန်
ဆို မြှင့်တက်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် Tachycardia
လက္ခဏာရှိသူတွေအတွက်တော့ အကြံမပြုထားပါဘူး။ သွေးတိုးရောဂါရှိသူတွေအနေနဲ့လည်း ရှောင်သင့်ပါတယ်။

ကိုယ်ခံအားစနစ် ပိုမိုကောင်းလာ


များစွာသော နိုင်ငံများမှ သိပံ္ပပညာရှင်များရဲ့လေ့လာမှုအရ ကော်ဖီဟာ
အိုမင်းရင့်ရော်ခြင်းကို လျော့ကျစေပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်ပုံမှန်
သောက်ပေးမယ်ဆို သင့်ကိုကိုယ်ခံအားစနစ်ပိုမိုကောင်းမွန်လာစေပါတယ်။
အသည်း၊ နှလုံး နဲ့ အစာခြေစနစ်ကို တိုးတက်လာစေပါတယ်။

ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်


သဘာဝတိုင်းထုတ်လုပ်ထားတဲ့ ကော်ဖီဟာ ခေါင်းကိုက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို
သက်သာပျောက်ကင်းစေပါတယ်။ ဒါပေမယ့် ဆေးတွေလောက်တော့ အရမ်းကြီး
မထိရောက်ဘူးပေါ့။ ဆေးတွေကတော့ ပိုထိရောက်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့
ကဖိန်းဓာတ်က သင့်နာကျင်မှုရဲ့ ၄ဝရာခိုင်နှုန်းလောက်ကို သက်သာစေပါတယ်။

စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ချပေးနိုင်


ကော်ဖီသောက်ခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို လျော့ကျစေနိုင်
ပါတယ်။ အလုပ်တွေကြောင့် စိတ်တွေရှုပ်တဲ့အခါ ကော်ဖီသောက်ခြင်းဖြင့်
စိတ်အနားယူကြည့်ပါ။ မသောက်ချင်ရင်တောင် အနံ့လေးပဲဖြစ်ဖြစ် ရှုရှိုက်ပေး
ခြင်းက သင့်အာရုံတွေကို လန်းဆန်းစေပါတယ်။

မှတ်ဥာဏ် ကောင်းလာစေနိုင်


အရင်ကဆို လူကြီးတွေပဲမေ့တတ်ကြပေမယ့် အခုဆိုရင်တော့ ကလေးသေးသေး
လေးမှာကအစ မေ့တတ်တဲ့ရောဂါတွေရှိနေပါပြီ။ ကော်ဖီသောက်ခြင်းဟာ
သင့်ရဲ့မှတ်ဥာဏ်တွေကို ပိုမိုကောင်းလာစေပါတယ်။ တစ်နေ့ကို တစ်ခွက်ပုံမှန်
လောက်ပဲ သဘာဝတိုင်းအနှပ်ကော်ဖီမှုန့်တွေကို သောက်သုံးပေးပါ။
ခဏခဏ မေ့တတ်တဲ့ရောဂါ သက်သာလာတာတွေ့ရပါလိမ့်မယ်။

ဝိတ်ကျစေနိုင်


နောက်ဆုံးတော့ ဝိတ်ချလို့ကောင်းမယ့် အလွယ်ဆုံးနည်းလမ်းလေးကို
တွေ့ပြီပေါ့။ ကော်ဖီက သင့်ကိုဝိတ်ကျစေနိုင်ပါတယ်။ မနက်ကို ကော်ဖီပူပူလေး
တစ်ခွက်နဲ့စတင်ပြီး လေ့ကျင့်ခန်းလုပ်ပေးခြင်းက သင့်ကိုတစ်နေကုန် လန်းဆန်း
စေနိုင်မှာပါ။ ကော်ဖီဟာ သင့်ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းတွေကို ပိုမိုအားကောင်း
လာစေပါတယ်။ ဒါကြောင့် ဝိတ်ချတဲ့လူတွေတော်တော်များများ ကော်ဖီကို
မှီဝဲသောက်သုံးနေကြတာဖြစ်ပါတယ်။

255 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.