မိန်းကလေးတိုင်းမဖြစ်မနေ စားသုံးသင့်တဲ့ အစားစာများ

၁။ တောက်ပတဲ့ အသားရည်

– နံနံပင်
– ငရုတ်ပွ
– ချောကလက်
မိန်းကလေးတိုင်းကိုယ်စီမှာ သဘာဝတိုင်းကြည့်ကောင်းတဲ့ အသားရေကိုပိုင်
ဆိုင်ကြပြီးသားပါ။ ဒါပေမယ့် တစ်ချို့သဘာဝနည်းလမ်းလေးတွေက
သင့်ရဲ့ပျက်စီးသွားတဲ့ အသားရေတွေ ပြည်လည်စိုပျိုဝင်းပလာအောင် ပြုလုပ်
ပေးနိုင်ပါတယ်။ Antioxidants ပါဝင်မှုနှုန်းများတဲ့ ဗီတာမင်စီ၊ ဗီတာမင် အေ
နဲ့ ဗီတာမင် အီးတို့ဟာ အသားရေကိုသဘာဝတိုင်း စိုပြေတောက်ပလာအောင်
ပြုပြင်ပေးပြီး နေလောင်ဒဏ်ကိုလည်း ကာကွယ်ပေးပါတယ်။ Alpha Lipoic
Acid (သို့) ALA က အသားရေမှာရှိတဲ့ နေလောင်ကွက်တွေနဲ့ အမည်းစက်များကို မှေးမှိန်ပျောက်ကွယ်စေပါတယ်။ Coenzyme Q10, (သို့) CoQ10 က အသားရေနုပျိုလာအောင်ပြုလုပ်ပေးနိုင်ပါတယ်။

၂။ ရင်သားတင်ရင်းစေဖို့အတွက်

– ပန်းမုန်လာ
– မှို
– လက်ဖက်စိမ်းဖျော်ရည်
လေ့လာမှုများအရ တစ်ချို့အစားစာတွေဟာ ကင်ဆာနဲ့ ရင်သားကင်ဆာ
ပွားနှုန်းကိုလျော့ကျစေပြီး ကာကွယ်ပေးနိုင်ကြောင်းသိရပါတယ်။ ပန်းမုန်လာ
မှာဆို indole-3-carbinol ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်များစွာ အထောက်ကူပြုနိုင်ပါတယ်။

၃။ သန်မာတဲ့အရိုးနဲ့ ကျန်းမာတဲ့သွား


– ချိစ်
– ဂေါ်ဖီထုပ်
– လိမ္မော်ဖျော်ရည်
ကယ်စီယမ်ဟာ အရိုးနဲ့သွားရဲ့ဖွဲ့စည်းတည်ဆောက်ပုံ တိုးတက်မှုနှုန်းအတွက်
အလိုအပ်ဆုံးအရာဖြစ်ပါတယ်။ ဗီတာမင် ဒီကနေ ခွဲထွက်လာတာဖြစ်ပြီး
ကယ်စီယမ်ကို စုပ်ယူနိုင်ပါတယ်။

၎။ ဟော်မုန်းထိန်းညှိနိုင်ဖို့အတွက်


– ဆောလမွန်ငါး
– အခွံမာသီး
– အရွက်ဆီ
Cleveland Clinic (USA) မှ သုတေသနတွေရဲ့လေ့လာမှုအရ မိန်းကလေးတွေ
အတွက် ဟော်မုန်းထိန်းညှိနိုင်တဲ့ အစားသောက်တွေဖြစ်တယ်လို့သိရပါတယ်။
ထိုအစားတွေမှာ omega-3 fatty acids, ဗီတင်မင် အီး၊ အိုင်အိုဒင်း၊
choline နဲ့ ဗီတာမင် စီတို့ပါဝင်ပါတယ်။

၅။ တောင့်တင်းတဲ့ ကြွက်သားနဲ့ ဝိတ်ထိန်းနိုင်ဖို့အတွက်


– အသား
– ကြက်ဥ
– ပဲသီး
ပရိုတိန်းဓာတ်ဟာ အရွယ်ရောက်ခါစ မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ပြောင်းလဲ
မှုအတွက် တကယ်ကိုအရေးကြီးပါတယ်။ လူကြီးတွေအတွက် ပရိုတိန်းဓာတ်ဟာ
ဝိတ်ကျစေပြီး ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
ပရိုတန်းဓာတ် ၁ဂရမ်ဟာ အလေးချိန် ၁ပေါင်ကျစေတယ်လို့သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.