နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့မက်ဒေါနားနဲ့ဒေမီမိုရီတို့ဟာ အုန်းရေကိုနေ့တိုင်းသောက်သုံးကြပါတယ်။သူတို့က ကျန်းမာရေးကောင်းပြီးကြံ့ခိုင်သန်စွမ်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြတာ အုန်းရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေလည်းပါဝင်ပါတယ်။အုန်းရေရဲ့ အကျိုးကျေးဇူး ၆ချက်က ဘာတွေလဲဆိုတော့
၁။သွေးအားကောင်းစေတယ်
ဆရာဝန်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အုန်းရေသောက်တာဟာ သွေးဖိအားကို တိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါတယ်။အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေ မဖြစ်ပွားအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။သွေးထဲမှာရှိတဲ့သကြားဓာတ်ကိုလည်းထိန်းချုပ်ပေးလို့ သွေးတိုး၊ဆီးချိုရောဂါတွေမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။
၂။ကိုယ်အလေးချိန်လျှော့ချပေးတယ်။
သင်က ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူဆိုရင်သင့်ရဲ့ နေ့စဉ်စားသောက်ရမယ့်စာရင်းထဲမှာ အုန်းရေကိုထည့်ထားသင့်ပါတယ်။အုန်းရေသောက်တာဟာ အားအင်ဖြည့်တင်းပေးပြီး အစားစားချင်စိတ်ကိုလည်းလျှော့ချပေးပါတယ်။
၃။ကူးစက်ရောဂါကာကွယ်ပေးတယ်။
ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အုန်းရေဟာ ခန္ဓာကိုယ်ထဲက ဘတ်တီးရီးယားပိုးမွှားတွေကိုလည်းတိုက်ဖျက်ကာကွယ်နိုင်တဲ့ဆဲလ်တွေကိုတိုးပွားကောင်းမွန်စေပါတယ်။ အုန်းရေပုံမှန်သောက်ပေးမယ်ဆိုရင် အအေးမိ၊ချောင်းဆိုးစတဲ့ကူးစက်ရောဂါတွေကိုမဖြစ်စေပါဘူး။
၎။ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကောင်းမွန်တယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာအုန်းရေကိုသောက်သုံးပေးသင့်တယ်လို့ ဆရာဝန်တွေက ညွှန်ကြားထားပါတယ်။အုန်းရေဟာ ၀မ်းချုပ်တာ၊အသည်းရောင်တာနဲ့အစာခြေစနစ်နှေးကွေးတာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
၅။ကျောက်ကပ်ကိုပိုမိုကောင်းမွန်စေတယ်။
အုန်းရေမှာ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်နဲ့တခြားဓာတ်ပစ္စည်းများစွာပါဝင်တာကြောင့် ကျောက်ကပ်ရောဂါခံစားနေရတဲ့သူတွေ သောက်ပေးသင့်ပါတယ်။အုန်းရေသောက်ပေးခြင်းဖြင့် ကျောက်ကပ်ရဲ့ လှုပ်ရှားမှုလုပ်ငန်းတွေကိုပိုမိုကောင်းမွန်စေပြီး ကျောက်ကပ်ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
၆။အသားအရည်အတွက်ကောင်းမွန်တယ်။
ဝက်ခြံပြဿနာတွေရှိတဲ့အသားအရည်ပိုင်ရှင်တွေ၊ငယ်ရွယ်နုပျိုတဲ့မျက်နှာအသားအရည်ပိုင်ဆိုင်ချင်တဲ့သူတွေအတွက် အုန်းရေက ကူညီပေးနိုင်ပါတယ်။အုန်းရေကိုမျက်နှာမှာလိမ်းပြီးတစ်ညလုံးထားအိပ်ပါ။မနက်နိုးတဲ့အခါမှာ အစက်အပြောက်ကင်းစင်ပြီး နုပျိုလှပတဲ့မျက်နှာလေးကိုရရှိပါလိမ့်မယ်။
