ချိုင်းမဲလို့စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးများ

ချိုင်းမဲရင် အကျီ င်္လက်ပြတ်ဝတ်ရင်တောင် ကိုယ့်ကိုယ်ကို မလုံလဲဖြစ်ရပါတယ်။
ဘယ်သူများ ကိုယ့်ရဲ့မည်းနေတဲ့ချိုင်းကို သတိထားမိသွားမလဲဆိုပြီးတော့ပေါ။့
အခုဆို ဒီလိုဖုံးကွယ်ထားစရာမလိုတော့ပါဘူး။ ဆိုင်တွေမှာသွားပြီး
ပိုက်ဆံကုန်ကျခံစရာမလိုဘဲ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ပဲ
တကယ်ထိရောက်ပြီး ချိုင်းကြားအသားရည်ဖြူဝင်းစေတဲ့နည်းလမ်းလေးတွေကို မျှဝပေးလိုက်ပါတယ်။

အာလူး

အာလူးကို ပါးပါးလေးလှီးပြီိး ချိုင်းကို ၅မိနစ်မှ ၁ဝမိနစ်ထိပွတ်ပေးပါ။
နေ့တိုင်းလုပ်ပေးပါက သိသာတဲ့ရလဒ်ကိုတွေ့ရမှာဖြစ်ပါတယ်။

လီမွန်သီး


လီမွန်သီးအရည်ကို ချိုင်းကြားအသားရေမှာသုတ်လိမ်းပေးပြီး ၁၅မိနစ်ကြာ
တဲ့အခါ ရေနဲ့ဆေးချပေးပါ။

ဖယောင်း


အမွှေးတွေကို ရိတ်တာတို့၊ နုတ်တာတို့ထက် ဖယောင်းနဲ့အမွှေးချွတ်ခြင်းက
အမွှေးပေါက်နှုန်းကို နှေးကွေးစေပြီး ပြန်ပေါက်တဲ့အခါမှာလည်း မွှေးညှင်း
နုလေးတွေသာ ထွက်လာတာတွေ့ရပါတယ်။

သကြားညိုနဲ့ လီမွန်ရည်


သကြားနဲ့ လီမွန်ရည်ကို မထူမပျစ်ရောစပ်ပြီး ထိုအနှစ်ကိုနေ့တိုင်းအသုံးပြု
ပေးနိုင်ပါတယ်။

သင်္ဘောရွက်


သင်္ဘောရွက်ကလည်း ဖြူဝင်းတဲ့ချိုင်းကြားအသားရေအတွက် အထိရောက်
ဆုံးဖြစ်ပါတယ်။

သခွားသီး


တစ်ရက်ကို အချိန်အနည်းငယ်လောက်ယူပြီး ပါးပါးလှီးထားတဲ့ သခွားသီးစိပ်နဲ့
ပွတ်တိုက်ပေးနိုင်ပါတယ်။ လိုချင်တဲ့ရလဒ် မရမချင်း တစ်နေ့ကို နှစ်ခါလောက်
ပွတ်တိုက်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ


မုန့်ဖုတ်ဆိုဒါကို ရေနဲ့ပျစ်ပျစ်လေးရောပြီး အသုံးပြုပေးရုံပါပဲ။ နေ့တိုင်းအသုံးပြု
ပေးပါက မြန်မြန်ထိရောက်ပါတယ်။

လိမ္မော်ခွံ


ကြိတ်စက်ကိုအသုံးပြုပြီး လိမ္မော်ခွံကနေ အမှုန့်ဖြစ်အောင်လုပ်ပါ။ အမှုန့်နဲ့
ရေအနည်းငယ်ကိုရောပြီး အသုံးပြုပေးနိုင်ပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.