သင့်ရဲ့ လက်မှာ ဓာတ်ဆီ၊ဒီဇယ်ဆီတွေကိုင်မိလို့ အနံ့စွဲနေတယ်ဆိုရင် အနံ့ပျောက်သွားအောင်ဒီနည်းလမ်းလေးတွေသုံးကြည့်ပါ။အကျီအ၀တ်အစားတွေမှာ ဓာတ်ဆီတွေပေသွားခဲ့ရင်လည်း ဒီနည်းလမ်းတွေကိုသုံးကြည့်သင့်ပါတယ်။
၁။ရှာလကာရည်ကိုသုံးပါ။
ရှာလကာရည်နဲ့လက်ကိုသေချာပွတ်ဆေးပါ။တစ်မိနစ်လောက်ကြာအောင် လက်ကိုသေချာပွတ်တိုက်ပါ။ပြီးရင် ရေဆေးချလို့ရပါပြီ။ရေဆေးပြီးမှ ဆပ်ပြာနဲ့တစ်ခါထပ်ပြီးပွတ်တိုက်ပေးပါ။အဲ့ဒါဆိုရင် ဓာတ်ဆီနံ့ရတော့မှာမဟုတ်ပါဘူး။
၂။သံပုရာသီး
ဒီနည်းလမ်းလေးကတော့ လွယ်လွယ်လေးပါ။သံပုရာသီးတစ်လုံးကိုအရည်ညှစ်ပြီးရေနဲ့ရောပါ။ပြီးရင်လက်ကိုသေချာနှံ့အောင်ဆွတ်ပါ။တစ်မိနစ်လောက်နှံ့အောင်ပွတ်တိုက်ပြီးရင် ရေဆေးလို့ရပါပြီ။ပြီးမှ ဆပ်ပြာနဲ့ထပ်ဆေးချပါ။
၃။ဆပ်ပြာရည်နဲ့ဆား
ခွက်တစ်လုံးထဲကို ဆားလက်ဖက်ရည်ဇွန်း၂ဇွန်းထည့်ပါ။ပြီးရင်လက်ထဲကိုဆပ်ပြာရည်အနည်းငယ်ထည့်ပါ။ခွက်ထဲကဆားကိုယူပြီးလက်ကိုသေချာပွတ်တိုက်ပါ။အိမ်သုံးဆားက အနံ့အသက်စွဲတာကိုပျောက်ကင်းစေပါတယ်။ဆပ်ပြာရည်နဲ့ဆားကို တစ်မိနစ်လောက်သေချာပွတ်တိုက်ပေးပါ။ပြီးရင်ရေဆေးချလို့ရပါပြီ။