ယခုလအစောပိုင်းကစလို့ ပေါ်ပေါက်လာခဲ့တဲ့ ဗြိတိန်နိုင်ငံအတွင်း ဘောလုံးပွဲများ လုပ်ပွဲကစားခြင်းနဲ့ ပတ်သက် ကာ ဝေဖန်မှု၊ သုံးသပ်မှုမျိုးစုံထွက်ပေါ်လျက်ရှိနေပါတယ်။ ဒီတစ်ပတ်အတွင်းမှာလည်း စင်ကာပူအခြေစိုက်တဲ့ လုပ်ပွဲဂိုဏ်းတစ်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့ လူ(၆)ဦးကို ဖမ်းဆီးရမိထားခဲ့ပြီး အပြင်းအထန် စစ်ဆေးလျက်ရှိ နေပြီဖြစ်ပါတယ်။ ဒီပြသနာနဲ့ ပတ်သက်လို့ ဗြိတိန်ဘောလုံးလောကမှာ သြဇာတိက္ကမကြီးမားသူတစ်ဦးဖြစ်တဲ့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကနေ မှတ်ချက်ပြုလာခဲ့ပြန်ပါတယ်။ “ ဒီလုပ်ပွဲပြသနာတွေကိုအပြီးတိုင်ရှင်း ထုတ်နိုင်မလားဆိုရင် ကျွန်တော်လည်း မသေချာဘူး။ ဒါကို ဘောလုံးကစားနည်းထဲကနေ တိုက်ထုတ်ပစ်နိုင် ဖို့ဆိုတာက အားလုံး အင်အားကြီးကြီးမားမားနဲ့ တိုက်ခိုက်မှ ဖြစ်လိမ့်မယ်။ အောက်တန်းလိဂ်တွေကတော့ ပို ပြီးအန္တရာယ်ရှိတယ်။ ဘာလို့လည်းဆိုတော့ လူသိပ်မသိကြဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာတော့ လုပ်ပွဲက စားမှုတွေရှိနေတယ်လို့ ကျွန်တော်မထင်ပါဘူး။ အင်္ဂလန်ကလူတွေလည်း ပွဲကိုမဖန်တီးကြပါဘူး။ ဒါပေမယ့် ကမ္ဘာ့ရွာကြီးမှာ နေထိုင်နေရတာဖြစ်လို့ နယ်နိမိတ်စည်းမျဉ်းတွေနဲ့ တားလို့မရနိုင်ပါဘူး။ လတ်တလောဖြစ် နေတာတွေအပေါ်မှတ်ချက်ပေးရမယ်ဆိုရင် အင်္ဂလန်ဘောလုံးပြိုင်ပွဲအားလုံးဟာ ၉၉ .၉ရာခိုင်နှုန်း သန့်စင် နေပါသေးတယ်။ အခုဖြစ်သွားခဲ့တာ တစ်ခုတည်းသောကိစ္စပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်”လို့ ၀င်းဂါးက ပြောသွားခဲ့ပါတယ်။
အင်္ဂလန်ဘောလုံးပွဲတွေအားလုံး ၉၉ .၉ရာခိုင်နှုန်းအထိ စင်ကြယ်နေပါတယ်ဆိုတဲ့ အာစင်ဝင်းဂါး

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။