အတူသရုပ်ဆောင်ဖူးတဲ့မင်းသမီးတွေထဲမှာ Krystal ကိုသဘောအကျဆုံးပါလို့ဆိုလိုက်တဲ့ ကန်မင်ဟော့

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Video Star ဆိုတဲ့အစီအစဉ်မှာ CNBlUE အဖွဲ့ဝင် ကန်မင်ဟော့ကပါဝင်ခဲ့ပါတယ်။သရုပ်ဆောင်ဖူးခဲ့တဲ့ အတွေ့အကြုံတွေကိုမေးမြန်းတဲ့အခါမှာတော့ အခု ၂၀၁၇ မှာ Marital Harmony ဆိုတဲ့သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ ဇာတ်ကားကိုမင်းသားလီဆောင်ဂီနဲ့အတူတွဲဖက်ရိုက်ကူးနေပါတယ်။“ဒီဇာတ်လမ်းပုံစံဟာသူ့အတွက်ပထမဆုံးဖြစ်တာကြောင့် အရမ်းစိတ်လှုပ်ရှားကြောက်ရွံ့ မိပါတယ်။ဒါပေမဲ့ မင်းသားလီဆောင်ဂီက သူ့ကိုသရုပ်ဆောင်ပညာတွေကိုသင်ပေးပြီး သက်တောင့်သက်သာနဲ့ဆက်ဆံပေးတဲ့အတွက်အရမ်းကိုအဆင်ပြေပါတယ်။ အဲ့ဒီအတွက်လီဆောင်ဂီကိုအရမ်းကျေးဇူးတင်ပါတယ်”လို့ပြောခဲ့ပါတယ်။

ကန်မင်ဟော့ဟာနာမည်ကျော်မင်းသမီးတွေဖြစ်ကြတဲ့ပက်ခ်ရှင်ဟေး၊မွန်ချေဝန်း၊အိုယွန်းဆူတို့အပြင် တခြားမင်းသမီးတွေနဲ့ အတူတွဲပြီးသရုပ်ဆောင်ခဲ့ဖူးပါတယ်။အဲ့ဒီမင်းသမီးတွေအားလုံးထဲမှာ ခရစ်စတယ်ကိုပိုပြီးသဘောကျပါတယ်တဲ့။ဘာလို့လဲဆိုရင် ခရစ်စတယ်ဟာ သူ့ရဲ့ ညီမလေးလိုပဲချစ်စရာကောင်းပြီး ခင်ဖို့အရမ်းကောင်းပါတယ်လို့ပြောပြခဲ့ပါတယ်။ခရစ်စတယ်နဲ့ကန်မင်ဟော့ဟာ         Heirsဇာတ်ကားထဲမှာစုံတွဲအဖြစ်သရုပ်ဆောင်ခဲ့တာပါ။မင်းသားလီမင်ဟိုနဲ့မင်းသမီးပက်ခ်ရှင်ဟေးတို့လည်း အတူပါဝင်ခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.