မနေ့ညက အမေရိကန်နိုင်ငံ၊ ကန်းဆက်စီးတီးမြို့အတွင်းက Arrowhead အားကစားကွင်းကြီးထဲမှာ အိမ်ရှင်အ သင်း Kansas City Chiefs နဲ့ Denver Broncos တို့ ကစားခဲ့ကြတဲ့ပွဲစဉ်အပြီး ပရိသတ်များဟာ ကားပါကင်ထဲ ရောက်လာချိန်မှာတော့ အသက်(၂၀)ကျော်လူတစ်ဦး လဲကျနေတာတွေ့ခဲ့ရတာကြောင့် သက်ဆိုင်ရာကိုအ ကြောင်းကြားခဲ့ရပါတယ်။ ရဲများနဲ့ ဆေးရုံကားရောက်ရှိလာခဲ့ပြီး ဆေးရုံကို ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့တာတဲ့အ တွက် လောလောဆယ်မှာတော့ လူသတ်မှုအဖြစ် သတ်မှတ်ကာစစ်ဆေးနေပါပြီ။ မြို့ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိ သူ ဒါရင်စနက်ပ်က “ အခြင်းဖြစ်ပွားနေခဲ့ချိန်မှာ ကားပါကင်ထဲရှိနေခဲ့သူတွေကို မေးကြည့်ခဲ့တဲ့အခါမှာ သေဆုံး သူက သူ့ကားဆီအလာ ကားထဲမှာ သူစိမ်းတစ်ယောက်ရှိနေခဲ့လို့ ရုန့်ရင်းဆန်ခတ်တွေဖြစ်ခဲ့ကြတယ်လို့ အ ကြမ်းဖျဉ်းအားဖြင့် သိရှိထားရပါတယ်။ လုံးထွေးနေခဲ့ချိန်မှာ သေဆုံးသူလဲကျခဲ့တာပါ။ ဒီလူက ကလေးတစ်ဦး လည်းပါလာခဲ့ပြီး အခင်းဖြစ်ခဲ့ချိန်မှာ ကလေးက ထွက်ပြေးသွားပြီး အကူအညီတောင်းခဲ့ပါတယ်။ လောလော ဆယ်မှာတော့ လူသတ်မှုအဖြစ် အမှုဖွင့်ပြီး စစ်ဆေးနေဆဲပါပဲ”လို့ အတည်ပြုခဲ့ပါတယ်။
ကားပါကင်ထဲ လဲကျသေဆုံးနေသူတစ်ဦးကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ အမေရိကန်ဘောလုံးပွဲတစ်ပွဲ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။