၁။ လီမွန်သီးနဲ့ ပျားရည်
လီမွန်သီးနဲ့ပျားရည်ကိုရောစပ်ပြီး ပေါင်းတင်ပေးမယ်ဆို သင့်ရဲ့မျက်နှာအသား
ရေကိုကြည်လင်ချောမွတ်စေပြီး ဆားဝက်ခြံတွေသက်သာစေပါတယ်။
၂။ မျက်လုံးဆွဲတံနဲ့ နှုတ်ခမ်းနီအဆီ
မျက်လုံးဆွဲတံ ဆွဲရခက်တဲ့အခါ အသုံးမပြုမီ နှုတ်ခမ်းနီအဆီနဲ့သုတ်လိမ်းပေးပါ။
၃။ roll-on ဘူးအလွတ်နဲ့ သံလွင်ဆီ
roll-on ဘူးအလွတ်ထိပ်က အလုံးလေးဟာ သင့်မျက်နှာကိုကောင်းကောင်း
နှိပ်နယ်ပေးနိုင်ပါတယ်။ မျက်နှာပေါ်သံလွင်ဆီ တစ်စက် နှစ်စက်ချပြီး
roll-on ဘူးထိပ်လေးနဲ့ ဖြည်းညှင်းစွာနှိပ်နယ်ပေးပါ။
၎။ Hand cream နဲ့ ပန်းသီးအရက်
အစိုဓာတ်ဖြည့်ပေးတဲ့ ကရင်မ်တွေလိမ်းပေးနေတာတောင် သင့်အသားရေက
ခြောက်သွေ့နေတယ်ဆိုရင် ပန်းသီးအရက်နဲ့ လက်လိမ်းကရင်မ်ကိုရောစပ်ပြီး
ခြောက်သွေ့တဲ့အသားရေနားကိုလိမ်းပေးပါ။ တစ်ပတ်အတွင်း နုနယ်ချောမွတ်ပြီး စိုပြေတဲ့အသားရေရပါလိမ့်မယ်။
၅။ ဆေးပလာစတာ
ဒေါက်မြင့်ဖိနပ်အသစ်တွေ စီးတဲ့အခါ သင့်ရဲ့ခြေဖျားထိပ်တွေ နာကျင်နိုင်တာမို့
ခြေချောင်းသုံးချောင်းမြောက်ကနေ ပလာစတာတိပ်လေး ကပ်ပေးထားပါက
ဒေါက်ဖိနပ်စီးခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်။
၆။ ဆပ်ပြာမှုန့်နဲ့ သကြား
ရေချိုးရာတွေ ဆပ်ပြာနဲ့အတူ သကြားပါအတူရောစပ်ပြီး အသုံးပြုပေးမယ်ဆို
သင့်အသားရေကို ကြည်လင်ချောမွတ်လာစေပါတယ်။
၇။ eyeliner နဲ့ မျက်ကပ်မှန် ဆေးရည်
eyeliner ဘူးတွေ ခြောက်သွေ့တဲ့အခါ မျက်ကပ်မှန် ဆေးရည်တစ်စက်
နှစ်စက်လောက်ထည့်ပြီး လှုပ်ပေးပါ။ လှုပ်ပြီးအသုံးပြုပေးရင် ဘူးအသစ်တိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
၈။ သွားတိုက်ဆေးနဲ့ နှုတ်ခမ်းသား
ပုံမှန်သွားတိုက်ဆေးက သင့်နှုတ်ခမ်းသားကိုထူလာစေပြီး ပိုပုံပေါ်စေပါတယ်။
သွားတိုက်ဆေးကို နှုတ်ခမ်းပေါ်မှာတင်ပြီး ၂မိနစ်ကြာနဲ့ ရေဆေးချပေးပါ။
၉။ လီမွန်သီးနဲ့ ခြေဖနောင့်
လီမွန်သီးက သင့်ခြေဖနောင့်ခြောက်သွေ့ခြင်းနဲ့ ကွဲခြင်းတို့ကိုသက်သာပျောက်
ကင်းစေပါတယ်။
၁ဝ။ မျက်မှန်နဲ့ ဆပ်ပြာ
ဆောင်းရာသီဆို မျက်မှန်တွေက မကြာခဏအငွေ့ရိုက်တတ်တဲ့အတွက်
ဒီကိစ္စကိုဖြေရှင်းနိုင်မယ့် နည်းလမ်းက ဆပ်ပြာအနည်းငယ်ယူပြီး သင့်မျက်မှန်ပေါ်
ထား,ထားပါ။ မိနစ်အနည်းငယ်ကြာပြီးနောက်မှာ အဝတ်နဲ့မျက်မှန်ကိုသုတ်ပေး
လိုက်ပါကာ ကြည်လင်တဲ့မှန်တစ်ခုကိုရရှိသွားမှာဖြစ်ပါတယ်။