ဇာတ်လမ်းတွဲအသစ်မှာခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်မယ့် Choi Woo Shik

ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့မင်းသားချော Choi Woo Shik ဟာ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Witch မှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်မယ်လို့ သြဂုတ်လ ၂၁ရက်နေ့က ဂျေဝိုင်ပီအင်တာတိန်းမန့်က ကြေညာခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ဒါရိုက်တာကတော့ Park Hoon Jung ဖြစ်ပါတယ်။သူက New World၊ The Tiger ၊An Old Hunter’s Tale နဲ့V.I.P ဇာတ်ကားတွေကိုလည်း အောင်မြင်စွာရိုက်ကူးခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ ငယ်စဉ်ကမှတ်ဥာဏ်တွေပျောက်ဆုံးသွားခဲ့ပြီး အဖိုးအဖွားစုံတွဲကစောင့်ရှောက်ပေးထားတဲ့အထက်တန်းကျောင်းသူတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။သူမရဲ့ ဘ၀တစ်လျှောက်လုံးမှာ ကြုံတွေ့ရမယ့်အပြောင်းအလဲတွေကြားမှာ မင်းသားချော Choi Woo Shik က ဘယ်လိုပုံစံမျိုးနဲ့ပါဝင်လာမလဲဆိုတာကိုတော့ ပရိသတ်တွေစောင့်မျှော်ကြည့်ရှုကြပါဦး။မင်းသား Choi Woo Shik ဟာ Train To Busan ဇာတ်ကားထဲမှာလည်း ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့မင်းသားတစ်လက်ပါ။

 

 

47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.