သင်မသိသေးတဲ့ အကျီ င်္ချွှတ်အိပ်ခြင်းရဲ့အကျိုးကျေးဇူးများ

ညဘက်ဆို အိပ်စက်ခြင်းက လူသားတိုင်းအတွက်အရေးကြီးဆုံးအပိုင်းပဲဖြစ်ပါ
တယ်။ အိပ်စက်ခြင်းကနေရရှိတဲ့ အကျိုးကျေးဇူးတွေက တကယ်ကိုကျန်းမာရေး
အတွက် အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းမှာဖြစ်နေတဲ့
ပြဿနာကတော့ ပြည့်ဝနှစ်ခြိုက်စွာ အနားမယူနိုင်ခြင်းပဲဖြစ်ပါတယ်။
အကျီ င်္ချွတ်အိပ်ရင် အကျိုးကျေးဇူးတွေများစွာရနိုင်တာကို သင်သိပါသလား ?

၁။ အိပ်စက်မှုဟော်မုန်းတွေ လွှတ်ပေးခြင်း

 

ဒါကတော့ အကျီ င်္ချွတ်အိပ်ခြင်းရဲ့သက်ရောက်မှုအရှိဆုံးအကျိုးကျေးဇူးပါပဲ။ အကျီ င်္ချွတ်နဲ့အိပ်တဲ့အခါ melatonin ဓာတ်တွေဟာ အလိုလိုကြွလာပါတယ်။ ဒီဟော်မုန်းက စိတ်ချရပြီး သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်အောင်ကူညီပေးပါလိမ့်မယ်။

၂။ အလွယ်ကူဆုံးနည်းလမ်းဖြစ်


ညအိပ်ဝတ်စုံမလိုတော့ဘူး။ အဝတ်လျှော်ရတာလည်း သက်သာသွားမယ်။
အိပ်ရာခင်းကိုလည်း ခဏခဏလဲနေစရာမလိုတော့ဘူး။

၃။ အရေပြားကို လေဝင်လေထွက်ပေးခြင်း


အရေပြားဆိုတာ အမြဲတမ်းအကျီ င်္အဝတ်စားတွေနဲ့ ထိတွေ့ပွတ်တိုက်နေတာမို့လို့
တစ်ခါတစ်လေ အရေပြားကို လေဝင်လေထွက်လေးလည်းပေးသင့်ပါတယ်။

၎။ အရေပြားချင်း ထိတွေ့ဆက်သွယ်


အကျီ င်္ချွတ်အိပ်ပြီး အရေပြားချင်းထိတွေ့ဆက်သွယ်ခြင်းက အကျိုးကျေးဇူးတွေ
များစွာရရှိစေပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းက လိင်စိတ်ကိုလည်းနှိုးကြွစေပါတယ်တဲ့။

၅။ နှစ်ခြိုက်စွာအိပ်စက်နိုင်ဖို့အတွက်


အေးရင်တော့ စောင်ခြုံပါ။ တကယ်လို့ရာသီဥတုက ပုံမှန်ပဲဆိုရင်တော့
အိပ်ရာပေါ်မှာ အရေပြားကိုဘယ်နမှမထိတွေ့ပဲ ဒီတိုင်းခြေပစ်လက်ပစ်
အကျီ င်္ချွတ်အိပ်ပါ။ ဒါမှသာလျှင် အကျိုးအာနိသင်ပိုကောင်းပြီး နှစ်ခြိုက်စွာအိပ်ပျော်နိုင်မှာဖြစ်ပါတယ်။

၆။ နွေရာသီအချိန်အခါ


နွေရာသီဆို အကျီ င်္တောင်ဝတ်ထားချင်တာမဟုတ်ဘူးမလား ! မနက်အိပ်ရာ
ထတဲ့အခါမှာလည်း ချွေးတွေနဲ့နိုးထရတာ လူတစ်ကိုယ်လုံးညစ်ပတ်နေသလို
ခံစားစေရပါတယ်။ ဒီလိုစိတ်ညစ်စရာတွေမရှိတော့အောင် အကျီ င်္ချွတ်အိပ်ကြည့်ပါ။

၇။ စောစောထဖြစ်အောင် နှိုးဆော်နိုင်


မနက်နိုးပြီဆို အိပ်ရာထဲမှာ သင်အကြာကြီးကိုယ်လုံးတီးနဲ့ မနေနိုင်ပါဘူး။
အကျီ င်္ချွတ်အိတ်ခြင်းက သင့်ကိုအိပ်ရာမှမြန်မြန်ထနိုင်အောင်လည်း စွမ်းဆောင်
နိုင်ပါသေးတယ်။

၈။ ကျန်းမာရေးကောင်းမွန်စေခြင်း


အကျီ င်္ချွတ်နဲ့အိပ်စက်ခြင်းက သင့်ရဲ့သွေးလှည်ပတ်မှုကို ကောင်းစေပြီး
သွေးကြောတွေကိုလည်း ပိုမိုတိုးတက်လာစေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.