မန်ချက်စတာသား လက်ဝှေ့အကျော်အမော် ရစ်ကီဟတ်တန်ဟာ လက်ဝှေ့ထိုးသတ်ခြင်းကနေ အနားယူခဲ့ပြီး တဲ့နောက်ပိုင်း အရက်အလွန်အကျူးသောင်သုံးမှု၊ ပြသနာမကြာခဏဖြစ်မှုများကြောင့် ဇနီးလောင်းဂျနီဖာဒေါ လေးနဲ့ အဆင်မပြေဖြစ်နေခဲ့တာကြာနေပါပြီ။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း အရင်အိမ်ထောင်နဲ့ ရခဲ့တဲ့သား ကမ်းဘဲလ်(၁၂)နှစ်ရဲ့ ပထမဆုံးလက်ဝှေ့ပွဲကိုသွားကြည့်ဖို့ ထွက်သွားလိုက်တာဟာ ဒီနေ့မနက်အစောပိုင်းမှ ပြန်ရောက်လာခဲ့လို့ ဂျနီဖာက အိမ်ထဲအ၀င်မခံဘဲ မောင်းထုတ်ခဲ့တာကြောင့် သူငယ်ချင်းအိမ်ဆီကိုရောက်ခဲ ရပါရောလား။ ရစ်ကီနဲ့ ဂျနီဖာတို့က (၃၅)နှစ်အရွယ်များဖြစ်ကြပြီး သမီးနှစ်ဦးထွန်းကားခဲ့ကြပေမယ့် ရစ်ကီရဲ့ ပါတီပွဲပျော်ဘ၀နေထိုင်မှုပုံစံကြောင့် ဒီလိုပြသနာတွေဖြစ်လာခဲ့ရခြင်းပါပဲ။
ပြီးခဲ့တဲ့လကလည်း ဘူလ်ဂေးရီးယားနိုင်ငံဆီကို လက်ဝှေ့ပွဲသွားကြည့်ခဲ့ကြတဲ့အခါ တည်းခိုရာဟိုတယ်ခန်းအ တွင်း ညလုံးပေါက်သောင်းကျန်းခဲ့ကြလို့ မခံနိုင်တဲ့အဆုံးမှာတော့ ရစ်ကီဟတ်တန်တို့ တစ်သိုက်ကို မနက်(၆) နာရီရောက်တော့ သက်ဆိုင်ရာကလာရောက်ပြီး ထွက်ခွာခိုင်းခဲ့ရပါသေးတယ်။ WBA လိုက်ဝဲလ်တာဝိတ်တန်း နဲ့ ၀ဲလ်တာဝိတ်တန်းများမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ ရစ်ကီဟတ်တန်ဟာ ၂၀၀၉ခုနှစ်၊ မေလ(၂)ရက်နေ့က လာ့စ်ဗီးဂတ်စ်မှာ ပတ်ကွီအိုရဲ့ အလဲထိုးခြင်းကို ခံခဲ့ရပြီးတဲ့နောက် လက်ဝှေ့ထိုးသတ်ခြင်းကနေ အပြီးတိုင်အ နားယူပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် (၃)နှစ်အကြာမှာတော့ ပြန်ထိုးတော့မယ်လို့ ဆုံးဖြတ်ကာ ယူကရိန်း လက်ဝှေ့သမားဆန်ချန်ကိုနဲ့ ထိုးခဲ့ရာမှာ အလဲထိုးခံခဲ့ရပြီးချိန်ကစလို့ အနားယူခဲ့တာ ယနေ့အထိပါပဲ။