ကိုယ့်ကို လူတစ်ယောက်လိမ်နေလားဆိုတာ သိနိုင်မယ့်အချက်များ

ဘယ်လောက်ပဲ အလိမ်မခံရအောင် နေပါစေ.. လိမ်ညာချင်တဲ့သူတွေကတော့
နေရာတိုင်းမှာ အပြည့်ရှိနေပါတယ်။ လူလိမ်တစ်ယောက်ကို ကိုယ်ကခွင့်လွှတ် ပေးသည့်တိုင် အလိမ်ခံရတဲ့ဘဝဟာ သိပ်သာယာဖို့တော့မကောင်းဘူး။

စိတ်ပညာရှင်တွေ လေ့လာချက်အရ လူလိမ်တွေရဲ့စရိုက်လက္ခဏတွေကို အကြမ်း ဖျင်း တွက်ချက်နိုင်အောင်ဖော်ပြလိုက်ပါတယ်။ ဒါတွေကိုသိထားရင် ကိုယ့်ကို လူတစ်ယောက်လိမ်ပြောနေလားဆိုတာတော့ မှန်းဆနိုင်မှာဖြစ်ပါတယ်။

၁။ လူလိမ်တွေဟာ သူတို့မှာအပြစ်မရှိကြောင်းဖုံးကွယ်ဖို့ကြိုးစား


အမှန်တရားကို မပေါ်စေဖို့အတွက် လူလိမ်တွေဟာ သူတို့မှာအပြစ်မရှိကြောင်း
ဖုံးကွယ်ပြောဖို့ကြိုးစားကြပါတယ်။ ပါးစပ်ထဲရှိရာ အခြားလူကို အပြစ်ပုံချဖို့
ဝန်မလေးသလို..ဒီလိုလိမ်လိုက်ခြင်းဟာ သူတို့ကိုအပြစ်ပိုကြီးစေတယ်ဆိုတာကို
နားမလည်ကြဘူး။

၂။ လူလိမ်တွေမှာ မကောင်းတဲ့အမြင်အမြဲရှိ


လူလိမ်တွေက သူတို့မသိစိတ်မှာ လိမ်ညာခြင်းများအတွက် အပြစ်ရှိသလိုခံစားနေ
ရတာကြောင့် ဘယ်အရာမဆို အကောင်းမြင်ဖို့ဝန်လေးနေတတ်ပါတယ်။

၃။ တာဝန်ယူလိုစိတ်မရှိ


တစ်ခုခုမှားလုပ်မိလည်း ပေါ့ပျက်ပျက်ဖြေရှင်းချက်မျိုးပေးလိုက်တာပါပဲ။ ထိုအတွက်
တာဝန်ယူပေးတာမျိုးတွေမရှိပါဘူး။ သူတို့ဦးနှောက်က ရှုပ်ထွေးတဲ့လိမ်ညာမှုတွေ
ကို သိပ်ပြီးခေါင်းရှုပ်ခံ မစဉ်းစားကြတော့ဘူးလေ။

၎။ ရှုပ်ထွေးတဲ့စကားလုံးမျိုးတွေသာအသုံးပြု


ရိုးရိုးပြောရင် နားလည်နိုင်မယ့်စကားကို ရှုပ်ထွေးအောင်လုပ်ပြီး ဟိုလိုလို ဒီလိုလို
တွေပြောတတ်ကြပါတယ်။ အသေးစိတ်မေးတတ်သူဆို သေချာနှိုက်နှိုက်ချွတ်ချွတ်
မေးလိုက်ရင် သူတို့ထိုကိစ္စနဲ့ပတ်သတ်ပြီး သေချာမပြောပြနိုင်တော့ပါဘူး။

မျက်လုံးတွေက လိမ်လို့မရ


တကယ်လို့ လူတစ်ယောက်သင့်ကိုလိမ်နေမှန်းသိချင်ရင် သူ့မျက်လုံးကိုသာ
ကြည့်လိုက်ပါ။ သေချာစိုက်ကြည့်ပါ။ သူတို့အကြည့်က ပုံမှန်မဟုတ်ရင် ၊
သင်နဲ့အကြည့်ချင်းလွှဲသွားပြီဆို လိမ်နေတာသေချာပါပြီ။ လိမ်လည်ခြင်းက
စိတ်လှုပ်ရှားစေပြီး၊ သွေးခုန်နှုန်းတွေပိုမြန်စေကာ မျက်ဆံအနက်က ပိုပြီးကြီးလာတတ်ပါတယ်။

504 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.