၁။ အိပ်ရေးဝအောင် မအိပ်ခြင်း
– အိပ်ရေးဝအောင်မအိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေကိုထိခိုက်စေပြီိး နှေးကွေးစေပါတယ်။
အကြံပေးချက်– အနည်းဆုံးတော့ ၈နာရီလောက်အိပ်ရေးဝအောင်အိပ်စက်သင့်ပါတယ်။
၂။ ညစာအလွန်စားခြင်း
– ညစာကိုအများကြီးစားခြင်း(သို့) ဝိတ်တက်စေတဲ့အစားစာတွေကိုစားသုံးခြင်း
ကြောင့် အစာချေစနစ်တွေနှေးကွေးသွားစေပါတယ်။ အထူးသဖြင့် ညအချိန်တွေမှာပေါ့။
– တီဗီကြည့်ရင်း အစားစားခြင်းဟာလည်း ထိခိုက်စေပါတယ်။
အကြံပေးချက် – ပရိုတိန်းဓာတ်နဲ့ အသီးအရွက်တွေပါဝင်တဲ့ ပေါ့ပါးတဲ့ညစာကိုစားသုံးသင့်ပါတယ်။
၃။ ထမင်းစားပြီးပြီးချင်း အိပ်ရာဝင်ချင်း
– ထမင်းစားပြီးပြီးချင်း အိပ်ရာဝင်ချင်းက သင့်ကိုပိုပြီးဝိတ်တက်စေပါတယ်။
– အစာမကြေနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
အကြံပြုချက် – အိပ်ရာမဝင်ခင် ၁နာရီခွဲ – ၂နာရီလောက်ခြားပြီး အစားစားသင့်ပါတယ်။
၎။ ညနေစာကို ဆီကြော်စာတွေစားသုံးခြင်း
– ဆီကြော်စာတွေ စားသုံးခြင်းက သင့်ကိုများစွာသောကယ်လိုရီတွေတက်စေပါတယ်။
– ဝိတ်တက်စေတဲ့ ဆဲလ်တွေပိုတိုးလာစေပါတယ်။
– ကောင်းကောင်းလည်း အိပ်မပျော်နိုင်တော့ပါဘူး။
အကြံပြုချက် – အသီးအနှံ့နဲ့ အရွက်သုပ်တွေစားသုံးပေးနိုင်ပါတယ်။
၅။ အသားများစွာပါဝင်တဲ့ ညနေစာကိုစားသုံးခြင်း
– အသားတွေများစွာ စားသုံးခြင်းဟာ သင့်ကိုအစာမကြေဖြစ်စေပါတယ်။
– ကောင်းကောင်းလည်း အိပ်မပျော်စေပါဘူး
အကြံပြုချက် – အသားစားခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို
တိုးတက်စေတာမို့ သင်ကြိုက်နှစ်သက်တယ်ဆို စားသုံးပါ။ ညဘက်စားသုံးတာကို ရှောင်ပေးဖို့လိုပါမယ်။
၆။ cereal နဲ့ အုတ်ဂျုံမှုန့်ကို ညနေစာအဖြစ်စားသုံးပေးနိုင်
– သင့်ကိုစွမ်းအင်များစွာ ပေးစွမ်းနိုင်ပြီး နှစ်ခြိုက်စွာအိပ်စက်နိုင်အောင်လုပ်ပေးနိုင်ပါတယ်။
– ကယ်လိုရီနည်းတာကြောင့် သင်ဝိတ်ချနေတာဆို စားလို့အဆင်ပြေစေပါတယ်။
အကြံပြုချက်– ညစာအတွက် သုံးဆောင်မယ်ဆို သစ်သီးတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။
၇။ ညပိုင်းကို အချိုစာတွေစားခြင်း
– သကြားနဲ့ ဂျုံမှုန့်တွေက သင့်ကိုဝိတ်တက်စေပါတယ်။
– ညဘက်တွေမှာ ဒီမုန့်တွေစားရင် သင်ဝိတ်ချလို့ရမှာမဟုတ်ပါဘူး
အကြံပြုချက် – အချိုပွဲစားချင်တယ်ဆို သစ်သီးဝလံတွေစားသုံးပါ။ သစ်သီးတွေကို
ချိုလည်းချိုသလို အသားရေကိုလည်းကောင်းစေပါတယ်။
၈။ အိပ်ရာမဝင်ခင် ဖုန်း(သို့)ကွန်ပျုတာ အသုံးပြုခြင်း
– ဖုန်းကလာတဲ့ ရောင်ခြည်တန်းတွေဟာ သင့်ကိုအတော်နဲ့အိပ်လို့မရအောင် လုပ်နိုင်ပါတယ်။
အကြံပြုချက် – အိပ်ရာမဝင်ခင် ၁နာရီအလိုလောက် ဖုန်းမကြည့်ပါနဲ့တော့။
စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း ကိုပြုလုပ်ပေးပါ။
၉။ ညတိုင်း နောက်ကျမှအိပ်ရာဝင်ခြင်း
– ညတိုင်း နောက်ကျမှအိပ်ရာဝင်ခြင်းဟာ သင့်ကိုဝိတ်တက်စေပါတယ်။ ဘာလို့ဆို ခန္ဓာကိုယ်ဟာ ပုံမှန်အတိုင်းအလုပ်လုပ်လို့ မရတော့လို့ပါ။
– မနက်မိုးလင်းတာနဲ့ ဗိုက်တွေအရမ်းဆာနေလိမ့်မယ်။
အကြံပြုချက်– တတ်နိုင်သလောက် စောစောအိပ်ပြီး စောစောထပါ။
စောစောထခြင်းကြောင့် အလုပ်တွေလည်းပြီးသလို၊ ကိုယ်လက်လှုပ်ရှားမှုတွေကောင်းစွာလုပ်နိုင်ပါတယ်။