လက်သည်းပုံစံလေးတွေကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားအကြောင်း လေ့လာကြမယ်

လူတိုင်းမှာ မတူညီတဲ့လက်သည်းပုံစံလေးတွေရှိပါတယ်။ တစ်ချို့လူတွေရဲ့လက်
သည်းက ရှည်သွယ်ပြီး တစ်ချို့ကြတော့ လုံးဝန်းတယ်။ တစ်ချို့ကြတော့ သေးပြီးကျဉ်းတယ်။ ဒါပေမယ့် ဒီလက်သည်းပုံစံလေးတွေကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တယ်ဆိုတာကို သင်သိပါသလား ?

သိပံ္ပပညာရှင် Nigerian ဟာ လက်သည်းပုံစံတွေကိုကြည့်ပြီး လူတစ်ယောက်စိတ်
နေစိတ်ထားကို လေ့လာခဲ့ပါတယ်။ မှန်သင့်သလောက်မှန်တယ်လို့ပြောရပါမယ်။ အောက်မှာဖော်ပြထားတဲ့ လက်သည်းပုံစံတွေကိုကြည့်ပြီး လူတစ်ယောက်ရဲ့စိတ်သဘောထား ဘယ်လိုရှိတယ်ဆိုတာ ကြည့်လိုက်ရအောင် !

ကျယ်ဝန်းရှည်လျားပြီး လေးထောင့်ကျတဲ့ လက်သည်း

တည်ငြိမ်တယ်။ လက်တွေ့ဆန်ပြီး အမှီခိုကင်းတဲ့လူတစ်ယောက်ဖြစ်တယ်။
သဘောထားပြည့်ဝပြီး ကိစ္စတစ်ခုဆို စဉ်းစားချင့်ချိန်ပြီိးမှလုပ်တတ်ပါတယ်။
ပြောစရာရှိလျှင်လည်း အချိန်ယူပြီးမှပြောတတ်ပါတယ်။ ဦးဆောင်သူများအဖြစ်မွေးဖွားလာတယ်ဆိုလည်း မမှားပါဘူး။

သေးငယ်တဲ့ လေးထောင့်လက်သည်းပုံစံ

တက်ကြွတယ်။ လိုက်လျောညီထွေရှိအောင်နေထိုင်တတ်တယ်။ လူတွေနဲ့
ရင်းနှီးလွယ်တယ်။ သူမကြိုက်တဲ့ကိစ္စတွေဆို ပွင့်လင်းစွာပြောဆိုတတ်ပြီး
စိတ်လည်းဆက်ကာ မနာလိုစိတ်များပါတယ်။

ရှည်ပြီး ကျဉ်းမြောင်းတဲ့လက်သည်း

တစ်ကိုယ်ကောင်းဆန်ပြီး လူတွေနဲ့ဆက်ဆံပေါင်းသင်းရာမှာ တွက်ချက်ပြီးတော့မှ
ပေါင်းသင်းပါတယ်။ သူတို့က စည်းစိမ်ခံစားရတာနှစ်သက်ပြီး အခြားလူတွေရဲ့
အာရုံစိုက်မှုကို လိုချင်ပါတယ်။ သူတို့ဟာ အငြိုးလည်းထားတတ်ပါတယ်။

လက်သည်းပုလေး

စိတ်တိုလွယ်ပြီး စိတ်မရှည်ပါ။ ဒါပေမယ့် သူတို့က ဟာသဥာဏ်တော့ရွှင်ပါတယ်။
အခြားလူတွေဆီကနေ အလကားနေရင်းအကူညီလိုက်တောင်းနေတတ်ပါတယ်။
သူတို့လိုချင်တာရှိပြီဆို မရရအောင်ကြိုးစားပြီး အခြားဘယ်အရာကိုမှဂရုမစိုက်တတ်
ပါဘူး။

မက်မွန်ပုံစံ လက်သည်း

နူးညံပြီး စာနာစိတ်ရှိသူဖြစ်ပါတယ်။ ရိုမန်တစ်ဆန်ပြီး သူများထက်အမြင်ကျယ်ပါ
တယ်။ အခြားလူတွေအတွက် သူတို့ဟာ အသုံးမဝင်ဘူးလို့ တစ်ခါတစ်လေ
ခံစားရတတ်ပါတယ်။ သူတို့ဟာ သိပ်ကိုထိခိုက်ခံစားလွယ်တဲ့အတွက် စိတ်ထိခိုက်
စရာစကားများဆို ဆင်ခြင်ပြီးပြောသင့်ပါတယ်။

တြိဂံပုံ လက်သည်း


နူးညံ့ပြီး အနုပညာဆန်တဲ့ လူမျိုးတွေဖြစ်ပါတယ်။ စိတ်ပြောင်းလဲလွယ်ပြီး စိတ်အ
နှောင့်ယှက်ဖြစ်စေတဲ့ ကိစ္စတွေကြောင့် ခေါင်းရှုပ်ရတတ်ပါတယ်။ သူတို့ဟာ
အောင်မြင်ကျော်ကြားမှုကို အလိုရှိပြီး ဆုံးရှုံးရမှာကိုကြောက်ရွံ့သူများဖြစ်ပါတယ်။

252 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.