အိမ်မှာသံချေးတက်နေတဲ့ပစ္စည်းလေးတွေရှိမယ်ဆိုရင် ပြန်ပြီးတောက်ပြောင်သွားအောင်လုပ်နိုင်တဲ့နည်းလမ်း ၄ခုကိုပြောပြချင်ပါတယ်။ဈေးလည်းသက်သာတဲ့အပြင်အလွယ်တကူလည်းလုပ်နိုင်ပါတယ်။
ပထမဆုံးနည်းလမ်းကတော့…
သံချေးတက်တဲ့ပစ္စည်းလေးတွေက သေးငယ်တဲ့ပစ္စည်းလေးတွေဖြစ်မယ်ဆိုရင် ခွက်တစ်လုံးထဲကိုစုထည့်ပါ။ပြီးရင် ရှာလကာရည်ကိုလောင်းထည့်ပြီး ၂၄ နာရီစိမ်ပေးထားရမှာပါ။နောက်တစ်နေ့မှာ သံချေးတွေကွာကျသွားတာကိုမြင်တွေ့ရပါလိမ့်မယ်။
ဒုတိယနည်းလမ်းကတော့…
သံချေးတက်နေတဲ့ပစ္စည်းတွေက ကြီးမယ်ဆိုရင်တော့ ပထမဆုံးရှာလကာရည်ကိုသံချေးတက်နေတဲ့ပစ္စည်းပေါ်လောင်းလိုက်ပါ။အပေါ်ကနေ ဆားအနည်းငယ်ဖြူးပါ။ပြီးရင်ဘရက်ရှ်နဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပြီးနာရီအနည်းငယ်လောက်ထားပါ။အားလုံးပြီးပြီဆိုရင်တော့ ရေသန့်နဲ့ဆေးချလို့ရပါပြီ။
နောက်ထပ်နည်းလမ်းလေးကတော့ ပိုပြီးလွယ်ကူပါတယ်။သံချေးတက်နေတဲ့ပစ္စည်းပေါ်ကိုဆားအနည်းငယ်ဖြူးပါ။သံပုရာသီး၊ရှောက်သီးတစ်ခုခုနဲ့ပွတ်တိုက်ပေးပါ။အဲ့ဒီအတိုင်း တစ်နာရီလောက်ထားပေးပါ။တစ်နာရီကြာပြီးရင် အ၀တ်စတစ်စကိုယူပြီးသုတ်ပါ။သုတ်ပြီးရင် နေပူထဲမှာ တစ်နာရီလောက်ထားပါ။အားလုံးပြီးသွားပြီဆိုရင်တော့ သံချေးတွေကွာကျသွားတာကိုမြင်တွေ့ရမှာပါ။
နောက်ဆုံးနည်းလမ်းကတော့ မုန့်ဖုတ်ဆိုဒါကိုသုံးပေးရမှာပါ။မုန့်ဖုတ်ဆိုဒါနဲ့ရေနဲ့ရောမွှေပြီး သံချေးတက်နေတဲ့ပစ္စည်းပေါ်ကိုလောင်းချပါ။ပြီးရင်သွားတိုက်တံအဟောင်းလေးနဲ့ဖြည်းဖြည်းချင်းပြောင်သွားတဲ့အထိတိုက်ပေးပါ။