ကျန်းမာရေးအတွက် အထောက်ကူပြုတဲ့ ကြက်သွန်ဖြူရဲ့အာနိသင်များ

ကြက်သွန်ဖြူကို မြောက်များစွာသော ဟင်းလျာတွေထဲ ထည့်ချက်ကြသလို၊
ဟင်းအနံ့မွှေးကြိုင်ဖို့အတွက်လည်း အသုံးပြုကြပါတယ်။ ဒါတင်မကဘဲ
ကျန်းမာရေးအတွက်လည်း အထောက်ကူပြုနေတဲ့ ကြက်သွန်ဖြူအာနိသင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်နှာကို ကြည်လင်စေနိုင်
ကြက်သွန်က ဘတ်တီးရီးယားပိုးမွှားပေါင်းစုံကို သန့်စင်စေပေးနိုင်ပြီး
ပျက်စီးနေတဲ့ သင့်မျက်နှာအသားရေအပေါ်ယံလွှာကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

၂။ ခြေထောက်မှိုစွဲခြင်းကို သက်သာစေနိုင်
ကြက်သွန်ဖြူဟာ မှိုစွဲခြင်းကို တိုက်ထုတ်နိုင်တဲ့ သဘာဝဆေးကောင်းတစ်လက်
ဖြစ်ပါတယ်။ ခြေထောက်သဲဝဲ နဲ့ ခြေထောက်မှိုစွဲခြင်းတို့ဆို ရေမချိုးခင်
ခြေထောက်ကို မိနစ်၃ဝလောက် ကြက်သွန်ဖြူနဲ့ပွတ်ပေးပါ။

၃။ သွားကိုက်ခြင်းကိုလည်း သက်သာစေနိုင်
ကြက်သွန်ဖြူက သွားကိုက်ခြင်းကိုလည်းသက်သာစေပါတယ်။ ကြက်သွန်ဖြူ
အစိတ်သေးလေးကို သွားကိုက်တဲ့နေရာနားမှာ မိနစ်အနည်းငယ်လောက်
ထားထားပေးပါ။ ဒါကတော့ အရေးပေါ်ဖြေရှင်းနည်းဖြစ်ပါတယ်။ အရမ်းကိုက်နေ
တာဆိုရင်တော့ ဆရာဝန်နဲ့ပြကြည့်တာ အကောင်းဆုံးပါပဲ။

၎။ ဝက်ခြံတွေ ပျောက်ကင်းစေနိုင်
ဝက်ခြံပျောက်ချင်တယ်ဆို ကြက်သွန်ဖြူကို ဝက်ခြံပေါ်တင်တာပဲဖြစ်ဖြစ်၊ (သို့)
စားသုံးခြင်းဖြင့် သိသာလာတာကိုတွေ့ရပါလိမ့်မယ်။ သင့်အသားရေဟာ
အထိခိုက်လွယ်တယ်ဆို ကြက်သွန်ဖြူကို အရင်ဆုံးအာနိသင်အနည်းငယ်လျော့အောင်လုပ်ပြီးမှ အသုံးပြုပေးပါ။

၅။ အအေးမိခြင်းကို ကာကွယ်ပေးနိုင်
အအေးမိရင်းကနေ ဝင်လာတတ်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို ကြက်သွန်ဖြူ
က အကောင်းဆုံးတိုက်ထုတ်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားကိုလည်း ပိုကောင်းလာစေပါတယ်။

480 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.