ယောက်ျားတစ်ယောက်က ကိုယ့်ကိုချစ်နေပြီလားလို့သိနိုင်မယ့်အချက်(၁ဝ) ချက်

အချစ်ဆိုတာ ကမ္ဘာပေါ်မှာအကောင်းဆုံးခံစားချက်တစ်မျိုးပါပဲမဟုတ်လား ..ဒါပေမယ့် မကြာခဏ ထင်ရှားသိသာတဲ့အချက်တွေကို မသိလိုက်ရတဲ့လူတွေရှိပါတယ်။တစ်ယောက်နဲ့တစ်ယောက်အမြင်တွေလွဲ၊ နားလည်မှုတွေလွဲပြီး ဝေးခဲ့ရတဲ့ လူတွေလည်းရှိပါတယ်။ ကိုယ့်ကိုယောက်ျားတစ်ယောက် သဘောကျနေလား
ဆိုတာကို သတိထားမိဖူးလား ? တစ်ချို့မိန်းကလေးတွေက အရိပ်ပြ အကောင်မြင်နိုင်ပေမယ့် တစ်ချို့မိန်းကလေးတွေကြတော့လည်း ဘာဆို..ဘာမှမသိကြပါဘူး။ မသိရလို့ စိတ်ပူစရာမလိုတော့ပါဘူး။ ဖော်ပြပါအချက်လေးတွေကို သိထားရင် ယောက်ျားလေးတစ်ယောက် ကိုယ့်ကိုချည်းကပ်နေပြီလားဆိုတာသိရပြီိပေါ့။

၁။ ဘယ်သူ့ကိုမှ မကြည့်ဖူးတဲ့အကြည့်မျိုးနဲ့ သူသင့်ကိုကြည့်လိမ့်မယ်


ပုံထဲမှာ ပြထားတဲ့အတိုင်း အီမာ စတုန်းကို အန်ဒရူး ဂါဖီးလ်က ကြည့်နေသလိုမျိုး
သူသင့်ကိုကြည့်နေပြီဆို သူချစ်နေပါပြီ။ ဒါဟာသေချာတဲ့ လက္ခဏာတစ်ခုပါ။
သင် သူ့အကြည့်တွေကိုဖမ်းကြည့်သင့်တယ်နော်။

၂။ အင်စတာဂရမ်နဲ့ ဖေ့စ်ဘုတ်မှာ သူသင့်ကိုဖလိုးလုပ်ထားမယ်

သူသာ သင့်ကိုချစ်နေတာဆို အင်စတာဂရမ်နဲ့ဖေ့စ်ဘုတ်မှာ
သင်တင်တာမှန်သမျှ သူမြင်ရအောင် ဖလိုးလုပ်ထားပါလိမ့်မယ်။ ဒါကတော့
သူချစ်နေလား … မချစ်ဘူးလားဆိုတာကိုတော့ အတိကျဆုံးဖြတ်နိုင်တဲ့
နည်းလမ်းတစ်ခုတော့မဟုတ်သေးဘူး။

၃။ သင့်ကိုလစ်လျုရှုထားမှာမဟုတ်ဘူး

သင့်ရဲ့အာရုံစူးစိုက်မှုကိုရနိုင်ဖို့အတွက် သူဟာသင်သတိထားမိအောင် အမျိုးမျိုးကြိုးစားပါလိမ့်မယ်။

၎။ သင်ဘေးနားမှာရှိနေရင် သူ့အပြုအမူတွေထူးခြားနေလိမ့်မယ်


သူ့သူငယ်ချင်းတွေနဲ့အတူရှိနေတဲ့အချိန်နဲ့ …သင်ဘေးနားမှာအတူရှိနေအချိန်
သူ့အပြုအမူတွေက ကွဲပြားနေပါလိမ့်မယ်။ သင်အနားမှာရှိနေရင် သူကရှက်နေတာ
တို့၊ ပျော့ပျောင်းသွားတာတို့၊ စကားအရမ်းများလာတာတို့၊ (သို့) ဘာမှမပြောဘဲ
စိုက်ကြည့်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

၅။ သင့်ရဲ့ဖုန်းနံပါတ်ကို မကြာခင်တောင်းလာမယ်

သင့်ဖုန်းနံပါတ်ကို သူတောင်းပြီဆိုရင်တော့ သူချစ်နေတာသေချာပါပြီ။ ဒီအချက်က
တော့ မိန်းကလေးတိုင်းသတိထားမိမယ်ထင်ပါတယ်။

၆။ မင်းမှာ ချစ်သူရှိလားလို့ မေးလာမယ်


ဒါက အရေးကြီးဆုံးအချက်ပါပဲ။ ယောက်ျားတစ်ယောက်က ဒီလိုမေးခွန်းကို သင့်အား
တိုက်ရိုက်ဖြစ်စေ၊ အခြားလူဆီက တစ်ဆင့်မေးပြီဆို သင့်ကိုချစ်နေပါပြီ။

၇။ သင်နဲ့နှစ်ယောက်တည်းတွေ့ဖို့ ချိန်းမယ်


သူဟာ သင်နဲ့နှစ်ယောက်တည်းတွေ့ဖို့အတွက် ဘယ်လိုပြောရမှန်းမသိတဲ့အခါ
သင့်ကို အရိပ်အမြွက်တွေပေးတတ်ပါတယ်။ တစ်ချို့ကျတော့လည်း ပွင့်လင်းစွာ
ဒိတ်ဖို့ပြောပါတယ်။ ဒါဟာ သူ့ရဲ့အနေထားနဲ့ သူ့ပုံစံကိုလေ့လာဖို့အတွက်
အခွင့်ရေးပဲနော်.. လက်လွတ်မခံပါနဲ့။

၈။ သဝန်တိုခြင်း


သင်က အခြားကောင်လေးတစ်ယောက်အကြောင်းပြောရင် သူကအရမ်းသဝန်တို
နေပါလိမ့်မယ်။ ယောက်ျားလေးတိုင်းနဲ့ စကားနာလိုက်ထိုးတာတို့၊ အမြင်ကပ်ပြီး
သင်နဲ့ ပေးစားပစ်တာတို့ လုပ်ပါလိမ့်မယ်။

၉။ သင်နဲ့ပတ်သတ်လာရင် ကာကွယ်လိုစိတ်ရှိသူ


သင်လိုအပ်လာရင် ဂရုစိုက်ပေးဖို့အမြဲအသင့်ရှိပြီး သင်အရေးရယ် အကြောင်းရယ်
ဆို သူအဆင်သင့်ပေါ်ပေါ်လာတတ်ပါတယ်။ သူသင့်ကိုဘယ်လောက်ချစ်တယ်ဆို
တာ ဖော်ပြနေတာပါပဲ။ ဘယ်လိုခက်ခဲတဲ့ ကိစ္စမျိုးဖြစ်ပါစေ… သင့်ကို
တစ်ယောက်တည်း ရင်ဆိုင်ခိုင်းမှာမဟုတ်သလို သင့်ကိုတစ်ယောက်တည်း
ထားခဲ့မယ့်လူမဟုတ်ဘူး။

၁ဝ။ သင့်ကိုအားပေးစကားပဲ အမြဲပြောသူ


သင်က တစ်ခုခုလုပ်ချင်တယ်ဆို အားပေးအားမြောက်ပြောပေးပြီး သင်လို
အပ်တာရှိရင်လည်း ဖြည့်ဆည်းပေးဖို့အမြဲအသင့်ရှိသူဖြစ်ပါတယ်။ သင်က သူချစ်
တာကို မသိသေးသရွေ့ သူ့ဘက်ကဆက်တိုက် ဒီလိုပဲလုပ်နေမှာပါ။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.